ငါလိုချင်တဲ့ ကမ္ဘာ
အို..လောကကြီး
ငါ့ကို ပြန်သွားခွင့်ပြုပါ
ပျော်ရွှင်မှုတွေပျောက်ဆုံးနေတဲ့ကမ္ဘာ
ငါမနေချင်တော့လို့ပါ
ဟိုစဉ်အချိန်တွေ ပြန်လိုချင်မိ
အဲဒီတုန်းက
မျှော်လင့်ချက်နဲ့တောက်ပခဲ့တဲ့
အပြစ်ကင်းစင်တဲ့ မျက်ဝန်းတစ်စုံရှိခဲ့တယ်
နှုတ်ခမ်းဆူပြီး ခြေဆောင့်လိုက်ရုံနဲ့
ပြည့်ဝခဲ့တဲ့ ဆန္ဒတွေ ရှိခဲ့တယ်
လူတိုင်းက ငါ့ကိုချစ်ကြပြီး
ငါကလည်း လူတိုင်းကို ချစ်ခဲ့တဲ့နေ့ရက်တွေရှိခဲ့တယ်
(ခြွင်းချက်အနေနဲ့
ကိုယ်သဘောမကျသူကိုလည်း
သဘောမကျကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးတယ်)
ချုပ်ထိန်းထားစရာမလိုတဲ့
လွတ်လပ်တဲ့မျက်ရည်တွေရှိခဲ့တယ်
စည်းတွေဘောင်တွေ ကန့်သတ်မထားတဲ့
စိတ်ကူးတွေ၊အိပ်မက်တွေရှိတယ်
မျှော်လင့်ချက်မထားတဲ့
ပေးဆပ်မှုတွေလည်းရှိခဲ့တယ်
ဖြူစင်ရိုးသားပြီး
အရောင်တွေမပါတဲ့ ဆက်ဆံရေးတွေရှိခဲ့တယ်
လျှို့ဝှက်မှုတွေမရှိ
ပကတိပွင့်လင်းမှုတွေလည်း ရှိခဲ့တယ်
ကောက်ကျစ်စဉ်းလဲမှု၊ဟန်ဆောင်မှုမရှိ
ရိုးသားမှုအတိပြီးတဲ့နေ့ရက်တွေရှိခဲ့တယ်
လောကဓံရိုက်ချက်တွေမရှိ
အပူအပင်ကင်းစွာဖြတ်သန်းခဲ့ရဖူးတယ်
အခုအချိန်မရှိတော့တာတွေ တော်တော်များများ
အဲဒီတုန်းကရှိခဲ့တယ်
အဲဒီမှာ ငါ နေပျော်တယ်
အဲဒီကမ္ဘာကို ပြန်သွားချင်တယ်
အိပ်မက်ဆိုးတွေကနေ နိုးထလာတဲ့အခါ
ငါလိုချင်တဲ့ကမ္ဘာမှာ ပြန်နိုးထစေသား...
@htetwaihin
MSC - 039
အချိန်တစ်ပတ်ပြည့်တဲ့အခါ ပြန်ရောက်လာမှာပါ အစ်ကို
မြန်မြန်ပြန်ရောက်ချင်ပီ..
လိုတိုင်းတ ရနိုင်ပါစေ ဗျ။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
ငယ်ဘဝ ကလေးဘဝကို သွားချင်တယ်ပြောတာမလား
ဟုတ်ပါတယ်...bro
တကယ်ရရင်ပြန်သွားချင်မိတယ်
တူတူပါပဲ..bro
လိုချင်တာ အမြန်ရစေ။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ..
တစ်ချိန်ချိန်တော့ ပြန်ရလာဦးမယ် ထင်ပါတယ် သံသရာက စက်ဝိုင်းကြီးလေ
မသေချာစွာလည်ပတ်တုန်းပါပဲ..
အို...ပြန်လိုချင်လိုက်တာ အဲ့ဒီချိန်လေးတွေ
တချိန်တော့ ပြန်ရောက်မယ်ထင်ပါတယ်။
Thank you htetwaihin for making a transfer to me for an upvote of 1.18% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Thanks..
အဲ့တုန်းက ခေးလေးကိုးအေ့😁
အဲ့အချိန်ကို ပြန်သွားချင်တာ..
You got a 9.22% upvote from @luckyvotes courtesy of @htetwaihin!
Thanks..
You are welcome :-)