သူငယ်ချင်းသံယောဇဉ်

in #myanmar6 years ago

အားလုံးပဲမင်္ဂလာ ညချမ်းလေးပါရှင်........ဒီကနေ့မှာ ကျွန်မ စာရေးနေရင်း သတင်းတစ်ခုကို သိလိုက်ရတော့ ကျွန်မရေးလက်စ အကြောင်းအရာကို ခန ထားပြီး တခြားအကြောင်းအရာတစ်ခုကို ရေးသားဖြစ်ခဲ့ပါတယ် ဒီစာကစိုရေးတဲ့အချိန်က ည ကိုးနာရီခွဲနေပါပီ။ကျွန်မရဲ့ ရင်တွင်းဖြစ်ခံစားချက်ကလေးကို အားပေးကြပါဦးရှင့်။ "သံယောဇဉ်" စကားလုံး​လေးက သုံးလုံးထဲ ဖြစ်​​နေသည်​။အဓိပ္ပာယ်​ဖွင့်​ဆိုရလျှင်​​တော့ လူသား​တွေမှာ ဖြစ်​ဖို့အလွယ်​ကူဆုံး၊ ဖြတ်​ဖို့အခဲယဉ်းဆုံး ဖြစ်​သသည်​။ကျွန်​မတို့လူသား​တွေသည်​ ​မွေးကတည်းကပင်​ သံ​ယောဇဉ်​အမြစ်​တွယ်​ခဲ့ကြသည်​။ ပထမဦးစွာ မိခင်​နှင့်​ ဖခင်​အား သံ​ယောဇဉ်​တွယ်​မည်​။နောက်​တွင်​ အစ်​ကို၊အစ်​မ ​မောင်​​လေး၊ညီမ​လေး တို့ကို သံ​ယောဇဉ်​တွယ်​မည်​။ ဦး​လေး၊အ​ဒေါ် အဘိုးအဘွား စသဖြင့်​ သံ​ယောဇဉ်​ အမြစ်​ ခိုင်​မာလာမည်​။ အရွယ်​​ရောက်​သည့်​အချိန်​တွင်​ သူငယ်​ချင်း အ​ပေါင်းသင်းအ​ပေါ် တွယ်​တာသည့်​စိတ်​ ပို၍တိုးလာမည်​။မူကြို အရွယ်​တွင်​မူကြိုမှသူငယ်​ချင်း ၊မူလတန်းတွင်​ မူလတန်​မှသူငယ်​ချင်း၊ ထိုနည်းတူအလယ်​တန်း အထက်​တန်းတွင်​ ခင်​ခဲ့ရသည့်​ သူငယ်​ချင်း​ပေါင်း များစွာ ရှိကြသည်​။ အထက်​တန်း​အောင်​ပြီး university ​ရောက်​ပြန်​​သောအခါတွင်​လည်း uni friend အ​လျှောက်​ သံ​ယောဇဉ်​ခိုင်​မာခဲ့ကြသည်​။ ​ကျောင်းပြီးသည့်​ အချိန်​ လုပ်​ငန်​ခွင်​ထဲ ဝင်​​တော့ အလုပ်​ခွင်​မှ ညီကို​မောင်​နှမများကို သံ​ယောဇဉ်​တွယ်​မိခဲ့ပြန်​သည်​။ သံ​ယောဇဉ်​နှင့်​ ပတ်​သတ်​၍ ယခု​လော​လောလတ်​လတ်​ ကျွန်​မ၏ စိတ်​ထဲတွင်​ ​လေးနက်​စွာ ခံစား​နေရ​သော​ကြောင့်​ ဤ စာကို​ရေးသားရခြင်းဖစ်​ပါသည်​။ ကျွန်​မ အလုပ်​မှ အစ်​မတစ်​​ယောက်​ Trasfer အခြာနယ်​ကို ကျပါတယ်​၊ သူ့ဆီကို ဖုန်းလာလို့ဖုန်း​ပြောအပြီး ကျွန်​မကိုသူချက်​ချင်း​ပြောပါတယ်​..