မိဘမေတ္တာ

in #myanmar6 years ago

မနက်ဖြန်ဆယ်တန်းအောင်စာရင်းထွက်မယ်ဆိုတော့ ကိုယ်လိုသူလို မိဘတို့ ရဲ့မေတ္တာကို ကိုယ်ချင်းစာနားလည်ပေးမိပြီး B Pyae ဖြေတုန်းက မနှစ်ကအချိန်ကို သတိရလာပါတယ် ။

ကျမကိုးကွယ်တာ ထေရဝါဒဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ကျမတို့ မိသားစုဆွေမျိုးများအားလုံးဟာ ဘုရားမှတပါး အခြား နတ် ဗေဒင်စတဲ့ အစွဲအယူများကို မကိုးကွယ်ခဲ့ပါ ။

ကျမပြောချင်တာ မိဘမေတ္တာပါ ။ ဒီလိုဘုရားကို ကိုးကွယ်လာခဲ့သော်လည်း ကျမသမီးအကြီးမ ဆယ်တန်းတုန်းက မလုပ်ခဲ့ရသောအလုပ်များကို B Pyae ကျမှလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးက စပြောချင်တာပါ ။

FB_IMG_1527845605481.jpg

ဆယ်တန်းဖြေခါနီး B Pyae ကို တနင်္ဂနွေဖုန်းဆက်ရက်ဆိုတော့ အဆောင်မှာသမီးလေး ဘာတွေလိုလဲ စာတွေရောရပြီလား စသည်ဖြင့် ဖုန်းပြောအားပေးတော့ သူက ရှိုက်ကြီးတငင်နဲ့ငိုပါတော့တယ် ။

သူ့ အကျင့်ကို သိတဲ့ကျမက ဘာလို့ လဲခနခနမမေးတော့ဘဲ အဆောင်ကျောင်းအုပ်ဆီသွားပြောပြီး ခေါ်မေးခိုင်းတော့တာပေါ့ ။ သူငိုတိုင်းဘာလို့ လဲမေးရင် ဘယ်သောအခါမှမဖြေ ။ သူကြောက်ရသူလို့  သူ့ စိတ်ထဲထားတဲ့သူတဦးဦးမေးမှသာ သူဖြေတတ်တော့ ကျောင်းအုပ်မေးတာကို သူဖြေပါတယ် ။

" စာမေးပွဲက ၅ရက်ထဲလိုတော့လို့  သူ့ အခန်းဖော်နဲ့တခြားသူ့ သူငယ်ချင်းတွေက အဆောင်ပန်းတွေ ယတြာတွေနဲ့ ဘယ်နေ့ မှာ ဘယ်ဘက်ကိုမျက်နှာမူထွက်စတဲ့ စာရွက်ကလေးတွေပေးကြတယ် ။ ရွှေသိမ်တော်မှာ ကန်တော့ပွဲတွေထိုးပြီး ဆုတောင်းကြတယ် ။ သူ့ ကို အိမ်က အဲဒီလိုမလုပ်ပေးလို့  သူငိုတာပါ " ဆိုပြီး သိခဲ့ရပါတယ် ။

FB_IMG_1527846054861.jpg

ပထမ B Pyae ကို ကျမက ဘာမှမဆိုင်ဘူး ကိုယ်စာရမှ ဖြေနိုင်မှာပါလို့  နှစ်သိမ့်ပေမယ့် မရ ။ ဒါနဲ့ တော်ကြာ ငါ့သမီးလေး စိတ်ခုနေပါ့မယ်ဆိုပြီး ဗေဒင်မေး ယတြာချေ ရွှေသိမ်တော်ကို သမီးပြောသလို ဘုမသိဘမသိနဲ့ ကန်တော့ပွဲဝယ်ပြီး ကျမစာမေးပွဲဖြေနိုင်ပြီး အောင်ပါစေလို့  ဆုတောင်းရတော့တာ ။

ဗုဒ္ဓဟူးတွေ့ရက်ကျ သူပြောသလို စာရွက်ထဲမှာ ဗေဒင်ဆရာပြောသမျှ ရေးမှတ်ပြီး သူ့ ကိုပေးတော့ ပျော်နေတယ် ။ စာမေးပွဲစဖြေတော့ အဆောင်အပြင်ကနေ သူတို့ ကျောင်းကားအထွက် ကျမတို့ မိဘတွေက နှုတ်ဆက်ကြရင်း သူတို့ ဖြေပြီးပြန်အလာထိ ထိုင်စောင့်ရင်း မေးကြမြန်းကြလုပ်ကြပါတယ် ။ B Pyae က စာမေးပွဲဖြေပြီးပြန်လာတော့ ကျမကို မာမီ အနောက်ဖက်ကြည့်ပြီး စကားမပြောနဲ့လို့ တားတော့ ကျမရီလိုက်ရတာ ။

ဗေဒင်ဆရာစကားအတိုင်း သူနားထောင်ပြီး လုပ်နေတာဆိုတော့ ကျမလဲ အလိုက်သင့်နေပေးပြီး စကားပြောအားပေးပြီး အိမ်ပြန်လာခဲ့ရတယ် ။ နောက်ရက်တွေလည်း အတူတူပါဘဲ ဗေဒင်ဆရာဝတ်ခိုင်းတဲ့အရောင်နဲ့ ဆောင်ခိုင်းတဲ့ပန်းတွေရှာပြီး သူ့ ကိုစာမေးပွဲဖြေပြန်အလာ ကြိုခဲ့ရတာပါ ။

FB_IMG_1527845580508.jpg

all photos credit to facebook

မိဘတွေဟာ ကိုယ်မလုပ်တဲ့အရာ ကိုယ်နဲ့မဆိုင်တဲ့အယူကိုတောင် သားသမီးအတွက် သားသမီးစိတ်ချမ်းသာမှုကိုကြည့်ပြီး မိဘမေတ္တာအပြည့် ပေးကြတယ်ဆိုတာ သားသမီးတွေကို နားလည်စေချင်တာပါ ။

@အယ်းမီး ( author )

Sort:  

You got a 2.43% upvote from @upme thanks to @ionlysay! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

အန်တီ သားသားကျ ဘာတွေ လုပ်ပေးအုံးမယ် သိချင်မိတယ် bpyae လေး ကံကောင်းချက်😍

နားမလည်ပါးလည်ဝင်ရှုတ်တဲ့အထဲမျာ ချိတက်လည်းပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54483.11
ETH 2297.01
USDT 1.00
SBD 2.28