အိုလီဗီယာ (ဇာတ်သိမ်းပိုင်း)
''အဘွားအတွက် အရေးကြီးတာ ဘာများလဲရှင့်''
ထိုမေးခွန်းကို အဘွားကြားသောအခါ
အဘွား မျက်ဝန်းထဲတွင် အဆွေးရိပ်လေးများဖြတ်သန်းသွားသည်ကို အိုလီဗီယာ တွေ့လိုက်ရသည်။ အဘွားက တစ်နေရာသို့ တွေတွေငေးငေးလေးကြည့်ကာ တစ်ခွန်းချင်းပြန်၍ပြောသည်မှာ....
''အဘွားအတွက်အရေးအကြီးဆုံးက အဘွားတို့မိသားစုဓာတ်ပုံလေးတွေပေါ့သမီးရယ်၊
နောက်ပီး အဘွားယောက်ျားမသေခင်အသုံးပြုခဲ့တဲ့ ပစ္စည်းလေးတွေပေါ့၊
အဘွားယောက်ျား ထမင်းစားခဲ့တဲ့စားပွဲ၊
အဘွားယောက်ျားထိုင်သွားခဲ့တဲ့ ကုလားထိုင်၊
နောက်ပီး အဘွားတို့ မင်္ဂလာဦး ပစ္စည်းလေးတွေပေါ့''
အိုလီဗီယာ နောက်ဆုံးတော့ နားလည်သွားချေပြီ။
လူသားတစ်ဦး ချင်းစီအတွက် အလိုအပ်ဆုံးမှာ အကောင်းဆုံး ဒီဇိုင်း၊ နောက်ဆုံးပေါ် ပစ္စည်းများမဟုတ်ဘဲ ကိုယ်တန်ဖိုးထားနှစ်သက်သော အသုံးအဆောင်များဖြစ်သည်ဟု။
ယခုတော့ မိမိအလုပ်ပြုတ်ရချင်းအကြောင်းကို နားလည်သွားသည်။
customer က သူတန်ဖိုးထားသော ခေါင်းအုံးလေးကို ဘယ်နားထားရင်လှမလဲဟုမေးသည်။
ထိုစဉ်က အိုလီဗီယာ မှာ ထိုခေါင်းအုံးက ဒိတ်အောက်နေပြီ၊ မသုံးသင့်ကြောင်းပြောကာ customer နှင့် အငြင်းအခုံဖြစ်ပီး အလုပ်ရှင်က customer အလိုကျ အလုပ်ထုတ်လိုက်ချင်းဖြစ်သည်။
ယခု အဘွားရဲ့ ကျေးဇူးကြောင့် အမှန်တရားတစ်ခုကိုသိခွင့်ရလိုက်သည်။ ထိုအမှန်တရားမှာ လူတိုင်း လူတိုင်းတွင် တန်ဖိုးထားသော အရာများရှိသည်၊ ထိုတန်ဖိုးထားသောအရာများမှာ တစ်ဦးနှင့်တစ်ဦးမတူချေ။
့် လူတိုင်းကို မိမိသဘောဆန္ဒအလျှောက် အိပ်ခန်းဒီဇိုင်းဆွဲပေးလျှင် ကြိုက်ချင်မှကြိုက်မည်။ မိမိcustomer မည်သည့်ပစ္စည်းကို တန်ဖိုးထားသလဲ အရင်သိအောင်လုပ်ပီးမှသာ မိမိဒီဇိုင်းပညာဖြင့် အိပ်ခန်းဒီဇိုင်းများကို ဆွဲသင့်ကြောင်း သဘောပေါက်လိုက်သည်။
မိမိအမှားကိုသိပြီမို့ အကောင်းဆုံးကြိုးစားမည်ဟု ဆုံးဖြတ်ကာ အိုလီဗီယာ အတွေးစများကို ဖျက်လိုက်သည်။
''ဒါဆို အဘွားအတွက် အရေးကြီးတဲ့ပစ္စည်းလေးတွေပြပေးနော်၊
ကျွန်မ အကောင်းဆုံးနေရာချထားပေးပါ့မယ်ရှင့်''
အဘွားက သူတန်ဖိုးထားသော အသုံးအဆောင် ပစ္စည်းများကို လက်ညှိုးထိုး၍ ညွှန်ပြသည်။
အဘွားညွှန်ပြသမျှပစ္စည်းများကို အိုလီဗီယာနှင့် အဖွဲ့သားများ
က ကောင်းမယ်ထင်သလို နေရာချပေးလိုက်ကြသည်။
''အဘွား ဒီပစ္စည်းလေးဆို ဒီနားမှာထားတာပိုကောင်းမယ်၊
မိသားစုပုံလေးကို ဒီနားလေးမှာချိတ်၊
ဟိုခုံလေးကို ဒီနားမှာ ထားလိုက်မယ်အဘွား...
