မေတ္တာရိပ်မြုံ
"အူဝဲ အူဝဲ" ဟူသော ငိုသံနှင့်အတူ လူသားလေးတစ်ဦးမွေးဖွားလာသည်။ ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ် နီတာရဲ ကလေးလေး။ သားဦးလေးမို့ မိဘနှစ်ပါးက တုန်နေအောင်ချစ်ရှာသည်။ ကိုဘဦးနှင့် ဒေါ်စောမြတို့ လင်မယားနှစ်ယောက် ယခုမှ လူ့လောကထဲ အလည်ရောက်လာသည့် သားလေးကိုကြည့်ကာ ကြည်နူးနေကြသည်။
Image Source
"ကိုဘဦး "
"ဟေ"
"သားလေးကို ဘယ်လိုနာမည်ပေးရင် ကောင်းမလဲတော့"
"ငါ့သားလေးက လူချောလေးကွ နေတိုးလို့ နာမည်ပေးလိုက်ကွာ"
"အာ မင်းသားနာမည်ကြီး၊ တော်ကလည်း"
"ဒါဆို အောင်ရဲလင်းလို့ ပေးလိုက်ကွာ"
ဒေါ်စောမြတစ်ယောက် စိတ်မရှည်ချင်တော့၊ မိမိကအတည်မေးနေသည်ကို ကိုဘဦးက သူ့ဗီဇ အတိုင်း ရွှတ်နောက်နောက်လုပ်နေသည်။
" ကို ဘဦး ကျုပ်စိတ်မရှည်တော့ဘူးနော်၊ ရှင်ဘယ်လိုဖြစ်နေတာလဲ တကတည်း"
" ငါ့သားလေးမျက်နှာမြင်ရတာ ပျော်လွန်းလို့စမိတာပါ မိန်းမရယ်၊
နောက်ဆို မင်းကိုမိန်းမလို့မခေါ်တော့ဘူး အမေကြီးလို့ ပြောင်းခေါ်ရမယ် ဟဲဟဲ"
ImageSource
ကိုယ့်ယောက်ျား အပျော်တွေလွန်နေတာကိုကြည့်၍ ဒေါ်စောမြပါ အပျော်တွေကူးစက်သွားသည်။ ယခုဆိုလျှင် သူမ ကလေးအမေတစ်ယောက်ဖြစ်ချေပြီ။ အသက်ကြီးမှ မမျှော်လင့်ဘဲ ရလာသည့် ရင်သွေးလေးမို့ ၀မ်းသာပျော်ရွှင်ရသည်။ ဒီကလေးလေးကို ဘုရားပေးသည့် ဆုလာဘ်ဟုသာ မြင်မိသည်။ ရင်သွေးလေးကို ၀မ်းတွင် လွယ်ထားသော အချိန်မှစ၍ ချဉ်၊ ငန်၊ စပ်၊ ခါး အရသာများကို သတိပြုရှောင်ကျဉ်ခဲ့ရသည်။ ယောက်ျားဖြစ်သူကလည်း ဂရုစိုက်ရှာပါတယ်လေ။ အလေးအပင်တွေဆို လုံးဝမ,မခိုင်းခဲ့သည့်အပြင် အိမ်ထဲတွင် နားနားနေနေ နေစေသည်။ ဒါ့အပြင် မီးဖွားရလွယ်စေသည်ဟု နာမည်ကြီးသည့် အင်္ဂုလပရိတ်ကိုလည်း နေ့စဉ်နာကြားစေသည်။ ကိုဘဦး ကိုယ်တိုင် ရွတ်ဖတ်ပေးခြင်းတော့မဟုတ်ပါ။
ပရိတ်ကြီး ၁၁သုတ်အခွေဝယ်ကာ နေ့စဉ် နေ့လည်၁နာရီထိုးတိုင်း ထိုအခွေကိုဖွင့်ပေးကာ ပရိတ်တော်တွေကို နာကြားခိုင်းခြင်းဖြစ်သည်။
Image Source
ကိုဘဦးက သားဦးလေးမျက်နှာကို ကြည့်မ၀ဖြစ်နေရာမှ မိန်းမဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။
