လောဘသားကောင်တွေ ဘယ်လောက်များလဲ
ကျွန်တော် မိတ်ဆွေ ဇနီးမောင်နှံတွင် သမီးနှစ်
ယောက်၊ သားလေးတစ်ယောက်ရှိသည်။
သူတို့နှစ်ဦးလုံး အစိုးရဝန်ထမ်းများဖြစ်သည်။
အစိုးရဝန်ထမ်းဆိုသော်လည်း မိတ်ဆွေက
လုပ်ငန်း လုပ်ရင် လုပ်ရသလောက် ဘေးပေါက်
ဝင်ငွေရသည်။ အစိုးရအလုပ်ဆိုပါသော်လည်း
ကျစ်လစ်စွာသုံးစွဲစုဆောင်ပါလျှင် ချမ်းချမ်းသာသာ
နေနိုင်ကြသည်။
ထို့ကြောင့်သူတို့ ဇနီးမောင်နှံ အား အခွင့်အရေးရ
တုန်း စုဆောင်းဖို့ ကိုယ်က ဆရာကြီးလုပ်ပြီးပြော
မိသည်။ ကျွန်တော်ပြောသည့်အချိန်က သူတို့
သားငယ်လေးသည် ၅နှစ်သားအရွယ်သာရှိသေး
သည်။ သမီးနှစ်ယောက်က ၈တန်းနှင့် ၆တန်း
ရောက်ရှိနေသည်။ ရရှိသည့်ဝင်ငွေကို အားမရ
တာလား၊ အဖော်ကောင်းလို့ ကျောက်ပန်းတောင်း
သွားကြတာလာမသိပါ။ ဇနီးမောင်နှံ နှစ်ဦး တက်ညီ
လက်ညီဖြင့် လောင်းကစားပြုလုပ်ကြသည်။
ကျွန်တော် က မိတ်ဆွေဇနီးအား နှစ်လုံးမထိုးပဲ
နှစ်လုံးထိုးသည့်ငွေကို ဘဏ်မှာစုထားရန်ပြော
သည်။ အငယ်ကောင်က အခု သူငယ်တန်း
တက်နေသည်။ နှစ်လုံးထိုးမည့်ငွေကို တစ်လ
ငါးသောင်းနှုန်းဖြင့် ဘဏ်သို့ စုဆောင်းရန်ပြော
ပါသည်။ သူတို့ ဇနီးမောင်နှံ၏ လောင်းကစား
ထိုးကြေးငွေမှာ တစ်နေ့ ၂သောင်း ၃သောင်းခန့်
ရှိသည်။ အငယ်ကောင်လေး ၅တန်းရောက်လျှင်
လပေါင်း ၆၀ အတွက် ငွေသိန်း၃၀ စုမိမည်။
ထိုငွေဖြင့် ငွေထပ်စိုက်၍ အလှူပေးနိုင်မည်။
စုထားသောငွေအား လုံးဝမထုတ်ရန်ပြောရသည်။
ကျွန်တော် သည် နှစ်လုံး မထိုးပါ။ နှစ်လုံးထိုးပါက
မွဲဖို့ကိန်းမြန်မြန်ရောက်ပေမည်။ လစာက တစ်လ
နှစ်သိန်းနှင့်တွက်လျှင် တစ်ရက် ငွေကျပ် ၆ထောင်
ကျော်ဝင်သည်။ နှစ်လုံးက မနက်တစ်ကြိမ်၊ ညနေ
တစ်ချိန် မနက် ၅၀၀၊ ညနေ ၅၀၀ ထိုးပါလျှင်
ရက်၂၀ အတွက် နှစ်သောင်းကုန်မည်။ နှစ်လုံး
ပေါက်သည်ပဲထားအုံး၊ ပေါက်လျှင် လက်ကြီး၍
ပိုမိုထိုးကြသည်ကများသည်။ တစ်ရက် ၆၀၀၀မှာ
ငွေတစ်ထောင်က အလကားနေရင်း လောဘကြောင့်
အရည်မရ အဖတ်မရထွက်နေသည်။
သို့သော် လူသည်လောဘသားဖြစ်သည်။ နှစ်လုံး
မထိုးသော ကျွန်တော်သည် သုံးလုံးကို တစ်ပတ်
၁၀၀၀ဖိုး၊ တခါတရံ ၂၀၀၀ဖိုးထိုးတတ်သည်။
အဆိုပါ သုံးလုံးသည် တစ်လ နှစ်ကြိမ် ထွက်ရာ
တစ်လ ၁၀၀၀၊ ၁၅၀၀ ခန့်အိတ်ထဲကထွက်နေသည်။
ထိုးသလောက် သုံးလုံးကမပေါက်ပေ။ သို့နှင့်
ထိုးလာခဲ့သော လနှင့် နှစ်ကို တွက်ကြည့်သောအခါ
