အားလပ်ရက်
အားလပ်ရက်
Credit original image
ကျောင်းတွေဖွင့်ပြန်တော့မည်။ကလေးတွေရဲ့ကျောင်းအားလပ်ရက်လေး ကုန်သွားပြန်ပြီပေါ့။ အချိန်တွေက အကြာကြီးလို့ ထင်ခဲ့ရပေမယ့် အလိုလို ကုန်ဆုံးနေပြန်ပါပြီ..။
ကလေးတွေရဲ့ကျောင်းအားလပ်ရက်လေးတွေ အဆုံးသတ်သွားပြန်တဲ့ ကျောင်းဖွင့်ရက်တွေကို ရောက်ရတာ ကလေးတွေနဲ့ထပ်တူ ခံစားမိပါတယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မှာမို့ ပျော်တာ..ကျောင်းစာတွေကြားထဲမှာ နစ်မြှုပ်ပြန်ရတော့မှာမို့ စိတ်ထဲလေးလံမွှန်းကြပ်မိတာတွေ...
ကျွန်တော်တို့ ကျောင်းနေစဉ်တုန်းကတွေတော့ ကျောင်းအားချိန်တွေမှာ ကစားချိန်လေးဘာလေးရှိပါသေးရဲ့။
အခုခေတ်ကတော့ ကျောင်းနဲ့ကျူရှင် ကျူရှင်နဲ့ကျောင်းမှာ ဒီစာ ဒီစာကိုပဲ ကျေအောင်ညက်အောင် ကျက်နေကြရတာနဲ့တောင် ကလေးတွေရဲ့ အားလပ်ချိန်တွေနည်းသထက် နည်းလာတာကို တွေ့ရတော့ ကလေးတွေကို သနားမိပါရဲ့...။
ကျွန်တော်တို့ငယ်ငယ်က ကစားနည်း စုံခဲ့ကြသလောက် အခုခေတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မျက်မှန်တပ်နေကြရတာကိုတွေ့တော့လည်း သက်ပြင်းချမိပါရဲ့ဗျာ..။
အခုခေတ်မှာတော့ လသာချိန် ထုပ်စည်းထိုးကစားရမှန်းလည်း မသိကြတော့ဘူးထင်ပါရဲ့..။
ကျွန်တော်တို့တုန်းကဆို ကျောင်းဝင်းထဲက မြေကွက်လပ်ကြီးမှာ မြေကြီးတွေကို စည်းကြောင်းကြီးဖြစ်အောင် ကျောင်းသန့်ရှင်းရေးလုပ်တဲ့အခါ ပေါက်ပြားတွေယူလာရချိန်မှာ စည်းတွေကို ပေါက်ပြားနဲ့ဖော်ထားလိုက်တယ်။ ညဖက်တွေမှာ ကျောင်းက ဆရာမတွေရဲ့ အိမ်မှာ အိပ်ရတာဆိုတော့ စာကိုစောစောကျက် စာရပြီဆိုတာနဲ့ ဆရာမကိုပါ ခေါ်ပြီး ထုပ်ဆီးတိုးတမ်း ကစားကြတာ သိပ်ပျော်ဖို့ ကောင်းခဲ့တာပါလေ။
တစ်ခါတလေတော့ ဆရာမ မသိခင် ကျားကွက်ရွေ့တမ်းကို စာကျက်ရင်းနဲ့လည်း ကစားနေတတ်ကြသေးတယ်။
အခုခေတ်ကလေးတွေ အဲ့ဒီလို ကစားချိန် အားလပ်ချိန်တွေ ရှိမှရှိကြသေးရဲ့လားလို့ သံသယဝင်မိတဲ့အထိပါပဲ..။
Credit original image
ဘာကြောင့်လဲဆိုတော့ အခုလို နွေကျောင်းပိတ်ချိန်ကြီးမှာတောင် မိဘတွေရဲ့ကောင်းမှုကြောင့် လာမယ့်နှစ်မှာ သင်ရမယ့်စာတွေကို ကြိုတင်ပြီး ယူရှင်တက်နေကြရလို့ပါပဲ..။
ကျွန်တော်တို့တုန်းကဆို မိုးရွာရင်လည်း ရွာတဲ့အလိုက် နေပူရင်လည်း ပူတဲ့အလိုက် နှင်းကျရင်လည်း ကျတဲ့အလိုက် သူ့အချိန်နဲ့သူ သူ့ရာသီနဲ့သူ မရရတဲ့ အားလပ်ချိန်လေးတွေမှာ ကလေးသဘာဝ ကစားချိန်တွေရခဲ့ကြပါသေးတယ်..
