ချိုးနှိမိသင့်သည့် အဆိုးမြင်စိတ်

in #myanmar6 years ago (edited)

တစ်ခါတစ်လေ.... ကျွန်မဟာ လမ်းမှန်ပေါ်က လူလား..
လမ်းကြောင်းအမှားပေါ်ကနေမှ ကျွန်မ မှန်ပါတယ်..မှန်ပါတယ်.. ဟစ်အော်နေသည့် သူလား ..
လမ်းအမှန်ပေါ်ကတတဆင့် လမ်းကြောင်းမှားကိုလျှောက်နေသည့်သူလား ဆိုတာပင် တွေဝေနေမိပါသည်။ လူအများနှင့် ဆက်ဆံရင်း၊ပေါင်းသင်းရင်း positive thinker_negative thinker ထိုသူနှစ်မျိုးကို တွေ့ရှိ ခဲ့ပါသည်။ ထိုအထဲတွင် ကျွန်မသည် လုံးဝနီးပါးပင် negative thinking သမားဟု မှတ်ယူထားသည်။ သို့ရာတွင် မိမိကိုယ်မိမိ negative သမားဖြစ်သည်ကို သိသည်။ ပြောင်းလဲယူသည်။ ထိုအရာကိုရော ဟန်ဆောင်ခြင်းဟု ခေါ်နိုင်ပါသလား။ စိတ်ထဲမပါဘဲ လုပ်ယူနေခြင်းဟူ၍ ရော ပြော၍ ရနိုင်ပါသလား။ ကျွန်မအထင်တော့ အမှားကို ကြိုးစား၍ အမှန်ပြင်နေခြင်းဖြစ်မည်ဟု ထင်ပါသည်။ ထိုသို့ပြောင်းလဲနေခြင်းသည်လည်း တစ်ပါးသူအထင်ကြီးစေခြင်းထက် မိမိကိုယ်ကိုယ်မိမိ ပြောင်းလဲစေခြင်းအား စွမ်းဆောင်သည်မှာ ပို၍ အဓိကကျပါသည်။ ဥပမာ- လူတစ်ယောက်သည် အလွန်ပင် ဆင်းရဲနေရာမှ ရုတ်တရက်ထီထပေါက်၍ အရမ်းချမ်းသာသွားသည် ကို လူလေးေ်ယောက်က တွေ့သည်။ ပထမလူသည် ထိုသူချမ်းသာသွားသည့် အကြောင်းအရင်းကို မသိချင် ၊ ချမ်းသာသွားသည်ကိုပဲ မုဒိတာ ပွားသည်။ ဒုတိယလူ သည် ၎င်းသည် အရည်အချင်း စိုးစိမျှ မရှိ၊ ထီပေါက်၍သာ ချမ်းသာသွားသည်။ အလကားပါကွာ ဟု ရှုံ့ချသည်။ တတိယလူသည် ၎င်းသည် ကံအလွန်ကောင်းသောကြောင့် ထီပေါက်ခြင်းဖြစ်သည် ဟု မုဒိတာပွားနိုင်သည်။ သို့ရာတွင် ငါသည် သူ့လောက်မှပင် ကံမကောင်းနိုင် ၊ ထီထိုးလည်း ပေါက်မှာမဟုတ်ဟု ထီမထိုးဘဲ ဒီတိုင်းနေသည်။ စတုတ္ထလူသည် ၎င်း မှာကံကလည်းကောင်းလိုက်တာ၊ ငါလည်းသူ့လိုမျိုး ထီပေါက်ရင်သိပ်ကောင်းမှာပဲ၊ ငါလည်း ထီထိုးမှဖြစ်မယ်ဟု တွေးပြီး လတိုင်း ထီထိုးသည်။ ထိုလေးဦးတွင် ပထမလူသည် အကောင်းမြင်သမားဖြစ်သည်။ဒုတိယလူသည် အဆိုးမြင်ဝါဒီသမား ဖြစ်သည်။ တတိယလူသည် အကောင်းမြင်ဝါဒီသမား ဖြစ်လင့်ကစား ကြိုးစားအားထုတ်ချင်စိတ်မရှိ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိသည့် လူမျိုးဖြစ်သည်။စတုတ္ထလူသည် အကောင်းမြင်ဝါဒီသမားဖြစ်သည့်အပြင် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသည့်သူဖြစ်သည့်အပြင် ကြိုးစားအားထုတ်ချင်စိတ်ရှိသည့်သူဖြစ်သည်။ (ဤ နေရာတွင် ထီပေါက်ခြင်းအား သာဓက ယူ၍ ပြောခြင်းသာဖြစ်သည်။)