နှစ်လုံးထိုးသည့်ငွေများ စုထားရင်တောင် အတော်ရ
နေမည်ဖြစ်သည်။ ထိုစိတ်ကူးဖြင့် ကျွန်တော်သည်
သုံးလုံးထိုးဖို့ လက်တွန့်ခဲ့သည်။
မိတ်ဆွေ၏ သမီးနှစ်ယောက်က စာတော်ကြသည်။
နှစ်ဦးစလုံး ၁၀တန်းကို ဂုဏ်ထူးများဖြင့်အောင်မြင်
ကြသည်။ ယခုအခါမှာ အငယ်ကောင်လေးလည်း
၎တန်းအောင်၍ ၅တန်းတက်ရတော့မည်။ သူတို့
သမီးလေး ဂုဏ်ထူးထွက်၍ မုန့်စားဖိတ်သဖြင့်
သူတို့အိမ်သို့ရောက်သည့်အခါ ဘဏ်အစီအစဉ်အား
မေးမိသည်။ မိတ်ဆွေ၏ အမျိုးသမီးသည်
မျက်နှာအိုစွာ နောင်တသံဖြင့် ပြောလေသည်။
”ကျွန်မ ရှင့်စကားနားမထောင်မိခဲ့ဘူး။ ကျွန်မတို့
နှစ်ယောက် ပေါင်းပြီး မိုက်ခဲ့ကြတာ။ ခုတော့
ဝင်ငွေလည်းမဝင်တော့ဘူး။ အကြွေးတွေလည်း
လစာထဲက ဖဲ့ဆပ်နေရတယ်။ ဒီကြားထဲ
ကလေးတွေအဖေက ဆေးရုံတက်လိုက်သေး
တယ်။အခုသမီးနှစ်ယောက်ကို တက္ကသိုလ်
ဆက်တက်ဖို့ သူ့အဒေါ်တွေကတာဝန်ယူကြတာ။
လောင်းကစား သံသရာကအခုထိ
မလွတ်နိုင်သေးပါဘူးရှင်”
ကျွန်တော်သည် အိမ်ပြန်ရာ လမ်းတလျောက်
ဘယ်သူမပြု မိမိအမှုဟု တွေးရင်း သူတို့ လို
လောဘသားကောင်တွေ ဘယ်လောက်များ
ရှိနေမလဲဟုသာ တွေးနေမိပါတော့သည်။
@htwegyi
Image source pexels.com
MSC.036
ကျွန်တော်လဲ လောင်းကစား မကြိုက်ဖူး
လောင်းကစား မစမိတာ အကောင်းဆုံးပါ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
သုံးလုံး မပေါက်ဖူးလို့ မထိုးတာ ကြာပေါ့ဗျာ
Posted using Partiko Android
မထိုးနဲ့ ပေါက်ဖို့ မလွယ်ဘူး
ဆင်ခြင်စရာပါ....ဒါလည်းတချို့တွေ2d 3dတွေလုပ်နေကြတုန်းပဲ...
Posted using Partiko Android
ရုံးမှာတော့ ၂လုံးမထိုးရင် လူရာမဝင်သလိုပ
တစ်လုံးရောဂါ နှစ်လုံးရောဂါ သုံးလုံးရောဂါ မရှိဘူး
ရှစ်လုံးရောဂါတော့ပြန်စနေတယ် ဟီး
ဟုတ်တယ်ဗျို့ ရှစ်လုံးရောဂါတော့ ကျန်သေးသပ
၂လုံးလဲ စိတ်မဝင်စားဘူး ၃လုံးလဲစိတ်မဝင် စားပါ အေ
သို့သော် MMM စိတ်ဝင်စား လိုက်တာ သိန်း၁၀၀ ကျော် ပလုံသွား
သြော် လောဘ သားကောင်များ
ဆုံးရှုံးမှုများနဲ့ ကြုံခဲ့ရတာပ တစ်ချို့တွေ ဘဝတွေပါပျက်ခဲ့ကြရတယ်
စိတ်မကောင်းစရာ လောင်းကစားပါ
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
ကျေးဇူးပါဗျာ thanks
ကိုယ်လည်း လောဘသားပေမို့ 😳
Posted using Partiko Android
လောင်းကစားဆို ဘာမှ မလုပ်တာ အကောင်းဆုံးပါ
စမိရင်စွဲတယ် သူက မစမိမှ