သွေးကြီးသွားသော မန္တလေး
သီတင်းကျွတ်လပြည့်နေ့နှင့် အခါကြီး ရက်ကြီး
နေ့များတွင် မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ
မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ စစ်ကိုင်း
တောင်၊ ကောင်းမှုတော်၊ ရန်ကင်းတောင်၊
ဦးပိန်တံတားနှင့် ပြင်ဦးလွင်အရပ်များတွင် တိုးမ
ပေါက်အောင် စည်ကားလှသည်။ ထို့အပြင်
အခြားမြို့ရွာများသို့လည်း ဘုရားဖူးခရီးထွက်
ကြသည်။ အဆိုပါ နေ့ကြီးရက်မြတ်များတွင်
နေ့လည် နေ့ခင်းများ၌ မန္တလေးမြို့၏လမ်းမ
များသည် ယာဉ်အသွားအလာ နည်းပါး၍
တိတ်ဆိတ်ခြောက်သွေ့နေတတ်သည်။
ငယ်စဉ်အရွယ်အချိန်မှာတော့ ထို့နေ့ ထိုရက်များတွင်တရုတ်စက်ဘီးတစ်စီးဖြင့် မန္တလေးမြို့ကို
ဘီးခြေရာထပ်ခဲ့သည်။ သူငယ်ချင်းတစ်စု
စက်ဘီး သုံးလေးစီးဖြင့် အမရပူရတောင်သမန်အင်း၊
စစ်ကိုင်းထိ စက်ဘီးလိမ့်ခဲ့ကြသည်။ ငယ်ရွယ်
သူများမို့ မောပန်းရမှန်းမသိခဲ့ပါ။ ဝါတွင်းကာလ
ဥပုသ်နေ့တိုင်း မန္တလေးနန်းတော်ရှေ့ ရေနီမြောင်း
ဘေး ရေစစ်ကန်အနီးရှိ ဓမ္မစကြ်ာရိပ်သာသို့လည်း
အပတ်စဉ်နီးပါး စက်ဘီးဖြင့်ရောက်ရှိသည်။
ရေနီမြောင်းရိပ်သာသို့ စက်ဘီးစီးသွားစဉ် ရေနီ
မြောင်းအတိုင်းလမ်းကလေးမှလည်းကောင်း၊
၂၆ဘီလမ်း တန်းတန်းမှလည်းကောင်းသွားလေ့ရှိ
သည်။ ရေနီမြောင်းလမ်းကလေးအတိုင်းသွားသည့်
အခါတွင် လမ်းတလျှောက်သစ်ပင်ကြီးများအုပ်ဆိုင်း
နေသည်။ငှက်မျိုးစုံတို့၏အသံများကိုနားထောင်ရင်း
စက်ဘီးနင်းရသည်မှာကြည်နူးစရာကောင်းလှသည်
တခါတရံ ရှဥ့်လေးများက စက်ဘီးရှေ့ကဖြတ်
ပြေးကြသည်။ ဝင်းခြံကြီးများဖြစ်၍ တိတ်ဆိတ်ကာ
ရေနီမြောင်းတလျှောက်အေးချမ်းလှသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်၍ မန္တလေး
တောင်ပေါ်သို့ ဆိုင်ကယ်စီးတက်ခဲ့သည်။ ကိုယ်တိုင်စီးတာ ဟုတ်ပါဘူး။ တူ တူမတွေနောက်က ကပ်ပြီးစီးလိုက်တာ။ လပြည့်ကဲ့သို့ နေ့များတွင် လူစည်ကား၍ အပြင်ထွက်မလည်ခဲ့သည်မှာ နှစ်အတော်
ကြာခဲ့ပြီဖြစ်ပါသည်။ ဆိုင်ကယ်နောက်ထိုင်ရင်း ဘုရားတ စီးခဲ့ရသည်။ စည်ကားလိုက်သည့်
ကျောက်တော်ကြီးသီတင်းကျွတ်လပြည့်နေ့ဘုရားပွဲ ကားတွေ၊ ဆိုင်ကယ်တွေ မနည်းတိုးဖြတ်ပြီး
မန္တလေးတောင်ပေါ်တက်ခဲ့ကြသည်။တောင်ပေါ်လမ်းတက်စဉ်တိုးရစ်စုံတွဲက ဒီတီနဲ့ ကိုယ့်ရှေ့က
