နောက်သို့ လှည့်မကြည့်စတမ်းပေါ့
ကျွန်တော်ရဲ့ ငယ်ဘဝအကြောင်းလေး
ဆက်ရေးပြပါအုံးမည်။ ငထွေးသည်
မနက်ခုနစ်နာရီခွဲအချိန်တွင် လက်မှ ရေနွေးအိုး တဖက် တစ်အိုးဆွဲ၍ ဘူတာကြီးရှိရာသို့
ရေနွေးရောင်းသွားခဲ့သည်။ တစ်ခါတစ်ရံ
7နာရီ အိမ်မှစောမှထွက်လျှင် ရန်ကုန်စာပို့
ရထားကိုမှီသည်။
မနက်7 နာရီခွဲထွက်သည့် ရန်ကုန်စာပို့ရထား
သည် ရေနွေးအလွန်ရောင်းကောင်းသည်။
အိမ်မှ သယ်လာသော ရေနွေးနှစ်အိုးသည်
အဆိုပါရထားကို မှီလျှင် ပြိုက်ကနဲကုန်သွား
သည်။ ရေနွေးတစ်အိုး ပြား50 နှစ်အိုးကုန်လျှင်
တစ်ကျပ်ရသည်။
ရေနွေးကုန်လျှင် အိမ်သို့တစ်ခေါက်ပြန်ယူသည်။
2 ခေါက် 3 ခေါက်လောက်ရောင်းပြီလျှင်
ထမင်းစား ခဏနားသည်။ နေ့ခင်း 1 နာရီခန့်မှ
ရေနွေးရောင်း ပြန်စသည်။ နေ့ခင်းအချိန်များသည်
ရေနွေးရောင်း မကောင်းလှပေ။ နေ့ခင်းထွက်သည့်
မြစ်ကြီးနားရထားများက ရေနွေးမသောက်ကြပေ။
ရေခဲရေသာ အသောက်များကြသည်။
ညနေ 6 နာရီနှင့် 8 နာရီထွက်သည် ရန်ကုန်အမြန်ရထားများသည် ရေနွေးရောင်းကောင်းပြန်သည်။
ရေနွေးရောင်းပြီးအိမ်ပြန်ချိန်သည် ညမှောင်ချိန်
ဖြစ်ခဲ့သည်။ အိမ်ပြန်ရာမှာ အဖွဲ့နှင့်ပြန်ပါက
ပြဿနာမရှိသော်လည်း တစ်ယောက်ထဲပြန်သည့်အခါ ပြဿနာရှိလေသည်။ အိမ်နှင့် ဘူတာကြား
တွင် လမ်းဗိုလ်ကြီးရုံးနှင့် တွဲပြင်ရုံရှိသည်။
ထိုရုံးနှစ်ခုသည် ရထားလမ်း၏တဖက်တချက်တွင်တည်ရှိသည်။ အဆိုပါရုံးများသည် အရိပ်အာဝါသကောင်းသည့် သစ်ပင်ကြီးများပေါက်ရောက်နေ
သည်။ နေ့ခင်းနေ့လည်များတွင် ထိုရုံးနှစ်ခုကြား ရထားလမ်းတလျှောက်ရှိ လူသွားလမ်းကလေးမှာ အလွန်သာယာလှသည်။ သို့သော် ညအချိန်ရောက်
သည့်အခါမှာတော့ စိတ်ချောက်ခြားစရာ အလွန်ကောင်းသည်။
ညအမှောင်မှာ အဖော်မပါဘဲတယောက်တည်း
ဘူတာမှ အိမ်ပြန်သည့်အခါ အဆိုပါ လမ်းကလေးသည် နေ့ခင်းအချိန်ကလောက် မသာယာတော့ပါ။
လေတိုးသံကြောင့် တရှဲရှဲမြည်နေသော ညောင်ရွက်
ပွတ်တိုက်သံများက ကြောက်စရာ ထိတ်လန့်စရာ
ကောင်းပေသည်။ လေတိုက်၍ သစ်ကိုင်းများ
ယိမ်းထိုးလှုပ်ရှားမှုက မကောင်းဆိုးဝါးကြီးများ၏
ခေါ်ငင်နေသလို စိတ်မှာဖြစ်ပေါ်စေသည်။
ထို့ကြောင့် ငထွေးသည် ခြေထောက်မှ ဖိနပ်ကို
လက်မှာစွပ်ပြီး ရသည့်ဘုရားစာကို အော်ဟစ်ကာ
အိမ်ရှိရာသို့ အားသွန်ပြေး၍ ပြန်လာရဖူးပါသည်။
နောက်သို့ လှည့်မကြည့်စတမ်းပေါ့ ငထွေး။
ထိုသို့ ပြန်လာခဲ့ရသည့် အကြိမ်များစွာကို
အမှတ်တရဖြစ်မိ၍ ဤပိုစ့်လေးအားရေးမိ
ပါသည်။
@htwegyi
MSC.036
ဘကုံးဘ ဝလုံးဝ ဘာလဲဘဝ
Fighting ဗျာ
ဖိုက်တင်းပါ ကိုဟိန်း