ပြောမယုံကြုံမှသိ
ပြောမယုံကြုံမှသိ-၁
ပရလောကသားတွေအကြောင်းဆိုတာ တကယ်ပဲ ယုံရခက် မယုံရခက်ပါလား.............။ကျွန်တော်ငယ်စဉ်ကတည်းက အခုအသက်အရွယ်ထိ ပရလောကနဲ့ပါတ်သက်လို့ တခါမှမကြုံဖူးဘူးဗျ......................။
မယုံ ကြုံမှသိဆိုသလို တကယ်တွေ့တော့မှ ယုံမိပါတော့တယ်...။သရဲခြောက်ခံရတဲ့အကြောင်းတွေ၊ မှင်စာတွေ့ခဲ့ပုံတွေ၊ ပရလောကသားတွေက ကိုယ်ထင်ပြတဲ့ပုံတွေကို ရွာကလူတွေစပ်မိလို့ပြောကြရင် ကျွန်တော်အမြဲနားထောင်မိတယ်ဗျ...။စိတ်လဲဝင်စားတယ်..။အဲလိုမျိုးကိုယ်သာတွေ့ရင် ဘာလုပ်မိမလဲလို့ ကိုယ့်ကိုယ်ကိုလဲ ဝေဖန်ကြည့်ဖူးတယ်..။ရှေးလူကြီးတွေကပြောဖူးတယ်ဗျ.....................။သရဲခြောက်ခံရရင် အဲလူဟာ ကံနိမ့်ညံ့နေလို့တဲ့..။ကျွန်တော်ကပဲ အမြဲကံမြင့်နေလို့လားတော့မသိဘူးဗျ..။တခါမှတော့ သရဲအခြောက်ခံရဖူးဘူးဗျ..။ဒါပေမဲ့ ကျွန်တော့ရဲ့ ကံနိမ့်ညံ့တဲ့ နေ့ရက်တွေရောက်လာခဲ့ပြီ ထင်ပါတယ်................။
ကျွန်တော်တို့နယ်ဘက်မှာ စပါးရိတ်ရင် ရိတ်သိမ်းခြွှေလှေ့စက်နဲ့ ရိတ်ကြတာဆိုတော့ စပါးတွေကိုတခါတည်း အိမ်မသယ်နိုင်ကြဘူးလေ.....။လယ်တွေထဲမှာတင် ပုံထားပြီး လူစောင့်အိပ်ကြရတယ်ဗျ...။အဲအချိန်ဆို လယ်တောတွေထဲမှာ မီးတဝင်းဝင်းနဲ့ပေါ့...။ ညအခါ လယ်တောတွေထဲမှာ မီးတဝင်းဝင်းနဲ့ဆိုတော့ သိပ်တော့ကြောက်စရာမလိုဘူးဗျ...။အဲလိုနဲ့ အဖေက သား ဒီနေ့ လယ်ဃောကြီးက လယ်တွေရိတ်တာ..။စပါးပုံးကြီးတွေမသယ်နိုင်လို့ မင်းအဲကိုသွားအိပ်လိုက်အုံး......................။ဗျာ................။လယ်ဃောကြီးဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်တော့စိတ်တွေ ပျာယာခက်သွားတယ်ဗျ..,..........။လယ်ဃောကြီးဆိုတဲ့ လယ်ပွဲက ရွာရဲ့မြောက်ဖက် နာရီဝက်လောက်လမ်းလျောက်ရင် ရောက်တယ်ဗျ..။သစ်ပင်ကြီးတွေနဲ့ အုပ်ဆိုင်းပြီ........သရဲအရမ်းခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတခုပေါ့.......။ဟာ...အဖေကလဲ အဲလယ်ဃောကြီးက သရဲအရမ်းခြောက်တာတဲ့ဗျ....။တစ်ယောက်အိပ်ရမှာလား...။တယောက်ထည်းဆိုရင်တော့ ကြောက်တယ်....။သွားအိပ်ရဲဘူး.............။ဟား......ဟား.........။