xxxxxxx
xxxxxxxx
xxxxxxxx.....''
ဤသို့ဖြင့် ပစ္စည်းများအားလုံးနေရာချ၍ ပြီးချေပြီ။
Image Source> https://goo.gl/images/HriCTb
'' သမီး အိုလီဗီယာ တော်လိုက်တာကွယ်၊
အဘွားအခန်းလေးက ကြည့်ပျော်ရှု့ပျော်ဖြစ်သွားပြီ။
နေချင်စရာလေး''
''ရပါတယ် အဘွား၊
အဘွားကျေနပ်တယ်ဆိုလို့
ကျွန်မတို့တစ်တွေလည်း ပီတိဖြစ်ရပါတယ်ရှင်''
အိုလီဗီယာ နဲ့ အဖွဲ့သားတွေ အဘွားကို နှုတ်ဆက်ကာ
ပြန်လာခဲ့ကြသည်။
အပြန်လမ်းတွင်....
'' ကျွန်တော့်အဘွားကို စိတ်ချမ်းသာအောင်လုပ်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်''
''ရပါတယ်ရှင်''
'' မင်းရဲ့ဒီဇိုင်းပညာက တော်တော်ကောင်းတာပဲ။
မင်း ဒါကို အားသာချက် အနေနဲ့ အသုံးချသင့်တယ်''
''ရှင် ဘာကိုဆိုလိုတာလဲ?
ကျွန်မနားမရှင်းဘူး''
'' ဒီလိုလေဗျာ...
ကျွန်တော်တို့ပြိုင်ဘက် ''အက်ခ်မီ'' ကုမ္မဏီ က ဒစ်စကောင့်တွေလျှော့လို့သာ လူကြိုက်များပြီး နာမည်ကြီးလာတာလေဗျာ''
''အင်းလေ၊ အဲ့ဒီတော့....''
''ကျွန်တော်ဆိုလိုတာက ဒီကောင်တွေက ဘာဒီဇိုင်းပညာမှတက်တာမဟုတ်ဘူးဗျ။ နောက်ပီး ဒီဇိုင်နာတွေဘာတွေလဲမရှိဘူး။
သူတို့တွေက ပစ္စည်းတွေကို ဖြစ်သလိုပဲ နေရာချပေးလိုက်တာ။
customer တွေကပဲ သူတို့ချပေးတဲ့ပစ္စည်းတွေကို ပြန်ပြီး နေရာချရတယ်လေ.....
ကျွန်တော်တို့ဆီမှာ ခင်ဗျားလို နယူးယောက်က ဒီဇိုင်းနာကောင်းတစ်ယောက်ရှိနေတော့.....
အိမ်ရွှေ့ပြောင်းဝန်ဆောင်မှုအပြင် အိပ်ခန်းဒီဇိုင်းဆွဲပေးတဲ့ ဝန်ဆောင်မှုကို free အနေနဲ့ ထည့်ပေးလိုက်မယ် ဆိုရင်ရောဗျာ...! ''
'' ဟာ ဟုတ်သားပဲ။
အိပ်ခန်းဒီဇိုင်းဆွဲပြီး ပစ္စည်းတွေကို သေချာနေရာချပေးလိုက်ရင်
လူကြိုက်များလောက်တယ်နော်!''