"ဟေ့ အမေကြီး ငြိမ်ချက်သားကောင်းလှချည်လား၊ ဘာတွေတွေးနေတာလဲ၊ အော်...သိပြီ၊ သားလေးအတွက် နာမည်စဉ်းစားနေတာမို့လား"
ဒေါ်စောမြ ချော်လဲရောထိုင်လိုက်သည်။
"ဟုတ်တယ်တော့်...သားလေးအတွက် နာမည်စဉ်းစားနေတာတော်ရေ"
"ရွာဦးကျောင်းက ဆရာတော်ကိုပဲ သားလေးအတွက် နာမည်ရွေးဖို့ လျှောက်ရင် မကောင်းလားကွ ဟေ"
"ရှင့်အကြံ ကောင်းတယ် အဖေကြီးရေ"
"အမေကြီးက ကျုပ်ကို အဖေကြီးလို့ခေါ်တယ် ကြည့်စမ်း ဟားဟား"
"ရှင်တောင် ကျုပ်ကို အမေကြီးလို့ခေါ်သေးတာ၊ ကျုပ်လဲ အဖေကြီးလို့ ပြန်ခေါ်မှာပေါ့တော့ အဖေကြီးရ "
"အေးပါကွာ ဟားဟားဟား"
နယ်မြို့လေးတစ်မြို့၏ သားဖွားဆောင်အတွင်း ရယ်သံလေးတွေ လွှမ်းခြုံသွားတော့လေသည်။ ။
မိဘတိုင်း ကိုယ့်သားသမီးအပေါ် မေတ္တာထား ချစ်နိုင်ပြီး မေတ္တာရိပ်မြုံလေးတွေ ဖြစ်နိုင်ကြပါစေ။
Author = @honeysara
MSC-040
မိဘမေတ္တာပေါ့...
ဟု။
မိဘတိုင်း သားသမီးအပေါ် မေတ္တာထားနိုင်ကြပါစေ
👍
ကြည်နူးစရာမိသားစုပုံရိပ်လေး
အလဲ့ 😄
မိဘ➳ ❦ ♥ ➳ သားသမီး
ဟုတ် 👪
အားပေးသွားပါတယ်ခင်ဗျာ။အေးချမ်းတဲ့မေတ္တာရိပ်မြုံလေးတွေကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးပါအစ်မရေ။
ဟုတ် ကျေးဇူးပါ။
အနှိုင်းမဲ့ မိဘမေတ္တာများကို ဦးခိုက်လျှက်ပါ အစ်မရေ
ဟုတ်ကဲ့ရှင့်။
အရေးအသားလေးက ဆွဲခေါ်သွားသဗျ
ကျေးဇူးပါ 😁
Nicaragua....aqua for my bunghole.....arriba...
Long time no see @cornholio 😁
ဒါပေါ့ ကျုပ်ဆို အမျိုးသမီးက မီးဖွားကာနီးဆီးချိုတွေ့ လို့  ၂၆ ရက်လုံးလုံး ဆေးရုံမှာ မိဘတွေကလည်းအဝေးမှာဆိုတော့
ကိုယ်ပဲလူနာစောင့် ကိုယ်ပဲ အိမ်ပြေးလိုက် ဆေးရုံပြေးလိုက်နဲ့  အခန်းလည်းငှားမရ ကားပါကင်မှာ သရဲအခြောက်ခံအိပ်ခဲ့ရတာ။ ကလေးမျက်နှာမြင်လိုက်တော့လည်း ခြင်ကိုက်ခံခဲ့ရတာ မေ့သွားရော ...
ချစ်လိုက်တာမှတုန်လို့  .... အော် ကလေးကိုပြောပါတယ် :D
မှတ်မိသေးတယ် အသဲအသန်ငွေလိုနေခဲ့တာ မင်းခန့်ညား အတော်မောခဲ့ရမှာပဲ
ကားပါကင်မှာ သရဲခြောက်ခံရပုံကို ဆောင်းပါးရေးပေးပါ 😜
မိဘတိုင်းကတော့ ချစ်ကြမှာပါလေ....
ကလေးမွေးပြီး အမှိုက်ပုံမှာ သွားစွန့်ပစ်တဲ့ မိဘတွေရှိတယ်ဆွာ သိရင်ကောင်းမယ် 😢
မိဘမေတ္တာ
ဟုတ်မမ.