Booster များနှင့် ကခုန်ခြင်း(part-1)
မင်္ဂလာပါရှင်။
ယခုအချိန်တွင် မြန်မာစတီးမစ်အဖွဲ့သားများ အားလုံးလိုလို booster လေးတွေသုံး ပြီး steem power ပွားများအောင် အားထုတ်နေကြတာ တွေ့ရပါတယ်။ ထို့အတူ steemit ထဲကိုဝင်ရောက်လာပြီး booster မသုံးသူများ၊
မသုံးတတ်သေးသူများကိုလည်း တွေ့နေရပါသည်။
ယခုရေးသားမည့် ဆောင်းပါးတွင် ကျွန်ုပ်၏ ကိုယ်ပိုင်နည်းလမ်းဖြင့်
Booster သုံးပုံသုံးနည်းကို ဖော်ပြလိုရင်းဖြစ်ပါသည်။
Booster သုံးဖို့ တိုက်တွန်းသော ဆောင်းပါးမဟုတ်ပါ။
ကျွန်ုပ်အနေဖြင့်
Post တင်ပြီးပြီးချင်းဆိုလျှင်
@upvotewhale နဲ့ boost ပါတယ်။
သူက 2.1 ဆ ပြန်ပေးပါတယ်။ သူ power နည်းနေတဲ့အချိန်ဆိုရင်တော့ လာမဘုတ်ပါဘူး။ ပေးထားတဲ့ steem/ sbd ပြန်ပို့ပေးပါတယ်။
Sbd မပို့ခင် steemnow မှာ သွားကြည့်ရင်တော့ ပိုကောင်းတာပေါ့နော်။
Screenshot
ပုံမှာပြထားတဲ့အတိုင်းဆို သူ့မှာ power 90 ကျော်နေပြီဆိုတော့ ခုနေ sbd ပို့ရင် လာဘုတ်မှာ အမှန်ပါ။ သူ 100% လာဘုတ်ရင် 1.2$ ရမယ်ဆိုတော့
အလွန်ဆုံး 0.5 sbd/ steem ပဲ ပို့သင့်ပါတယ်။ ပိုပြီး ပို့မိရင်လည်း ပြန်ပေးမှာ မဟုတ်ပါဘူး။
100% နဲ့ပဲ လာဘုတ်ပေးပြီး ပိုတာကို လှူတယ်လို့ပဲ သူကသဘောထားမှာပါ။
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဟာ ဒွန်တွဲ နေပါတယ်။
Upvotewhale ကိုသုံးတဲ့အတွက် ကောင်းကျိုးနှစ်ခုရှိပါတယ်။
ပထမတစ်ခုကသူက sbd/steem ပို့လိုက်တာနဲ့ တစ်ပြိုင်နက် instant upvote ပေးပါတယ်။
ဒါ့ကြောင့် ပို့စ်တင်ပြီး ပြီးချင်း သူ့ကို အသုံးပြုသင့်ပါတယ်။
Steemit မှာဆိုရင် ပို့စ်တင်ပြီး နာရီဝက်ကျော်မှ ဘုတ်ရင် ဘုတ်တဲ့သူဟာ 25% curation reward ကို ရပါတယ် ။
နာရီဝက်အတွင်းလာဘုတ်ရင်တော့ 25% အပြည့်မရတော့ပါဘူး။
ပို့စ်တင်တဲ့သူသာ 75% ထက်ပိုရမှာပါ (လာဘုတ်တဲ့ မိနစ်တွေအလိုက်)။
ပိုစ့်ရေးပြီးပြီးချင်း ငါးမိနစ်အတွင်းမှာ @upvotewhale ကိုသုံးသင့်ပါကြောင်း................
ဒုတိယတစ်ခုက သူက sbd / steem ဈေးတက်သည်ဖြစ်စေ၊
ကျသည်ဖြစ်စေ 2.1 ဆနဲ့ ပုံမှန်ဘုတ်ပေးတာပါ။
ဘယ်လိုအခါ မျိုးမှာ ကောင်းလဲဆိုတော့
Steem/ sbd ဈေးကျတဲ့ အချိန်မ်ျုးတွေပေါ့။
အရင်လက steem ဈေး 2$ ဝန်းကျင်မှာ ငြိမ်နေစဉ် အခါတုန်းက booster သုံးတဲ့သူတွေ သိကြမှာပါ။
ဘယ်ဟာနဲ့ ဘု, ဘု နှစ်ဆနီးပါးပဲရခဲ့ကြပါတယ်။
(ဒါပေမယ့် မြတ်ပါတယ်)
Minnnow booster ကို 5 ပို့လိုက်ရင် 9.5 လောက်ပဲ ပြန်ရတဲ့အချိန်မျိုးပေါ့။
အဲ့ဒီလို booster တိုင်းနီးပါး နှစ်ဆပဲပေးတဲ့အချိန်မှာ
Upvotewhale က 2.1 ဆ ပြန်ရတယ်လေ။
ဒါ့ကြောင့်......
တခြားbooster တွေ နှစ်ဆပေးချိန် 2.1 ဆ လိုချင်ရင် @upvotewhale ကို သုံးသင့်ပါကြောင်း.....
ရေးသားလိုက်ရပါသည်။
@honeysara
MSC-040
ဘုကြည့်ဦးမှပါ
ဘု ကြည့်ပါ 😃
ဘယ်ကနေသွားဘုရမှာလဲ ပြောပေးပါ
မိနှောင်းကို ပို့သလိုပဲလေ အမ။
@upvotewhale ကို
0.1 လောက်စမ်းပီးပို့ကြည့် ......