"စိတ်" တည်ငြိမ်အေးချမ်းစေခြင်း

in #myanmar6 years ago (edited)

ကိုယ်၊ စိတ်၊ နှလုံး သုံးပါး- လောကတွင် ရှိရှိသမျှလူသားတိုင်းတွင် ထို သုံးပါးတို့မရှိမဖြစ်လိုအပ်လှသည်။ထိုသုံးပါးမရှိလျှင် လူဆိုသော ပညတ်တစ်ခုဖြစ်ပေါ်လာမည်မဟုတ်ပေ။ လူတစ်ယောက်တွင် ကိုယ်ခန္ဓာဟူသော ရုပ်ပိုင်း၊ စိတ်ခန္ဓာဟူသော နာမ်တရားတို့နှင့် ဖွဲ့စည်းထားသည်။ကိုယ်ခန္ဓာတွင် လူ၏ အစိတ်အပိုင်းများဖြစ်သော ဦးခေါင်း၊လက်၊ခြေ၊မျက်လုံး၊နှာခေါင်း၊ပါးစပ်၊လျှာ၊သွား၊အစာအိမ်။အူ၊နှလုံး၊အသည်း၊ကျောက်ကပ် စသော အစိတ်အပိုင်းအားလုံးကိုဆိုလိုသည်။
ထိုအစိတ်အပိုင်းများကို ဤီအစိတ်အပိုင်းသည် မျက်စိ၊ ဤအစိတ်အပိုင်းသည် လျှာ ထိုသို့သော အချက်ပြခံစားမှုကို သိရှိစေသော စိတ်သည် နာမ်ခန္ဓာဖြစ်သည်။ထိုသို့ ရုပ်အစိတ်အပိုင်း များ ခန္ဓာအစိတ်အပိုက်းများကို ထိခိုက်မှုရှိလျှင် ဆရာဝန်၊ပါရဂူများ ထံသို့ ရောဂါရှိမရှိသွားရောက်စစ်ဆေးရပါသည်။ ရောဂါမရှိလျှင် ရောဂါမဖြစ်အောင်ကြိုတင် ရောဂါကာကွယ်ဆေးများ ထိုးရသည်ဖြစ်သလို ရောဂါ ရှိနေပြီဆိုပါကလည်း ပါရဂူများညွှန်ကြားသည့် အတိုင်းလိုက်နာကျင့်သုံးနေထိုင်ရပါသည်။ဆေးသောက်ရန်လိုအပ်လျှင်လည်း ၎င်းတို့ညွှန်ကြားသည့်အတိုင့်း သောက်ဆေး၊ထိုးဆေးများမှီဝဲရပါသည်။ထိုမှသာ ဖြစ်ပေါ်နေသော ရောဂါများကိုကုသပျောက်ကင်းနိုင်မည်ပင်မဟုတ်ပါလား။ကိုယ်ခန္ဓာအတွက် လိုအပ်သည့်ဆေးများ မှီဝဲရသကဲ့သို့ပင် နာမ်ခန္ဓာဖြစ်သော မိမိတို့၏ စိတ် ကိုလည်း အဟာရဆေးကျွေးရပါသည်။
လူသားတိုင်း၏ စိတ်တွင် လောဘ၊ဒေါသ၊မောဟ၊မာန်မာန၊က္ကိသာမစ္ဇျိရ စိတ် စသည့်ရောဂါဘယများတည်ရှိနေပါသည်။ထိုရောဂါဘယများထဲမှ တမျိုးမျိုးနှင့်လွတ်သည့်သူသည် လွန်စွာမှ ရှားပါးလှပါသည်။ထို့ကြောင့် ထိုရောဂါဘယများကင်းစင်အောင် သမားတော်၊ပါရဂူဆီသို့သွား၍ နည်းနာနိဿယများယူ၍ ၎င်းတို့ပြောသည့်အတိုင်းလိုက်နာကျင့်သုံးနေထိုင်ရပါမည်။ ထို စိတ်အခြေနေ၊ စိတ်တွင်ဖြစ်ပေါ်နေသော အညစ်အကြေးများကို ပြောင်စင်အောင် ကုသပေးနိုင်သည့် ဆရာကောင်း ကိုကျွန်ုပ်တို့ရှာဖွေရန်လိုအပ်ပါသည်။ ယခုလောကတွင် ထိုသို့စိတ်အညစ်အကြေးများ၊စိတ်တွင်ဖြစ်ပေါ်နေသော ရောဂါဘယတို့အား မိမိကိုယ်တိုင်ကုန်စင်၍ သူတစ်ပါးကိုလည်း ကုန်စင်စေရန်အလို့ငှါ လမ်းပြပေးကြသော ပုဂ္ဂိုလ်အချို့လည်းရှိပါသည်။ထိုသူတို့၏ ရောဂါပျောက်စေရန်တိုက်သောဆေးမှာ (တရားထိုင်ခြင်း-(meditation) )ပင်ဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်သိသော တရားထိုင်နည်း တစ်မျိုးကို ဖော်ပြပေးချင်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ် စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး စသည်များကို ဆောင်ရွက်နေချိန်တွင် နာမ်ခန္ဓာဖြစ်သော စိတ်၏ အတွင်းတွင် အထက်တွင်ဖော်ပြခဲ့သော ရောဂါများ တစ်မျိုးမဟုတ်တစ်မျိုး ကပ်တွယ်လာနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏ ဖခင်သည် သူကိုယ်တိုင် ဆရာသမားကောင်းနှင့်တွေ့ခဲ့၍ သိလာသောနည်းလမ်းများဖြင့် သမီးနှင့်သား ကိုပါ ထိုပညာအမွေကိုပါ လက်ဆင့်ကမ်းပါသည်။ ကျွန်ုပ်တို့ မောင်နှမ နှစ်ယောက်အား နေ့စဉ် နာရီဝက် ဝန်းကျင်လောက် ဝင်လေထွက်လေ ရှုခြင်းကိုပြုလုပ်စေခဲ့ပါသည်။ "မိမိနှာခေါင်းအတွင်းသို့ လေရှုသွင်းလိုက်သည်ကို သတိ လေးနှင့် သိနေပါ ၊ နှာခေါင်းအတွင်းမှ လေထွက်သွားသည်ကိုလည်း သတိလေးဖြင့်သိနေပါ"ထိုနည်းလမ်းလေးအား ဝေမျှပေးခဲ့သည်။ ထိုနည်းလမ်းလေးမှာ အလွန်ကောင်းမွန်လှသည်။ ကျွန်ုပ်၏ စိတ်တွင် အနာတရ ဖြစ်ခဲ့လျှင် ထိုနည်းလမ်းလေးဖြင့် တစ်ဆယ့်ငါးမိနစ်ခန့်လောက် ဆက်တိုက် သတိရှိနေပေးလျှင် စိတ် တွင် သာမန်အခြေအနေပြန်ဖြစ်သွားပါသည်။ထိုတဒင်္ဂလေးတွင် မိမိသတိမရှိခဲ့စဉ်က စိတ်အခြေအနေနှင့် သတိကပ်လိုက်ပြီး ဖြစ်ပေါ်နေသော စိတ်အခြေအနေ နှစ်ရပ်တို့အား နှိုင်းယှဉ်လိုက်လျှင်လည်း မမြဲသည့် သခါင်္ရ သဘောတရားကို အရှင်းသား တွေ့မြင်ရပါသည်။ မိမိ၏ တဒင်္ဂစိတ်အခြေအနေတောင်မှ မမြဲပါသော် တခြားအရာတွေလည်း အဘယ်မှာမြဲအံ့မည်နည်း။ ထိုမမြဲသည့်အရာတွေအပေါ်တွင် လောဘစိတ်ဖြစ်ပေါ်နေကြပြီး လောဘကိုအတောမသတ်နိုင်ကြပဲ ဒေါသစိတ်၊မာန်မာန၊မောဟ စိတ်စသည့် ရောဂါများဖြစ်ပေါ်နေကြသည်ပင် ဖြစ်သည်။
တရားထိုင်ခြင်း ၏ ကောင်းကျိုး၊ တရားထိုင်ခြင်း၏ နည်းလမ်းများကို နောက်များတွင်ဆက်လက်ရေးသားသွားပါမည်။ မိမိသိထားသလောက်ကို မျှဝေခြင်းဖြစ်သောကြောင့် လိုအပ်သည်များ၊မှားယွင်းခဲ့သည်များရှိလျှင် ကြိုတင်၍ တောင်းပန်အပ်ပါသည်။
Written By Zin Wai HmuIMG_20180227_135556.JPGPhoto from google

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67275.57
ETH 3480.50
USDT 1.00
SBD 2.67