'' ဟုတ် ကျွန်တော်ပြောချင်တာ အဲ့ဒါ ''
''ဟုတ်ပြီ။
ဒီအကြံကောင်းတယ်။
အခုပဲ လက်ကမ်းစာစောင်ကြော်ငြာဒီဇိုင်းဆွဲလိုက်မယ်''
''လက်ကမ်းစာစောင် ကိစ္စနောက်မှလုပ်ပါဗျာ..
ခင်ဗျားရဲ့ ညဝတ်အင်္ကျီကို အရင်လဲလိုက်ပါဦး''
''ဟုတ်သားပဲ hee''
''ဟား
ဟား
ဟား''
အိုလီဗီယာတို့ လိုက်ပါလာသော truck ကားထဲတွင် ရယ်သံလေးများ လွှမ်းခြုံ သွားလေတော့သည်။
နိဂုံးချုပ်ရသော် အိုလီဗီယာ တို့ လက်ကမ်းစာစောင်တွေရိုက်ကာ
မြို့ထဲအနှံ့ လက်ကမ်းစာစောင်တွေ လိုက်ဝေသည်။
အိပ်ခန်းဒီဇိုင်းဆွဲခြင်းကို free ဝန်ဆောင်မှု ပေးသဖြင့် လူစိတ်ဝင်စားမှုများကာ customer တွေ ပြန်ရလာသည်။
customer တစ်ဦးချင်းဆီ၏ အကြိုက်ကိုလိုက်ကာ ဒီဇိုင်းဆွဲပေးသဖြင့် အိုလီဗီယာရဲ့ ဒီဇိုင်းများကို လူကြိုက်များကြသည်။
ဤနည်းဖြင့် ပြိုင်ဘက်ကုမ္မဏီကို အလဲထိုးလိုက်နိုင်သည်။
အိုလီဗီယာ ရဲ့ အောင်မြင်မှုက ထိုမျှနှင့် မပြီးသေး။
နယူးယောက်မှ အလုပ်ရှင်သူဌေးက အလုပ်လုပ်ရန် ပြန်၍ ကမ်းလှမ်းသဖြင့် အိုလီဗီယာက ဝမ်းသာအားရပြန်၍ လက်ခံလိုက်သည်။ ပြန်လည်အဆင်ပြေချောမွေ့နေပြီဖြစ်သော '' ဝယ်လ်ဆင်'' ကုမ္မဏီကို အဖေ့လက်ထဲလွှဲပြောင်းပေးလိုက်ပြီး နယူးယောက်သို့ ထွက်ခွာရန်ပြင်လိုက်သည်။ နယူးယောက်သို့်မသွားမီ အိုလီဗီယာ
နှုတ်ဆက်စကားဆိုချင်သော လူတစ်ဦးရှိပါသေးသည်။ ထိုသူမှာ
ရှေ့နေပညာကိုဝါသနာပါသော ဝန်ထမ်းခေါင်းဆောင်ကောင်လေးပင်ဖြစ်သည်။ အနေနီး ၍ နှစ်ဦးစလုံးမှာ သံယောဇဉ် တွေဖြစ်နေကြသည်။ နှုတ်ဆက်စကားဆိုရန် ထိုကောင်လေးရှိသော ပါတီပွဲသို့လိုက်သွားသေါအခါ ထိုပါတီပွဲတွင် အရင်ရည်းစားဟောင်းကောင်မလေးနှင့် စကားပြောနေသော ကောင်လေးကို တွေ့လိုက်ရသောအခါ နှုတ်ဆက်စကားပြောဖို့မလိုဟု ယူဆကာ လေယာဉ်ကွင်း သို့ ကားငှါး၍ သွားလိုက်တော့သည်။
Image Source> https://goo.gl/images/mJm8wz
နယူးယောက်မြို့ ....