အစ်​မ transfer ကျပြီတဲ့ ညီမ​လေး​ရေတဲ့.....ကျမ သူ့အတွက်​ ၀မ်းသာဝမ်းနည်းဖြစ်​ပြီး ​နောက်​​တော့ ခွဲရမယ်​ဆိုတဲ့စိတ်​က ​ရောက်​လာကာ ၀မ်းနည်းပက်​လက်​ ငို​ကြွေးမိလိုက်​ပါတယ်​။ အဲ့ဒီ အစ်​မ နှင့်​ ​အလုပ်​စဝင်​သည့်​အချိန်​ကတည်းကပင်​ တရင်းတနှီးရှိခဲ့ကြသည်​ဖြစ်​ပြီး လွန်​ခဲ့သည့်​ တစ်​လခန့်​ပင်​ ရန်​ကုန်​သင်​တန်း​လေးဆယ့်​ငါးရက်​ကို နှစ်​​ယောက်​အတူ ​သွားခဲ့ရပါသည်​။ သံ​ယောဇဉ်​ မဖြစ်​ပဲ ဘယ်​လိုမှကို မ​နေနိုင်​ခဲ့တာပါ.... ယခုလို သူမ ​အ​ပြောင်းကျ​တော့ ကျွန်​မနှလုံးသားထဲ က ​ဝေးရ​တော့မည့်​အသိကို ခံစားရမိတိုင်း တဆစ်​ဆစ်​နာကျင်​ရပါသည်​။ ကျွန်​မ နှင့်​သူမ သည်​ အံဆွဲ တစ်​လုံးအားအတူသုံးကြသည်​။ ကျွန်​မ​ကြောင့်​ရှုပ်​ပွ​နေလျှင်​လည်း ပါးစပ်​မှ ပွစိပွစိသာ ​ပြော၍ ရှင်းလင်း​ပေးသွားတက်​သည်​။ သူမသည်​ ဓာတ်​ပုံရိုက်​လျှင်​လည်း ပိုစ့်​တစ်​မျိုးတည်းကိုသာ အပုံ​ရေများများထွက်​​အောင်​ရိုက်​တက်​ပြီး ဘယ်​ပုံက လှလဲ ဟု အမြဲ​မေးတက်​သည့်​သူဖြစ်​သည်​။ စကား​ပြောသည့်​အခါတွင်​လဲ ငါးခွန်း​ပြောလျှင်​ တစ်​ခွန်းမပီသ​ပေမယ့်​ မပီသည့်​စကားလုံးကပင်​ ချစ်​စရာ​ကောင်း​နေတက်​သည်​။ လူတစိယောက်၏ တန်ဖိုးဟာ အဲ့ဒီလူက အနါးမရှိတေါ့သည့်အချိန်မှပင် တန်ဖိုးကို ငိရကောင်းမှန်းသိသည်ဟူသေါ ရှေးလူကြီးတွေဆိုရိုးစကါးသည် သွေးထွက်အေါင်မှန်လှပါပေသည်။တကယ်​ပဲ...အမှတ်​တ​ရ​တွေ မ​ရေတွက်​နိုင်​​လောက်​​အောင်​ များပြားခဲ့တယ်​။ သံ​ယောဇဉ်​ဆိုသည့်​ ဆူးချွန်​ကြီးကို ကျွန်​မ ရင်​ထဲကို သူမ က တစ်​သက်​လုံး ဆွဲထုတ်​လို့မရ​အောင်​ ပိုင်​ပိုင်​နိုင်​နိုင်​စိုက်​သွားခဲ့တယ်​.....................
ဒီစာ​လေးကို ကျွန်​မ Zin Wai Hmu နှလုံးသားဖြင့်​ ခံစား၍ ​ရေးသားပါသည်​။IMG_20180208_223629.JPG-Copy from Facebook

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70