မင်းတစ်ယောက်ထည်း မဟုတ်ပါဘူးကွာ...။မင်းအကိုနဲ့ပါကွ..။မင်းတစ်ယောက်ထည်းလဲစိတ်မချပါဘူး...။ဟုတ်ကဲ့ပါ.. ။နှစ်ယောက်ဆိုရင်တော့ ကြိုက်သလောက်ခြောက် အက်ကွဲနေအောင်ခြောက်ပါစေ အိပ်ရဲတယ်....။ဟာမင်းကလဲကွာ ကိုယ့်လယ်ပွဲ ကိုပဲ...။အဲလယ်ပွဲက ကိုယ့် အရှင်ဆိုရင်မခြောက်ပါဘူးကွ....။စိမ်းတဲ့သူပါရင်တော့....။ဟာ အဖေကလည်း ကြောက်ပါတယ်ဆိုမှ...။ကဲကဲ မင်းထမင်းချိုင့်နဲ့ထည့်သွား တော်ကြာမိုးချုပ်နေမယ်...။မင်းအကိုက ရောက်နှင့်နေပြီ...။မင်းလာလိမ့်မယ်လို့ပြောထားတယ်...။ဟုတ်ကဲ့....။အဲခါနဲ့ အမေကထမင်းချိုင့်တွေ စောင်ထုပ်တွေထုပ်ပေးပြီး ညကြအိပ်မပျော်ရင် ရေနွေးသောက်ရအောင် ရေနွေးခရားကို လက်ကဆွဲပြီး သွားခဲ့တယ်ပေါ့ဗျာ.....,....................။
ကျွန်တော်သွားတဲ့အချိန်က နေဝင်မိုးချုပ်အချိန်ပေါ့...။ဝိုးတိုးဝါးတားနဲ့ အရားအားလုံးမကွဲတကွဲ မှုန်မှုန်ဝါးဝါးနဲ့ဆိုတော့ သွားရင်းသွားရင်း ကျောတွေတော့ ဖြန်းခနဲ ဖြန်းခနဲ ကြက်သီးတွေထနေတာပေါ့ဗျာ...။ဟင်..ငါဘာလို့ကြောက်နေလဲ..။ဘေးပတ်ဝန်းကျင်မှာ လူတွေရှိနေတာပဲ...။ကိုယ့်ကိုယ်ကို အားတင်းထားတုန်း....ဖွားခနဲ...ဖွားခနဲ...ဆေးလိပ်မီးကြီးတဖွားဖွားနဲ့ဗျာ ကျွန်တော့ရှေ့မလှမ်းမကမ်းမှာ....။ဟား.......။အမလေး......ဆိုပြီး ခေါင်းကြီးပဲ ကြီးလာသလိုလို....။ဆံပင်တွေပဲထောင်လာသလိုလို..ဖြစ်သွားပြီး လက်ထဲကိုင်ထားတဲ့ ဓာတ်မီးနဲ့ ဆက်ခနဲထိုးကြည့်လိုက်တော့...။ဟာ.....ကိုသန်းလွင်ရာ...အမှောင်ကြီးထဲမှာဗျာ......အသံမပေးဘာမပေးနဲ့...။ဟင် ..လှန့်လိုက်တာဗျာ....။ဟား......မင်းလာလိမ့်မယ်လို့ မင်းအကိုပြောသွားတယ်ကွ...။မှောင်နေရင် ငါ့ညီကိုလိုက်ပို့လိုက်ပါအုံးဆိုလို့ ငါစောင့်နေတာကွ...။အေးဗျာ.....။ကျွန်တော်လဲကြောက်နေတာဗျ....။မင်းအကြောင်းသိလို့လဲ ငါစောင့်နေတာကွ.........။ကိုသန်းလွင်ဆိုတာကလဲ ကျွန်တော့ အကိုဝမ်းကွဲဗျ....။ကျွန်တော့ဆို သိပ်အလိုလိုက်တဲ့ အကိုပေါ့...။ကဲကဲ သွားရအောင် မင်းအကို တစ်ယောက်တည်းပျင်းနေလောက်ပြီ....။
ညီအကိုနှစ်ယောက်သား စကားတပြောပြောနဲ့ သွားရင်း....ကိုသန်းထွန်း...ကိုသန်းထွန်း...ဟေ့....မီးတွေမွှေးလို့ပါ့ရောဟ...အေးကွာ....ငါ့အကျင့်သိရဲ့သားနဲ့ တောထဲအိပ်ရင်မီးလေးမွှေးပြီးနေရတာကိုက သဘောကျတာကွ...။ဒါနဲ့ မင်းတို့ ဘာတွေလုပ်နေတာလဲကွ...။ထင်းတွေလဲယူမလာဘူး..။ဘယ်ကထင်းတွေလဲဗျ.....။ဟာ...ခုနတောင်နားက..ရှားပင်တွေအောက်မှာ....ထင်းတွေချိုးနေတာမင်းတို့မဟုတ်ဘူးလားဟ....။ဘယ်ကလာ ကျုပ်တို့ တန်းတန်းမက်မက်လာတာ ဘာထင်မှမချိုးဘူး....။ဟာ....။နေဝင်ရိုးရီ ဆိုတော့ လူကသိပ်မသဲကွဲဘူးကွ မင်းတို့ နှစ်ယောက်မှတ်နေတာ.....။ပြီးတော့ တဲဆီကို စကားတပြောပြောနဲ့ လာတာကွ....