အခုခေတ်ကလေးတွေမှာတော့ နွေရာသီကျောင်းပိတိရက်မှာတောင် အားလပ်ချိန်မရှိ ကစားချိန်မရှိ ဖြစ်နေကြရရှာတာ အတော်သနားစရာကောင်းလှပါတယ်..။
ထူးချွန်တဲ့ကလေးတစ်ယောက်ဟာ ကာယ ဉာဏ စာရိတ္တတွေမှာပါ ထူးချွန်နေရမယ်ဆိုတာ မိဘတွေက မသိနိုင်ကြတာလား။ ဆရာ ဆရာမတွေကပဲနားမလည်ကြတာလား မပြောတတ်တော့ပါဘူး။
လူမှုပတ်ဝန်းကျင်ထဲကိုရောက်တဲ့အခါ စာတော်ခဲ့တာ တစ်ခုထဲနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ ကျူရှင်ယူတာ စာကျက်နေတာတစ်ခုထဲနဲ့ ကျောင်းသားတစ်ယောက် ကလေးတစ်ယောက်ရဲ့ဘဝမပြည့်စုံနိုင်ပါဘူး..။
ကလေးရဲ့ အားလပ်ချိန်နဲ့ အားလပ်ချိန်အပေါ် အသုံးချမှုက ကလေးရဲ့ ဉာဏအားနဲ့ လူမှုဝန်းကျင်အပေါ် သူ့ရဲ့စူးစမ်းလေ့လာမှုအဖြစ် အရေးပါတယ်ဆိုတာ လူကြီးမိဘ ဆရာ ဆရာမတွေပါ သိသင့်ပါတယ်။
Credit original image
တကယ်လို့ ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကလေးတွေကို ထိုက်သင့်တဲ့ အားလပ်ချိန်တွေကိုပါ ပေးသင့်ပါတယ်။
အချိန်ပြည့်စာလုပ်ခိုင်းနေရင် စာတစ်ခုပဲတော်ပြီး ကျန်တဲ့နေရာတွေမှာ ညံ့ဖျင်းတဲ့ ကလေးတစ်ယောက်ကိုပဲ ပိုင်ဆိုင်ရမယ်ဆိုတာ မလွှဲပါဘူးဗျာ...
Writter @htetnainglin
Msc 188
ဒီနေ့ကျောင်းစဖွင့်ပြီ....သူတို့လေးတွေလည်းကျောင်း၊ကျူရှင်၊guideနဲ့လုံးချာလည်ပြီ...
ဟုတ်လား အမ...😁
ဟုတ်တယ်ဆို😜😜😁
ဟယ် ချိတက်
😂😂😂😂မမသက် လန်ဝါးပြီး😂😂😂
😁😁😁
ရှက်စရကြီး😁😁😁
cheetahက မျက်စိလည်လမ်းမှားပြီးရောက်လာတယ်နော်
ဟုတ်တယ် အကို
ဟိုက် ကျနော့်လိုပဲ ချိတက်ကြီးနဲ့ပါလား
ဟုတ်တယ် ...
ကစားချိန်မှာ ငါတို့ ကစားလို့ နားချိန်နားလို့ စားကျက်မယ် အာ့လိုပဲ ဖိသင့်ပါတေ😊
ဟုတ် မမ
ဟုတ်တယ် ကစားချိန်လေးတော့ပေးသင့်တယ် 😂😂
Ommm
တော်တော်ကသီတယ်ဗျ
အလုပ်ကတစ်ဖတ် ကလေးကျောင်းပို့ကျောင်းကြိုကတဖက်
ဟုတ် အကို ဒီလိုပါဘဲ ဖြစ်တတ်ပါတယ်
ကလေးတွေဘဝ တစ်နှစ်ရုန်းကန်ချိန်ရောက်ခဲ့ပြန်ပြီ
ဟုတ်တယ်နော်
အခုခေတ်ကလေးတွေကိုကြည့်ပြီး ပင်ပန်းလွန်းပါတယ်ဗျာ
ဟုတ်😃😃
မှန်ပါတယ် ဘက်စုံတော်တဲ့ကလေးတစ်ယောက်ဖြစ်အောင် စာတွေကြီးပဲ သင်ခိုင်းနေတာမျိုးတော့မဖြစ်သင့်ပါ။အစ်ကိုပြောပြပေးထားတာလေး သဘောကျနှစ်သက်ရပါတယ်။