The Kookie Thief
တစ်နေ့ လေဆိပ်မှာအမျိုးသမီးတစ်ယောက်လေယာဉ် စောင့်နေသည်။
သူမ စီးရမည့်လေယာဉ်က သုံးနာရီလောက် စောင့်ရဦးမည်။ ထို့ကြောင့် သူမသည် ကွပ်ကီး တစ်ထုပ်ကို ဝယ်ပြီး စာအုပ် တစ်အုပ်ရှာကာ စာဖတ်နေခဲ့သည်။
စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းကနေ သူမူတစ်ခုကို သတိရလာသည်။
ကြည့်စမ်း။ သူမဘးမှလူတစ်ယာက်သည် ကွပ်ကီး ထုပ်ထဲမှ ကွပ်ကီးနှစ်ခုသုံးခုနိုက်စာနေသည်ကို တွေ့သည်။ မပြောချင်သောကြောင့် မသိချင်ယောင်ဆောင်နေလိုက်သည်။
သူမ စာဆက်ဖတ်သည်။ ကွပ်ကီး ကိုလည်းစားသည်။ မကြာခဏ နာရီ ကိုလည်းကြည့်ရသည်။အတင့်ရဲ့လှသည့် ကွပ်ကီးသူခိုးကြောင့် သူမ၏ကွပ်ကီးထုပ်သည် ကုန်ကာလုနီးပါးဖြစ်လာသည်။စိတ်ကလည်းတိုသထက်တိုလာသည်။ "အင်း ငါလိုသဘောကောင်းတဲ့သူမို့ငါပေါ့ နို့မို့ဆိုလျင် မျက်နှာကို ပစ်ထိုးမိမှာ" ဟုသူမစိတ်ထဲ ကြိတ်ရေရွတ်သည်။
သူမစိတ်ထဲဘယ်လိုနေနေ ထိုသူတစ်နှက်လျှင်သူမလည်းတစ်ခုနိုက်စားသည်။ အထုပ်ထဲ၌ ကွပ်ကီး တစ်ခုတည်းကျန်တော့သည့်အခါ ထိုသူသည် ရယ်မောကာ ကွပ်ကီး ကိုနှစ်ပိုင်းပိုင်၍ သူတစ်ပိုင်းစာ၍ ကျန်တစ်ပိုင်းအား သူမအားပေးသည်။အမျိုးသမီးသည် ထိုသူပေးသည့်တစ်ပိုင်းကို ဆက်ကနဲ ဆွဲယူပြီးစဉ်းစားမိသည်။" ကြည့်စမ်းပါဦး ဒီလူက ရဲတင်းပြီး ရိုင်းလဲရိုင်းသေးတယ်ကျေးဇူးတင်တဲ့အမူအရာတောင် တစ်စက်လေးမှ ပြဖော်မရဘူး" ဟု သူမစိတ်ထဲမှာ ကျိတ်မနှိင်ခဲမရ ဖြစ်နေမိတော့သည်။လေယာဉ်ခရီးစဉ်ခေါ်ပြီဆိုတော့ ကျွတ်ပြီ လွတ်ပြီ စိတ်ထဲ၌ပေါ့သွားကာ သက်ပြင်းချမိသည်။သူမသည် ကွပ်ကီး နိုက်စားသည့်သူအားတစ်ချက်မျှပင်လှည့်မကြည့်ပဲ အထုပ်များကိုသယ်ကာ လေယာဉ်ထွက်မည့်ဂိတ်သို့ ထွက်ခွာလာခဲ့သည်။
လေယာဉ်ပေါ်ရောက်သည်။ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ပြီးကာနီးစာအုပ်အားဆက်ဖတ်ရန် အိတ်ထဲနိုက်လိုက်သည်။ အဲ့သည့်အခါမှ သူမ အံအားသင့်ကာ ဟယ်ကနဲ ဖြစ်သွားတော့သည်။သူမကွပ်ကီးထုပ်သည် သူမအိတ်ထဲ၌ပင်ရှိနေပါသည်။
သူမအကြီးအကျယ်နောင်တရမိနေတော့သည်။ပြန်၍တောင်းပန်ရမည်လည်းမဖြစ်နှိင်တော့ချေ။ သူက ငါ့ကို စားပါစေဆိုပြီးပေးနေတာကို သူမ
စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ အခုတော့သူမသာလျှင် ရိုင်းသောသောသူ၊သူမသာလျှင် သူတစ်ပါးမုန့်ကိုနိုက်စားသူ၊ကွပ်ကီး သူခိုး။
ဆရာဖေမြင့်
(နှလုံးသားအဟာရ)
Photo credit google image
အားပေးနေပါတယ် အစ်မ
Yes, thanks😊
copy ကူးထားတာဟုတ်ဘူးနော်com ကို အစ ကbroထင်နေတာမို့ ဆောတီးအစ်မ
Good post
Good
very good
Done
စားချင်တယ် နဲနျဲေး😁
good post
Good
video ကြည့်ဖူးတယ် တကယ်ပညာရစေပါတယ်