Steemit မှာစာရေးမယ်ဆိုရင် သိထားသင့်တဲ့ 3Cs(Explanation about COPY) (အပိုင်း - ၂)

in #myanmar7 years ago (edited)

ဒီနေ့တော့ C3လုံးရဲ့ ပထမဆုံး C ဖြစ်တဲ့ Copy အကြောင်းလေး တင်ပြချင်ပါတယ်။

Copy ရဲ့အဓိပ္ပာယ်ကတော့ အားလုံးသိကြပီးဖြစ်တဲ့အတိုင်း ပုံတူကူးယူခြင်းပဲဖြစ်ပါတယ်။ထိုကဲ့သို့ ပုံတူ ကူးချသူကိုတော့ copyist လို့ခေါ်ပါတယ်။

1503062001759.png

မိမိကိုယ်တိုင် ဖန်တီးထားခြင်းမဟုတ်ပဲ တခြားသူတဦးတယောက်၏ ဖန်တီးမှုများကို အတုအပ ပြုလုပ်ပီး ပုံတူ ကူးချခြင်းပဲဖြစ်ပါတယ်။
ထိုသို့ ပုံတူကူးချခြင်း လုပ်ရပ်များကို ရုပ်ရှင်၊စာပေ၊ဂီတ အစရှိသည့် အနုပညာလုပ်ငန်းများတွင် အများဆုံးတွေ့ရလေ့ရှိသည်။
ထိုသို့ ပုံတူကူးချခြင်းသည် ဥပဒေအရပြောမည်ဆိုလျှင် မူခိုင်ခွင့်ဥပဒေနှင့် ငြိစွန်းပါသည်။
စာပေ၊ဂီတ၊အနုပညာ စသည်တို့သည် လူတို့၏ အသိဉာဏ်ပညာမှတဆင့် အခြေခံပီး တီထွင် ဖန်တီးရသော အရာများဖြစ်သဖြင့် "အသိဉာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်"ဟူ၍လည်း ခေါ်ပါသည်။

တချို့သောသူများမှာ မိမိလေးစားမှုရှိသော ဆရာများ၊မိမိအား လွှမ်းမိုးမှုရှိသောသူများ၊အတတ်ပညာရှင်များထံမှ အနည်းငယ်ပုံတူကူးချခြင်းမျိုးလည်းရှိပြီး ထိုသို့ ကူးယူဖန်တီးထားခြင်းကိုလည်း မည်သူ့ထံမှ ကူးယူထားပါသည်ဟု ရည်ညွှန်းသော(Reference)လုပ်ခြင်းမျိုးရှိပီး၊အချို့သော သူများမှာမူ တခြားသူများ၏ အကြံဉာဏ်၊အရေးအသား၊တီထွင်ဖန်တီးမှုများကို ကူးယူပီး မိမိ၏ အကြံဉာဏ်၊ဖန်တီးမှုကဲ့သို့ ပြုလုပ်တင်ပြခြင်း(Plagiarism)လုပ်ခြင်းမျိုးလည်းရှိနေပါသည်။နိုင်ငံတကာတွင်လည်း ထိုသို့ ပုံတူကူးချ၍ မိမိကိုယ်တိုင် ဖန်တီးသယောင်ပြုလုပ်မှုများ၊ထိုသို့ပြုလုပ်သူများကိုလက်မခံဘဲ ပြင်းထန်စွာရှုတ်ချလေ့ရှိပါသည်။

1503064732402.png

နိုင်ငံတကာတွင် ထိုသို့ ပုံစံတူကူးချခြင်းမျိုးကို "အသိဉာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ချိုးဖောက်မှု" ဖြင့် ပြင်းထန်၍ တိကျသော ဥပဒေများဖြင့် အရေးယူလေ့ရှိပီး၊ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးသော ကျွန်တော်တို့ မြန်မာနိုင်ငံတွင်တော့ မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်လာရေးအတွက် လွှတ်တော် အမတ်များမှာလည်း ကြိုးပမ်းနေကြပီဖြစ်ပါသည်။ထိုဥပဒေ အသက်ဝင်ပီး ကျင့်သုံးလာနိုင်ပါက အမှန်တကယ် အစွမ်းအစထုတ်၍ ဖန်တီးထားသော မူရင်းဖန်တီးသူများအတွက် အလွန်အကျိုးရှိလာမည့် ဥပဒေတရပ်ပင်ဖြစ်ပါသည်။

1503065183699.png

အများပြည်သူ အကျိုးရှိနိင်မည့် အရာများ၊အသိပညာပြန့်ပွားမှုအတွက် အထောက်အကူပြုသည့် အရာများကို မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ပဲ ပုံတူကူးယူ၍ အသုံးပြုမှုမျိုးကို လက်ခံနိုင်ဖွယ်ရာရှိသော်လည်း၊မိမိ၏ အကျိုးစီးပွား တစုံတရာအတွက် အခြားသူများ၏ ဖန်တီးမှုများကို ကူးယူခြင်း၊တုပခြင်းများမှာ လူ့ကျင့်ဝတ်အရ မလုပ်သင့် မလုပ်အပ်သော လူပေါ်လူဇော်လုပ်ရပ်တခု ဖြစ်ပါကြောင်း ထင်မြင်ယူဆမိပါသည်။
မူရင်း ဖန်တီးသူ၏ ခွင့်ပြုချက်မရပဲ ပုံတူကူးယူခြင်းသည် "ခိုးယူခြင်း"ဖြစ်ပါကြောင်းးးး.........

(ပုံများကို ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပါသည်။)

ကျန်ရှိသော C နှစ်လုံးဖြစ်သည့် Curation နှင့် Creation အကြောင်းကို နောက်ရက်များတွင် ဆက်လက်ဖော်ပြပေးသွားပါမည်။)

@htetwaihin

Sort:  

Congratulations @htetwaihin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @htetwaihin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

dont vote and cm

me too bro.
Thanks for your supporting...

အစတွ င် C3 ရှိသည် ဟုဖေါ်ပြ ခဲ့ပြီး နောက် C2 လုံးကို မတွေ့ရ

ဟုတ်တယ် အကို။တနေ့ C တမျိုးရေးမှာပါ။
အလုပ်အားတဲ့အချိန်လေးရေးရတာမို့ပါ။ :)
Thanks for your support

အကောင့်အပ်ထားပါပီ ပြန်အပ်ပေးအုန်း thanks

ဟုတ်ကဲ့။
ပြန်addထားပါတယ်ခင်ဗျ။
ကျေးဇူးပါ။

tag ကလေ copy နဲ့ plagiarism အိတာ tag list မှာမှ မပါဘဲ steemit.com/tags မှာ သင့်တော်မဲ့ tag ရှာနိုင်ပါတယ်

ဟုတ်ကဲ့...ပြန်ပြင်ထားပါတယ်။
ပြောပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

good ပို့စ်

အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54358.77
ETH 2293.67
USDT 1.00
SBD 2.30