နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲ

in #myanmar7 years ago (edited)

Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ။

image

ကျွန်တော်အရင်တခေါက်က အလုပ်တွေများပြီ စာရေးချိန်မရလိုက်တာနဲ့ pro မတင်ဖြစ်လိုက်ပါဘူး။ သြိ့သော် တင်တဲ့သူအားလုံးကို vote and ment လုပ်ပေးရလို့ ကျေနပ်မိပါတယ်။ ကိုယ်မတင်နိုင်ပေမယ့် သူများတွေတင်ထားတာကြည့်ပြီ ဝမ်းသာရပါတယ်။ ဒီတပတ်မှာတော့ ရေးမယ်ဆိုပြီ ပြင်ထားပေမဲ့ စိတ်တွေ အရမ်းရှုပ်နေတာနဲ့ စာတောင် လုံးဝမရေးချင်ဖြစ်နေမိပါတယ်။ မရေးတော့ဘူးလို့လည်း ဆုံဖြတ်ထားမိတယ်။ ဒါပေမဲ့ အချိန်တွေက ရပ်တန့်မနေဘဲ တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတော့ အချိန်တွေ ထိုင်ကြည့်ပြီ အချိန်တွေ နှမြောတာနဲ့ စာလေးထရေးလိုက်တာပါ။

image

ဒီတပတ်မှာတော့ ကျွန်တော်တို့ မြို့ မှာ နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပလာတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲအကြောင်းလေးကို ရေးသားလိုက်ပါတယ်။ ကျွန်တော်တို့ မော်လမြိုင်မြို့ လေးမှာ မြို့လုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံကြွချီတာဆို အခုဆို ၇၈ ကြိမ်တိုင်တိုင်ရှိပါပြီ။ ထိုသို့ လှည့်လည်အပူဇော်ခံရာတွင် မော်လမြိုင်မြို့ ကို အပိုင်းလေးတွေခွဲပြီ ပထမနေ့ ဒုတိယနေ့စသည့်ဖြစ် တရက်ကို ဘယ်နေရာနေစပြီ ဘယ်နေရာအထိဆိုပြီ သတ်မှတ်ကာ မြို့လုံးကျွတ်လှည့်လည် အပူဇော်ခံကြွရောက်ပါသည်။

image

နှစ်ဆယ့်ရှစ်ဆူသောဘုရားများကို ရပ်ကွက်နှစ်ဆယ့်ရှစ်ရပ်ကွက်က တာဝန်ယူပင့်ဆောင်ပေးကြပါသည်။ ထိုရပ်ကွက်များကလည်း နှစ်ဆယ့်ရှစ်ဆူသောဘုရားများကို မဲနှိုက်ပြီ မိမိတို့ကျရာ ဘုရားကို ပင့်ဆောင်ရပါသေးတယ်။ ထိုသို့ပင့်ဆောင်ရာတွင် ဘုရားကို ဘုရားရဲ့နောက်ခံသမိုင်း ဘုရားဖြစ်တည်လာပုံတို့ကို လိုက်ပြီ ဘုရားများကို လှည့်လည်အပူဇော်ခံရာ ကားများတွက် ဆင်ယင်ကြရပါသည်။ ထိုသို့ ဆင်ယင်ပြီ ပရဟိတလူငယ်လေးများက ပင့်ဆောင်ကာ တမြို့လုံးကို လှည့်လည်အပူဇော်ခံကြွကြရာ မော်လမြိုင်မြို့သူ မြို့သားများက မိမိတို့ ရပ်ကွက်ရှေ့ ရောက်လျှင် မြန်မာတို့၏ စေတနာသဒ္ဒါတရားထက်သန်စွာ အလှူငွေများဖြင့် နည်းသည်မျာားသည်မရှိ ဘုရားများကြွချီရာ လမ်းတလျှောက် စီတန်းကာ လှူတန်းကြတာကလည်း အလွန်တရာမှ ဝမ်းမြောက်ဂုဏ်ယူဖွယ်ကောင်းပါသည်။

image

image

ထိုသို့လှည်လည်အပူဇော်ခံရာတွင် ကျွန်တော်တို့ရပ်ကွက်လေးမှ အစပြုကြွချီရမယ့် နေ့ရောက်လျှင် ကျွန်တော်တို့ ရပ်ကွက်လေးမှ ဘုရားများပင့်ဆောင်ပေးကြသော ပရဟိတအကျိုးဆောင် လူငယ်မောင်မယ်များကို မုန့်ဟင်းခါး အချိုရည် စသဖြင့် အလှူဒါနပြုပြီ ကျွေးမွေးဧည့်ခံပါသည်။ ထိုပြင် ကျွန်တော်တို့ ရပ်ကွက်လေးမှ ဘုရားများကို အထူးဆု ပထမဆု ဒုတိယဆု စသည့်ဖြင့် ဆုတော်ငွေများကို နည်းသည်များသည်ဟုသဘောမထားဘဲ ဆုတော်ငွေများပေးအပ်ပါသေးတယ်။ ဘုရားများကို ဆုချတယ်ဆိုလို့ တမျိုးမထင်ပါနှင့်အုံး။ ဆုပေးရာခြင်းမှာ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲကျင်းပလာသော အစဉ်အလာကြီးကို မပျောက်ပျက်သွားအောင်နှင့် ပရဟိတအကျိုးဆောင်လေးများ ပိုမိုထမ်းရွက်လာချင်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။

