ကျမ ရွှေရင်ဖိုခဲ့ရသော ညတစ်ည (ပ)steemCreated with Sketch.

in #myanmar7 years ago

ထွန်းသစ်စလရောင်နဲ့အတူ ကောင်းကင်ယံမှကြယ်ကလေးတွေစုံလင်စွာဖြင့် တောက်ပနေကြသည်။တိတ်ဆိပ်နေသော ညဦးယံနှင့်အတူ ပုဇဉ်းရင်ကွဲလေးများ ဖားလေးများဟာ မိုးဥတု၏
တေးသံသာများအဖြစ် တွန်ကြူးနေကြည်။
အနောက်တောင်ဘက်မှ တိုက်ခတ်လာတဲ့ လေပြည်ညှင်းလေးနဲ့အတူ ခြံထဲမှာစိုက်ထားသော ညမွှေးပန်း စံပါယ်ပန်းရနံ့လေးများကလည်း နှာခေါင်းဝမှာကွန့်မြူးကျီစယ်နေကြသည်။
ဒီညအဖို့ကောင်းကင်ယံမှာကြယ်လစုံလင်စွာထွက်ပေါ်နေတဲ့အတွက်မိုးတော့ရွာလိမ့်မည်ဟုမထင်တော့ပါ။မနက်ဖြန်မနက်ဆိုလျင် ကျမလိုတက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ကျောင်းသူ/သားတွေအတွက် မင်္ဂလာရှိတဲ့နေ့ရက်လေးရောက်လာမှာမို့ရာသီဥတုသာယာပေးတာဟု ကိုယ့်အတွေးနှင့်ကိုကြည်နူးနေမိပါသည်။
image
မိမိကြိုးစားခဲ့သမျှလေးအရာထင်ခဲ့ပါကများမကြာမှီတောက်ပလာမည့်အနာဂတ်တစ်ခုကိုစိတ်တိုင်းကြခြယ်သခွင့်ရမည့်အတွေးလေးဖြင့်ကျမပျော်နေမိပါသည်။ကိုကိုယ်တိုင်လဲအချိန်များစွာအကျိုးရှိရှိအသုံးချခဲ့တာဖြစ်လို့ ကိုယ့်ရဲ့ကြိုးစားမှု့ရလတ်ကိုဘယ်လိုပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့အတွက် ရှည်လျားလှတဲ့ဒီတစ်ညတာကိုအံတုရင်းမိုးသောက်ယံကိုသာမြန်မြန်ရောက်ချင်နေမိပါတော့သည်။
မူလရေးသားသူ @jesminpoe
image

Sort:  

စိတ်ကူးလေးက ကောင်းပါတယ် စာက အရမ်းတိုလွန်းနေတယ်။ ဆောင်းပါး သရုပ်ပီပြင်အောင် အနှစ်သာရပေါ်လွင်အောင်ရေးစေချင်ပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
SBD 2.28