ကျော်ဖြတ်မောင်းသွားကြသည်။
တောင်ပေါ်ကားရပ်နားစခန်းမှာ ဆိုင်ကယ်အပ်ပြီး
စက်လှေခါးဖြင့် မန္တလေးတောင်ရင်ပြင်တော်ပေါ်သို့တက်ခဲ့သည်။ လား...လား..နည်းသည့်ပရိသတ်
မဟုတ်ဘူး။ ဆီမီးခွက်များကို ပုံစံဖော်၍
ရင်ပြင်တော်အပြည့် ကိုယ့်အုပ်စု ကိုယ့်အဖွဲ့ဖြင့်
ချစီနေကြသည်။ လူငယ်တွေပျော်ရွှင်တက်ကြွနေတာမြင်တော့ ကိုယ်ပင်စိတ်ပျော်မိသည်။
ဆီမီးထွန်းသူများသည် အဖွဲ့အသင်းမျိုးစုံလှသည်။
ရပ်ကွက်အလိုက်ယောဂီအသင်းများ၊ ပရဟိတ
လူငယ်အသင်းများ၊ ကြက်ခြေနီအသင်းများ၏
ဆီမီးခွက်များဖြင့် ရင်ပြင်တော်ပေါ် မှာမြိုင်ဆိုင်
နေသည်။
နိုင်ငံခြားသားများကလည်း ကင်မရာတဖျတ်ဖျတ်
ဖြင့် မန္တလေးတောင်နေဝင်ဆည်းဆာအလှကို
မှတ်တမ်းတင်လိုက်၊ဆီမီးပူဇော်သူအဖွဲ့များကို
ဓာတ်ပုံရိုက်လိုက်ဖြင့်အလုပ်ရှုပ်နေကြသညိ။ဆီမီးများကိုည ၇နာရီမှစတင်ပူဇော်မည်ဖြစ်သည်။
ကျွန်တော်တို့က ၅နာရီအိမ်က ထွက်လာသဖြင့်
တူမဖြစ်သူကဗိုက်ဆာသည်ပြော၍ ဆီမီးထွန်း
အောင်မစောင့်တော့ပဲ တောင်အောက်ပြန်ဆင်းခဲ့
သည်။တောင်ဆင်းလမ်းမှဆင်းခဲ့ရာ တောင်ခြေလမ်းကိုပိတ်ထား၍ ကုသိုလ်တော်ဘုရားမှပတ်ပြန်ရ
သည်။
၆၂လမ်းမှ ပတ်ကာ နန်းရှေ့ဈေးလမ်း ၁၉လမ်းမှ
ပြန်ခဲ့သည်။ ယခင် ၁၉လမ်းသည် နန်းရှေ့ဈေး
မရောက်မီ အိမ်ကြီးခြံဝင်းကြီးများ၊ ဘုန်းကြီး
ကျောင်းများဖြင့် တိတ်ဆိတ်နေသည့်နေရာဖြစ်သည်
ယခုအခါ ဈေးဆိုင်ခန်းများဖြင့်စည်ကား၍ နေတော့သည်။အပြန် ၂၆လမ်း ၆၆လမ်းကျုံးဒေါင့်မှာ
ဆိုင်ကယ်များရပ်ကာ မန္တလေးတောင် ညရှုခင်းကို
အဝေးမှ ဓာတ်ပုံလှမ်းရိုက်ကြသည်။
ထိုနောက် မန္တလေးမြို့တော်စည်ပင်သာယာရေးရုံး ရှေ့ရောက်သောအခါ အလှဆင် LED မီးလုံးများကို
တွေ့ပြန်တော့ ဓာတ်ပုံထပ်မံရိုက်ကြပြန်သည်။
မီးများကို သစ်ပင်များတွင် စိမ်း နီ ဝါရောင်စုံထွန်း
ပေးထားသည်။ စပရိန်ပုံစံ မီးကွင်းကြီးအတွင်း
လူငယ်မောင်မယ်များက အပြိုင်မှတ်တမ်းတင်နေကြ
သည်။ လူကြီး လူငယ် မိသားစုများကလည်း အပြိုင်အဆိုင် ဖုန်းများဖြင့် မှတ်တမ်းတင်နေကြသည်။
အိမ်နှင့် ရုံး၊ ရုံးနှင့်အိမ် အပြန်အလှန်အချိန်ကုန်
နေရင်းဖြင့် မန္တလေးမြို့ကြီး နေ့ချင်းညချင်း
သွေးကြီးသွားတာ ကျွန်တော် မသိလိုက်ရပါလား.....