။ငါလဲ...မင်းတို့ နှစ်ယောက်ဆိုပြီး အေးဆေးလုပ်နေတာ....။အဲဒါဆိုရင်တော့....သရဲခြောက်ပြီကွ.....။စရောက်ရောက်ချင်းကိုပဲ ပညာပြပြီဟေ....။ကြောက်တတ်တဲ့ ကျွန်တော်နဲ့ သရဲခြောက်တဲ့ လယ်ဃောကြီးနဲ့တော့ တွေ့ပြီဗျာ......။လယ်ဃောကြီးတဲ့....မခေပါ့လားဟ.........။လယ်ကန်သင်းပေါ်က ဇီးပင်အုပ်အုပ်လေးအောက်မှာဆောက်ထားတဲ့ တဲလေးရှေ့မှာ မီးဖိုလေး ဖိုပြီးနေနေတာဗျ...။ကဲကဲ ထမင်းစားရအောင် ဗိုက်ဆာပြီကွ...........။ဟုတ်ကဲ့..ဆိုပြီး ကျွန်တော်လဲ ယူလာတဲ့ ချိုင့်လေးတွေ လှပ်ပြီး ညီအကိုနှစ်ယောက်သား စာစာနဲ့ ထမင်းစားတာပေါ့...။ကိုသန်းလွင် စားအုံးဗျာ...။ထမင်းတွေမှအများကြီး...။ဟာ....စားပါကွာ..။ငါကစားခဲ့ပြီးသားကွ...။အိမ်ကစားလာပြီးမှ ငါ့စပါးပုံလဲလာကြည့်ရင်း မင်းညီကိုလိုက်ပို့တာကွ...။အင်းဗျာ...မဆာဘူးဆိုရင်လဲ ရေနွေသောက် လ္ဖက်သုပ်စားအုံးဗျာ...။သောက်မှာပေါ့ကွာ အေးဆေးပေါ့...။ဟာ.........မေ့နေတယ်ဟေ.,............။ဘာတုန်းဟ သန်းထွန်းရ အလန့်တကြားကွာ...။ဦးဦးဖျားဖျား ထမင်းဒါနလုပ်ဖို့မေ့နေတယ်ဟေ...............။ဟင်.....မင်းကလဲကွာ...ဒီလယ်ပွဲအကြောင်းလဲ မင်းသိရဲ့သားနဲ့ကွာ...။အေးဗျာ...။ကျုပ်လဲဆာဆာနဲ့စားလိုက်တာဗျို....။ကဲကဲ ငါ့ညီ ကျွန်တော်တို့ဟာ လယ်ရှင်တွေပါ....... မခြောက်ပါ မလှန့်ပါနဲ့.......ဘာညာဘာညာ...........ပြောပြီးထမင်းလေး ဆီးပင်ခြေရင်းပုံလိုက်အုံးကွာ...။ကျွန်တော်လဲ အကိုပြောတဲ့အတိုင်း ပြောဆိုပြီးထမင်းပုံလိုက်တာပေါ့...။အဲလိုနဲ့ ခနကြာတော့...............
Photo, google
written by htetlinaungg
MSC: 078
great post.
Thank bro
good story
Thank a lot,bro
ငယ်ငယ်က သရဲအခြောက်ခံရဖူးတယ်
စာဖတ်ရင်း ထပ်အခြောက်ခံလိုက်ရပီမလာယ
ကြောက်ကြောက်နဲ့ဖတ်နေတာ ဇာတ်လမ်းဆုံးတော့မှ ဟင်းချနိုင်တယ်
၂မျှော်...ဆက်ရန်လေးတော့ထည့်ပေးပါဦး
ဟုတ်ကဲ့ မေ့သွားလို့ပါအကို
ဆက်လက် ဖော်ပြမည်တော့ လုပ်ပါဦး
သရဲ တစ္ဆေအကြောင်းဆို စိတ်ဝင်စားလွန်းလို့ ပါ
သရဲလည်းတွေ့ဖူးချင်တယ် ဒါပေမဲ့ အမှောင်ထဲတော့ တစ်ခါမှ မသွားရဲဘူး
ဟုတ်ကဲ့ပါအကို ဖတ်ပေးတာကျေးဇူးပါ ကြိုးစားပါဦးမယ်ခင်ဗျာ
ဇာတ်ရှိန်ကတော့ တက်နေပီ...
ဟုတ်
စိတ်ဝင်စားစရာကောင်းတုန်းဗျာ
Comming soon
စိတ်ဝင်စားတယ်ဗျ
တူပီပေါ့
အပိုင်း ၂ မျှော်
လက်ညောင့်း အပိုင်းခွဲလိုက်ရတယ်ဗျာ
စိတ်ဝင်စားတယ် ဆက်ဖတ်မယ်လေ😁😁
Thank for reading my post