တုပ်ကွေးတဲ့လား (Seasonal influenza )
ရာသီတုပ်ကွေးသည် ဗိုင်းရပ်ရောဂါပိုး
တစ်မျိုးကြောင့်ဖြစ်သည်။(Seasonal influenza ) တုပ်ကွေးအကြောင်းပိုစ့်တင်ဖို့
စာရေးနေစဉ် တုပ်ကွေးထဖြစ်ပါလေတော့သည်။
ဒူးခေါင်းနှစ်ဖက်စလုံး ကွေးဆန့်သည့်အခါ
ဒူးများက အင်မတန်နာကြင်လေသည်။
အိမ်သာတက်ရမှာ အလွန်ကြောက်မိသည်။
ခုံပေါ် ထိုင်ထ လုပ်ရတာပင် ဒူးများက
နာကြင်မှုဖြစ်သည်။ လက်မောင်းနှင့် ပုခုံးနေရာ
သည်လည်း အလွန်နာကြင်သည်။ လက်ထောက်
သည့်အခါများမှာ ပုခုံးရှိအရိုးများက နာကြင်ပြန်
ပါသည်။ အတော်ဆိုးသည့် တုပ်ကွေးရောဂါပါ။
ဆေးနှစ်လုံးထိုး သောက်ဆေးသုံးရက်သောက်
ပြီသည့်အချိန်မှာ အနည်းငယ်သက်သာခဲ့သည်။
လူက အားကုန်သလို တုန်တုန်ရင်ရင်ရှိသေးသည်။
ဆန်ပြုတ်နှင့် နှစ်ပါးသွားနေရသည်။ရောဂါဖြစ်ပြီဆိုမှ ဘာရောဂါမှမကောင်းပါ။ အမေ့ကို တုပ်ကွေး
ကူးမှာလည်း စိုးရိမ်မိသည်။ မိမိတို့က ဆေးခန်း
သို့အလွယ်တကူပြသနိုင်သည်။ လေဖြတ်နေသည့်
အမေ့အား တုပ်ကွေးကူးလျှင် အတော်ဆိုးပေမည်။
အအေးမိရောဂါဖြစ်ပွားစေသာ ဗိုင်းရပ်ရောဂါပိုး
သည် လူနာ၏ ကိုယ်ခံအားနှင့် အခြားအခြေအနေများပေါ် မူတည်၍ ပုံစံအမျိုးမျိုးပြောင်းလဲကာ
လှည့်စားတတ်သဖြင့် နှိမ်နင်းတိုက်ဖျက်ရန်
ဆေးသိပ္ပံပညာရှင်များ အခက်ကြုံရလောက်
သည်အထိ ဖြစ်ခဲ့သည်။
ရာသီတုပ်ကွေးဖြစ်ပါက နှစ်ရက် သုံးရက်နှင့်
မပျောက်ပဲ တစ်ပတ် ၁၀ရက်အထိ ကြာရှည်နေ
ပါက ထိုရောဂါပိုးသည် လူနာနှင့် ဆရာဝန်များ
အတွက် စိတ်အနှောက်အယှက်ပေးသည့်
ရောဂါဟု သတ်မှတ်ကြသည်။ အအေးမိရောဂါပိုးသည် ပုံစံပြောင်းလဲကာ ဆေးကိုရှောင်ရှားရင်း
လူ၏ ကိုယ်ခံအားစနစ်က မမြင်မတွေ့နိုင်အောင်
ပုန်းရှောင်တတ်သည်။
ထိုပုန်းရှောင်နေသော ရောဂါပိုးကို အမိဖမ်းကာ
တိုက်ဖျက်မည့် ကုထုံးပေါ်ပေါက်လာပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယား
တက္ကသိုလ်နှင့် စတန်ဖို့ဒ်တက္ကသိုလ်မှ ဆေးသိပ္ပံ
ပညာရှင်များသည် အအေးမိဗိုင်းရပ်စ်ရောဂါပိုးကို
တိုက်ဖျက်နိုင်သည့် လမ်းစကိုတွေ့ရှိခဲ့ကြသည်။
အနာရောဂါ ကင်းခြင်းသည် အကြီးဆုံးလာဘ်
ဖြစ်၏။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်ဆုံး ဥစ္စာဖြစ်၏။ အကျွမ်းတဝင် ချစ်ခင်သောသူသည်
အကောင်းဆုံး ဆွေမျိုးဖြစ်၏။ နိဗ္ဗာန်သည်
အမြတ်ဆုံး ချမ်းသာဖြစ်၏။ (ဓမ္မပဒ)
@htwegyi
Image credit
MSC.036
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
အာဟာရပြည့်ဝစား အနားယူ ဂရုစိုက်ပါ
Posted using Partiko Android
ဟုတ်ကဲ့ပါ ကိုဟိန်းရေ
ဆင်နင်းခံလိုက်ရသလား ဘထွေး
မပြောပါနဲ့အေ ကော့နေတာပဲ