သီတင်းကျွတ်ညမှာ မီးရောင်စုံများဖြင့်
လှပနေသည့် မန္တလေးမြို့ကြီးရယ်လေ..သွေးကြီးနေလိုက်တာများ ကျွန်တော့်ကိုမသိချင်ယောင်ကို
ဆောင်လို့ပေါ့ဗျာ...။
လာတောင် လည် ချင်လာပြီဗျာ။
Posted using Partiko Android
ဟုတ်ကဲ့ ဘယ်မြို့ကလဲဗျ
ရန်ကုန် ကပါ ခင်ဗျာ 😊
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
စစ်ကိုင်း လာခဲ့တာဟုတ်ဘူး
အေဟေ့ မန္တလေး တောင်သူများနဲ့ကပ်လိုက်ပါတယ်ဆိုမှ
မမနဲ့ လာပါအုံးမယ်ဗျာ
သွေးကြီးတာ သွေးသေးတာထက်တော့ ကောင်းတာပဲ ကိုထွေးကြီးရ အခုလိုမြင်ကွင်းကို တွေ့ရတာက အလွန်ဝမ်းသာစရာမြင်ကွင်းလို့ယူဆပါတယ်ဗျာ ဘာသာတရားကို ပြန်လည်အလေးထားဆောင်ရွက်လာမှုနဲ့ လူငယ်တွေကလမ်းကြောင်းမှန်လျှောက်နိုင်မယ်လို့လည်း ထင်ပါတယ်ဗျို့
ဟုတ်တယ် ကိုစိုးရေ
မင်္ဂလာအချိန်အခါကျရောက်လာပြီထင်ပါရဲ့
မင်္ဂလာသတင်း နားစွန့်နေကြတာပ
ကျနော့်ကိုလည်း မသိချင်ယောင် ဆောင်သွားတယ်😊
Posted using Partiko Android
မသိချင်ယောင်ဆောင်မနေနဲ့
😁
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
အောင်ကျော်ချမ်းအေး မန္တလေး။ သတင်းတွေထဲမှာ ပါသလောက်တော့ မဆိုးလှဘူး ထင်တာပဲ။ လုံခြုံရေးကိုပြောတာပါ။
အဲ့လပြည့်နေ့ ကိုယ်တွေ အိမ်ပြန်စောလို့ဗျို့
နိုင်ငံခြားစတိုင် ဆိုင်ကယ်တွေနဲ့ လူငယ်တွေအုပ်စု ရန်ဖြစ်သတဲ့
မီးထွန်းထားတာအလှဆင်မီးလုံးတွေနဲ့လှပပါတယ်...အလုပ်နှင့်အိမ်ပုံမှန်ဖြစ်နေတော့တိုးတက်ပြောင်းလဲနေတာခုမှသိရတာပေါ့....
Posted using Partiko Android
ဟ ကိုယ်လို အဖော်ရှိသဟေ့ 😁
ရောင်စုံမီးများကြား သွေးကြီးနေသော မန်းလေးသားကြီး ဦးထွေးလားဗျ
Posted using Partiko Android
ဟုတ်ပါတယ် ကိုဟိန်းရေ သီတင်ွးကျွတ်အခါသမယ
မင်္ဂလာညချမ်းအချိန်အခါမှာပေါ့ဗျာ 😁
ပုံတွေက အလန်းတွေ မိုက်တယ်
ဒါတောင် မော်ဒန်မပါလို့
လက်ကုန်မသုံးရဘူး 😁