ဝါသနာ မှ စေတနာ

in #myanmar7 years ago

အားလုံးပဲ မင်္ဂလာ ညချမ်းလေးပါရှင်။ ကျွန်မက ဒီကနေ့ ရေးသားချင်တဲ့အကြောင်းအရာကတော့ " ကျွန်မနှင့် အချက်အပြုတ် ဝါသနာ" အကြောင်းအရာလေးဖြစ်ပါတယ်။
စာရေး မယ်ဆိုတော့ ကျွန်မစဉ်းစားမိတဲ့အကြောင်းအရာလေးတွေအများကြီး ရှိတယ်ပေါ့နော်..ဒီကနေ့မှာတော့ ကျမရဲ့ ဝါသနာလေးဖြစ်တဲ့ ဟင်းချက်နည်း လေးကိုမှီငြမ်းပြီး စာတိုလေးတစ်ပိုဒ်ဖြစ်အောင်
ဖန်တီးပါမယ်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်က ကျွန်မသည် ရုံးမှအလုပ်ကိစ္စဖြင့် စစ်ကိုင်းမြို့လေးသို့ marketing သွားရပါသည်။ စစ်ကိုင်းမြို့ ရုံးခွဲတာဝန်ခံမှ ကျွန်မတို့အား နေ့လည်စာဧည့်ခံရန် မြို့ထဲရှိ ရွှေပြည့်စံ ဆိုသောစားသောက်ဆိုင်လေးအား ခေါ်သွားခဲ့ပါသည်။ တာဝန်ခံမှ ဟင်းများမှာလိုက်သည်..ကြက်ကုန်းဘောင်ကြီးကြော်၊ ဝက်ပဲငါးပိ၊ အစုံကြော်နှင့် ဟင်းရည်တစ်မျိုး ပေါ့...ထိုအချိန်တွင် ကျွန်မတို့ မန္တလေးတွင် အစုံကြော်ဆိုသည်မရှိ၊ ရှိသည်ဖြစ်စေ ကျွန်မမကြားဖူးသည်လည်း ဖြစ်နိုင်ပါသည်။ ဟင်းပွဲများ ရောက်လာပြီ.. ကျွန်မ စူးစမ်းချင်သော အစုံကြော်မှာ နောက်ဆုံးမှတွင်သာ ရောက်လာပါသည်။ အစုံကြော်- ဝက်သား (နားရွက်၊အူ၊အသား၊အသဲ၊ဝက်အူချောင်း၊နံကင်)၊ ပဲပြား၊ခါကြက်ဥ၊ငရုတ်ပွ စသဖြင့် တော်တော်လေးစုံပါသည်..အရသာမှာလည်း တော်တော်ထူးထူးခြားခြား ကောင်းလှပါသည်။ ကျွန်မ ထိုလက်ရာ၊ ပါဝင်သည့် အသား အသီးအနှံ တို့ကိုသေချာစွာ မှတ်ထားခဲ့ပါသည်။ ကျွန်မလည်း ပြီးခဲ့သည့် ရက်တွေက မအားလပ်တာက တကြောင်း၊ အိမ်ပြင်နေသည်က တစ်ကြောင်းဖြင့် မိမိ အစွမ်းပြမည့် ရက်အား ချိန်ဆနေရပါသည်။ မနေ့က တော့ တနင်္ဂနွေနေ့လည်းဖြစ် အိမ်တွင်လည်း လူစုံသောကြောင့် မအားသည့်ကြားကပင် ထိုဟင်းကို ချက်လိုက်ပါသည်။ ဟင်းချက်ရန် လိုအပ်သည်များအားဝယ်ယူရန် ဈေးသို့ မနက်စောစော ထွက်ခဲ့ရပါသည်။ နေမြင့်သွားလျှင် ကိုယ် ဝယ်ချင်သော အမျိုးအမည်များ မစုံလင်မည်စိုးသောကြောင့်ဖြစ်ပါသည်။ ကျွန်မ ဦးစွာ ဝက်သားရောင်းသည့်ဆိုင်သို့ ဝင်လိုက်ပါသည်။ တော်တော်လေးစောင့်လိုက်ရပြီးမှသာ ကိုယ့်အလှည့်ရောက်ရှိလာပါတော့သည်။ ဝက်သား အစုံ သယ်ပြီး၍ အခြားလိုအပ်သော ရွှေပဲသီး၊ ခါကြက်ဥ၊ ငုံးဥ ၊ကြက်သွန်ဖူး၊ ပဲပြားများလည်းဝယ်ခဲ့ပါသည်။ အိမ်သို့ရောက်ပြန်တော့လည်း ဝက်သားများကိုအချိန်အတော်ကြာကြာ အိနေအောက် နူးနေအောင်ပြုတ်လိုက်ရသည်..၊ ဝက်သားအိပြီးလျှင် အသီအရွက်များ ရေစင်အောင်ဆေး၍ စစ်ထားပါသည်။ ထို့နောက်ကြက်သွန်နီလေးစိပ်ထိုး ဂျင်းကြက်သွန်ဖြူ ဓါးပြားရိုက်၍ ဆီသက်ပြီး ရေစစ်ထားသော အသီးအရွက်များထည့်၊ အသားများထည့်..အရသာအနေနှင့် ဆား၊ကြက်သွန်ဖြူ၊ငရုတ်ကောင်း၊ကြက်သားမှုန့်၊ ဟင်းခပ်မှုန့် စသည်တို့ကို အရသာ အစပ်တည့်အောင်ထည့်ပါသည်။ ကျွန်မ စားခဲ့ဖူးသော အရသာရှိသော ဟင်းတစ်ခွက်ကို အိမ်မှ လူများစားစေချင်သည့် စေတနာရော ထည့်ထားလိုက်ပါသည်။ ထို့နောက် အဲ့ဒီဟင်းလေးနှင့်အစပ်တည့်အောင် ကျောက်ပွင့်သုပ်အချဉ်လေးနှင့် ပဲစိမ်းဘူးဟီး.ဟင်းချိုလေး ချက်ပေးလိုက်ပါသည်။ အိမ်မှ လူများ ထမင်းစားချိန်တွင် အားပါးတရ စားကြသောအခါ ကျွန်မအဖို့ ပင်းပန်းသည်ဟုမထင်ဘဲ နှလုံးပီတိ ဂွမ်းဆီ ထိ ကြည်နူးမှု အလျှံပယ် ဖြစ်ခဲ့ရပါတော့သည်။ ကျွန်မ ဖန်တီးခဲ့သော ရွှေပြည့်စံစားသောက်ဆိုင်မှ ကျောရိုးယူထားသော ဟင်းတစ်ခွက်အား ပုံတွင်ဖော်ပြထားပါသည်။
Written By Zin Wai Hmu
IMG_20180204_113808.jpg

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62613.64
ETH 2438.01
USDT 1.00
SBD 2.67