ထိုလူလေးမျိုးတွင် သင်ရော မည်သည့်အမျိုးအစားတွင်ပါဝင်နေပြီလဲ... စဉ်းစားပါ။ ဝေဖန်ပါ၊သုံးသပ်ပါ၊ ပြုပြင်ပါ၊ ပြောင်းလဲပါ...ကျွန်ုပ်သည် ထိုသာဓက ကိုပြောရလျှင်တော့ တတိယလူ အမျိုးအစတွင်ပါဝင်သည်ဟုပြောရမည်။ ကျွန်ပ် သည် သူတစ်ပါး ထီပေါက်သည်ကိုမုဒီတာ ပွားနိုင်သည်။ သို့ရာတွင် ကြိုးစားအားခုတ်မှု ဝီရိယ ပိုင်းတွင် အင်မတန် လျော့ပါးသည်။ ထို့ကြောင့် မိမိကိုယ်မိမိ ပြောင်းလဲယူရမည် ဖြစ်ပါသည်။ အလုပ်တစ်ခု လုပ်တော့မည်ဆိုလျှင် ထိုအလုပ်ကို သူတစ်ပါး မည်သို့မည်ပုံ လုပ်ကိုင်သနည်း၊ ထိုသူ မည်သို့ပြောင်းလဲ တိုးတက်သွားသနည်း။ ထိုသူသည် မည်မျှလောက် ထိုအလုပ်ပေါ်တွင် အာရုံစူးစိုက်မှုရှိပြီး ထိုအလုပ်မှ ရရှိသော ဆိုးကျိုး ၊ ကောင်းကျိုးများကို မည်မျှ ခံစားရမည်နည်း...။ ဟု မိမိထက် အတွေ့ကြုံရှိသူများ ထံမှ လေ့လာသင်ယူရမည်။ ထိုသို့သင်ယူရာတွင် ရရှိလာသော ဆိုးကျိုး များကို မငြီးငြူ ပဲ သည်းခံနိုင်မှသာလျှင် ကောင်းကျိုး များ ရောက်ရှိလာမည်ဖြစ်သည်။စီးပွားရေး တစ်ခု ပြုလုပ်မည်ဆိုလျှင် လည်းကောင်း မည်သည့်အရာပင်မဆို...လွယ်လွယ်ကူကူ မရရှိတက်ပေ။ လွယ်ကူစွာ ရရှိတက်သည့်အရာများ တချို့ရှိတက်ကြသည်။ထိုလွယ်ကူစွာ ရရှိလာသော အရာများသည် မမြဲတက်ကြပေ။
နေရိပ်လာ နေပူကစောင့် ဟူသော အဆိုသကဲ့သို့ စည်းစိမ်ချမ်းသာ ဟူသော နေရိပ်ကို လိုချင်လျှင် ပင်ပန်းဆင်းရဲခြင်း၊ လုံ့လ ဝီရိယ ရှိခြင်းစသည့် နေပူထဲမှ စောင့် ရမည်ဖြစ်သည်။ ထိုသို့နေပူထဲမှစောင့်ရာတွင် လည်း နေကလည်းပူလိုက်တာ...အခုထိမရိပ်နိုင်သေးဘူး.. ဟု အဆိုးမြင်ဝါဒီဖြင့် မြည်တွန်တောက်တီး နေလျှင် ကိုယ့်၏ ဝီရိယ လုံ့လများကိုထိခိုက်စေပါသည်။ အကောင်းမြင်သည့်သဘောဖြင့်သာ ခနနေလျှင် နေရိပ်တော့မှာပါ... ငါနေပူလည်း ဆယ့်နှနာရီထိ ပိုမစောင့်ရပါဘူး ဟူသော မိမိကိုယ်မိမိ အားပေးသည့်အနေဖြင့် တွေးတောလျှင် ဝီရိယ လုံ့လ အားထုတ်မှုများ ပိုမို ရရှိလာမည်ဖြစ်သည်။ အားလုံး အကောင်းမြင်တက် ၊ အကောင်းမြင်နိုင်ကြပါစေ...ရှင်IMG_20180224_190329.JPGphoto from google

Sort:  

အားပေးနေမယ် sis.

ကျေးဇူးပါ vro😊😊😊

ကောင်းမြင်​ပါတယ်​ဗျ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67108.48
ETH 3477.28
USDT 1.00
SBD 2.72