image

image

ဆုပေးရာတွင်လည်း ကျွန်တော်တို့ရပ်ကွက် တာဝန်ရှိသူများက ဘုရားများစတင်ကြွချီဖို့ စုဝေးရာအရပ်သို့ သွားရောက်ပြီ ဘုရားများကို ပြင်ဆင်ထားမှု့ ပရဟိတလူငယ်လေးများ၏ စည်းစနစ်ကျမှု့ အဝတ်အစားကအစ စသဖြင့် လိုက်လံကြည့်ရှု့ပြီ ဆုပေးအပ်ခြင်းဖြစ်ပါသည်။ ဆုရသည့်ရပ်ကွက်များကလည်း နောင်နှစ်တွေနှစ်တွေမှာ ဒီနှစ်လိုဘဲ ရအောင် ပိုမိုကြိုးစားချင်စိတ် မရခဲ့သည့် ရပ်ကွက်များကလည်း နောင်နှစ်တွေမှာ ရရမည်ဆိုတဲ့စိတ်လေးများဖြင့် အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပလာတဲ့ မော်လမြိုင်မြို့ လုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံ ကြွချီပွဲကြီးကိုနှစ်စဉ်နှစ်တိုင်း ကျင်းပပြီ ဗုဒ္ဓသာသနာရောင်ဝါလင်းလို့ ကမ္ဘာအနှံပြန့်နှံပါစေသား။

Myanmar Steemit Community မှ အဖွဲ့ဝင်များ ကိုယ်စိတ်နှလုံး အေးချမ်ကြပါစေ။

Author ; Htin Lin Aung ( MSC 016 )
@htinlinaung

Sort:  

အရမ်းစည်ကားမှာပေါ့နော်

ဟုတ်ကဲ့ခင်ဗျ မြို့လုံးကျွတ်ဆိုတော့ စည်းကားလှပါတယ်

မင်္ဂလာတစ်​ပါးပါပဲအကို​ရေ ​ကျေးဇူးလဲတင်​မိပါ​သေးတယ်

ဟုတ်ကဲ့ပါဗျ

မော်လမြိုင်ကို မရောက်ဖူးသေးဘူး အလည်လာချင်သေးတယ်

ကြိုဆိုပါတယ်ဗျာ

ကြည်နူးရပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျ

ငါးနှစ်လောက် ကြုံဖူးတယ် တကယ်ပျော်စရာကြီးပါဗျာ ဦးဇင်းက မော်လမြိုင် ဆင်ဖြူစာသင်တိုက်ကြီးမှာ စာသင်ဖူးတယ်လေ

တင်ပါ့ဘုရား အလွန်တရာဝမ်းမြောက်ဂုဏ်ယူဖို့လည်း ကောင်းပါတယ်ဘုရား

မော်​​ရွှေမြိုင်​မှာလည်း နှစ်​ကျိတ်​ရှစ်​ဆူ ရှိတာ သိရတာ
ဗဟုသုတရပါတယ်​ဗျာ

ဟုတ်ကဲ့ခင်ဗျ

ဖူးမျှော် ကန်တော့ရတဲ့ အတွက် ကျေးဇူးပါ

ဟုတ်ကဲ့ခင်ဗျ နောက်လည်း ပုံလေးတေတွတင်ပေးပါအုံးမယ်

မော်လမြိုင်လာရင်လိုက်ပို့ပါဘဒို

ပို့ပါတယ်ဗျာ ဆိုင်ယ်ကယ်တက်စီတွေ အများကြီးဘဲ ဟဲ စတာပါ လိုက်ပို့ပေးပါ့မယ်

လာလည်​ချင်​ လာပြီbro

လာလည်ပါဗျာ ကြိုဆိုပါတယ်လို့

အရမ်းစည်ကားပီး ပျော်ရွှင်စရာလည်းကောင်းတဲ့ ပွဲတစ်ခုပါ။

ဟုတ်ကဲ့ပါဗျာ တမြို့လုံး လှည်လည်တာဆိုတော့ တမြို့လုံး စည်းကားလှပါတယ်

Coin Marketplace

STEEM 0.13
TRX 0.24
JST 0.032
BTC 83698.37
ETH 2089.33
USDT 1.00
SBD 0.63