customer တွေနှင့်အဆင်ပြေနေသော အိုလီဗီယာ ကိုကြည့်ကာ အလုပ်ရှင်သူဌေးမှာ ကျေနပ်နေသည်။
'' အိုလီဗီယာရေ မင်းအတွက်သတင်းကောင်းပဲ''
''ဘာများလဲ ဘောစ့်''
''ဟို တစ်ခါ မင်းဒီဇိုင်းဆွဲပေးလိုက်တဲ့ customer တစ်ယောက်လေ၊ မင်းရဲ့ဒီဇိုင်းတွေကို ကြိုက်လို့တဲ့၊ သူနယူးယောက်မှာ အသစ်ဖွင့်မယ့် စားသောက်ဆိုင်ဒီဇိုင်းကိုလည်း မင်းနဲ့ပဲအလုပ်, လုပ်ချင်တယ်တဲ့ ကမ်းလှမ်းလာတယ်။ ''
''ကျွန်မအကောင်းဆုံး ကြိုးစားပါ့မယ် ဘောစ့်''
နယူးယောက်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သော အဆင့်မြင့် စားသောက်ဆိုင်ကြီးအတွက် ဒီဇိုင်းတွေ ကုန်ကြမ်းတွေပြင်ဆင်ရင်း အချိန်တွေတရွေ့ရွေ့ ပြောင်းလဲလာသည်။ ထိုပြောင်းလဲမှုတွေကြား ပြောင်းလဲ၍မရသည်မှာ တစ်စုံတစ်ဦးကို နေ့စဉ်နှင့်အမျှ သတိရတမ်းတမိသောစိတ်ဖြစ်သည်။ ထိုသို့သတိရစိတ်ပေါ်လာလေတိုင်း
''သူ့ရည်းစားဟောင်းနဲ့ အဆင်ပြေသွားပါပြီလေ၊ ငါသူ့ကိုမေ့သင့်ပီ''
ဟု ဖြေသိမ့်ကာ အလုပ်ထဲကိုသာ စိတ်နှစ်ပစ်လိုက်သည်။
Image Source > https://goo.gl/images/EBPQd7
စားသောက်ဆိုင် ဖွင့်ပွဲနေ့......
အိုလီဗီယာ မိန့်ခွန်း ပြောကြားရမည်ဖြစ်သည်။
ဆန်းသစ်သော ဒီဇိုင်းနှင့်ပတ်သက်၍ မိမိဘယ်သို့ဘယ်ပုံ စဉ်းစားခဲ့သည်များကို အသေးစိတ် မိန့်ခွန်းပြောပြီးနောက် လက်ခုပ်သံတွေ ဆူညံသွားသည်။
'' ဖြောင်း ဖြောင်း ဖြောင်း''
ထိုလက်ခုပ်တီးသူများကြားတွင် သူမအတွေ့ချင်ဆုံး ၊ နေ့စဉ်နှင့်အမျှ သတိရမိသော လူသားတစ်ဦး ကိုတွေ့လိုက်ရသည်။
ထိုကောင်လေးဆီ သွားရန် ဟန်ပြင်လိုက်စဉ်...
အလုပ်ရှင်သူဌေးက ရောက်လာပြီး အိုလီဗီယာကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
'' အိုလီဗီယာ မင်းတော့နာမည်ကြီးပြီ သိလား။
ဒီပွဲမှာ လုပ်ငန်းရှင်တွေအများကြီးပဲ တက်ရောက်ကြတယ်။
သူတို့မင်းလက်ရာဒီဇိုင်းကို တော်တော်ကြိုက်နေကြတယ်။
မင်းကို နောက်ထပ် ဒီဇိုင်းတွေ အပ်ဦးမယ်ဆိုတာ ငါလောင်းရဲတယ်။ မင်းအတွက် အရမ်းဂုဏ်ယူတယ်ကွာ''
''ဟုတ်ကဲ့ ဟုတ်ကဲ့...
ကျွန်မသွားစရာလေးရှိလို့ ခွင့်ပြုပါဦးနော်''
ဘောစ့်ကို စကားအမြန်ဖြတ်ခဲ့ကာ စားသောက်ဆိုင်ဖွင့်ပွဲ အပြင်သို့ ထွက်လာခဲ့ကာ တစ်စုံတစ်ဦးကို ရှာဖွေလိုက်သည်။
''နယူးယောက်သွားမည်ဆိုလည်း အနည်းဆုံးတော့ ကိုယ့်ကိုနှုတ်ဆက်သင့်တာပေါ့ကွာ''
အသံကြားရာဆီသို့ ကြည့်လိုက်သောအခါ တွေ့ပါပြီ သူမမျှော်နေတဲ့သူ.....
''ရှင်က ရှင့်ရည်းစားဟောင်းနဲ့အဆင်ပြေနေလို့...မနှုတ်ဆက်သင့်တော့ဘူးထင်လို့လေ''
''ဘယ်ကလာအဆင်ပြေရမှာလည်း...
အဲ့ဒီနေ့က သူ့မင်္ဂလာဆောင်ကျရင် လာခဲ့ဖ
ို့ ကိုယ့်ကိုလာဖိတ်တာလေ။
မင်းကသာ ကိုယ့်ကိုနှုတ်ဆက်မသွားတာ ကိုယ်ကတော့
မင်းကိုနေ့တိုင်းသတိရနေတာ''
''ကျွန်မလည်း ရှင့်ကို နေ့တိုင်းသတိရနေတာပါ''
''ရှင်က နယူးယောက်ကို ဘာလာလုပ်တာလဲ?''
'' ကိုယ်က မင်းရှိနေတဲ့ ဟောဒီနယူးယောက်မြို့မှာ ကျောင်းတက်ဖို့ အွန်လိုင်းကနေ လျှောက်ထားတာ၊ ဝင်ခွင့်ရပြီလေ၊ ကိုယ်ဖြစ်ချင်တဲ့ ရှေ့နေကြီး ဖြစ်တော့မယ်''
''wow...ကွန်ဂရက်ကျူ လေးရှင်း ပါနော်''
''I love you''
''I love you too''
ပြီးပါပြီ။
Writer,
@honeysara
MSC 040
ပျော်ရွှင်စရာ ဇာတ်သိမ်းလေးပါပဲ အစ်မရေ .. တန်ဖိုးထားရဆုံးက အရေးကြီးတဲ့ ပစ္စည်းလေးတွေပါပဲလေ ..
yes , thank you.
ဇာတ်သိမ်းလေးတော့ ကြိုက်ပြီလေ အပေါ်ကအပိုင်းတွေ ပြန်ဖတ်ရအုံးမယ်
ဟက်ကဲ့။
မင်းရှိနေတဲ့ နယူးယောက်
I love u too
so good
ဟုတ် ကျေးဇူးပါ ဆရာမ 😊
ဇာတ်သိမ်းခန်းလေးက
စာဖတ်သူအကြိုက်ပါ့ဗျာ
အလဲ့ 😇
အဘွားအတွက် အရေးကြီးတာ အဘိုးပေါ့ကွယ် ငိငိ
အမှန်ပဲဆို 😂
happy endingလေးနဲ့အရမ်းကောင်းပါတယ်
ဟု ကျေးဇူး
အို့ I love Youတဲ့
Happy ending 😁
နယူးဟောက်မြို့ထိလိုက်လာတာ ဘာရမလည်း😊
ကိုယ်လာပီ မင်းဆီကို 😛
အော် သူတို့နှစ်ယောက် အဆင်ပြေသွားလေသတည်းပေါ့နော် ။ အန်တီအိုလီဘာ ။
ဟုတ်ပါတယ် ဦးဦး။
ဇာတ်သိမ်းလေးတော့ လှလှလေး သတ်တတ်တယ် မဆိုးဘူး မြန်မာပြည်မှာ ဒါရိုက်တာ လုပ်လို့ ရပြီ
ဦးဇင်းကို ခေါင်းဆောင်မင်းသားတင်ရိုက်မယ်လေ 😁