မင်္ဂလာဧည့်ခံပွဲသို့သွားရောက်ခြင်း

in #myanmar6 years ago (edited)

"ဒီချိန်ကစ တို့နှစ်ယောက်သည် အမြဲအတူနေရတော့မည်...ဘယ်ခါ မပြောင်းလဲ အမြဲတမ်း မခွဲရှိမည်..ဒီအချိန်ကစ တို့နှစ်ယောက်သည် သစ္စာဆိုကတိပြုမည် ..ထာဝရမပြောင်းလဲ အမြဲတမ်း..မခွဲပဲ..ချစ်ကြမည်......" မင်္ဂလာဆောင် ခန်းမထဲသို့ဝင်လိုက်သည်နှင့် သီးချင်းသံလေး ညင်သာစွာ လွှင့်ပျံ့လာသည်...ခန်းမထဲတွင် လူအပြည့် စည်ကားလျှက်ရှိသည်။ မင်္ဂလာသတို့သမီး နှင့် မင်္ဂလာသတို့သား မောင်နှံ တို့သည် စင်မြင့်ထက်တွင် အလွန်လှပ ကျတ်သရေရှိလှ၍ ရွှေရွှေချင်းထက် မြတ်သည်ဟူသလို လိုက်ဖက်ကြလှပေသည်။ မင်္ဂလာ သတို့သမီးမှာ ရွှေဝါရောင်ဝတ်စုံ အား ပုလဲစီးကွင့် အပြည့်ထိုးထား၍ စင်မြင့်ထက်ပေါ်တွင် တဖျက်ဖျက်ဖြင့် နတ်သမီးတပါး နတ်သက်ကြွေသည့်အလား ထင်မှားမိပါသည်။ မင်္ဂလာ သတို့သားသည်လည်း ခန့်ခန့်ညားညား တပြုံးပြုံးဖြင့် သတို့သမီး မျက်နှာအား အရိပ်တကြည့်ကြည့် ကြည့်နေသည်မှာ ဧည့်ခံပွဲလာပရိတ်သတ်ကိုပင် ကြည်နူး သက်ဝင်မိပါသည်။ မောင်မယ် နှစ်ဦးစလုံး၏ မျက်နှာတွင် ကြည်နူးပျော်ရွှင်မှုလေး အတိုင်းသားပေါ်လွင်နေသည်။ မင်္ဂလာသတို့သမီးးသည်လည်း သူမ၏ နံရိုးပိုင်ရှင်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။ ဧည့်ခံပွဲလာ ပရိတ်သတ်များသည် တိုးတိုး တိုးတိုးဖြင့် သတို့သမီးလေး လှလိုက်တာ လှလိုက်တာဟု ပြောနေသူများရှိသကဲ့သို့ ကံကောင်းလိုက်တာ ဟူ၍ ပြောနေကြသူများလည်းရှိသည်။ ကျွန်မလည်း သတို့သမီး လေးကိုယ်စား.ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်ရပါသည်။ ကျွန်မ၏ အတွေးစများ လွင့်ပျံ့နေချိန်တွင် မင်္ဂလာ အခမ်းအနားမှူးမှ မင်္ဂလာစကား စတင်ပြောကြားပါသည်။ အခမ်းအနားမှူးမှ မင်္ဂလာစကား ပြောကြားပြီးချိန်တွင်မင်္ဂလာမောင်မယ်နှစ်ဦးအား မင်္ဂလာအောင်ကန်းကုံးအားဆင်မြန်းရန် ဂုဏ်သရေရှိဇနီးမောင်နှံ နှစ်ဦးအား စင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်သည်။ မင်္ဂလာအောင်ပန်းကုံး ဆင်မြန်းပြီးလျှင် အခမ်းအနါးမှူးမှပဲ မင်္ဂလာလက်စွပ်ကို ဆင်မြန်းပေးရန် နောက်ထပ် ဇနီးမောင်နှံနှစ်ဦး အား စင်မြင့်ထက် ထပ်မံဖိတ်ကြားလိုက်ပါသည်။ မင်္ဂလာ လက်ထပ်လက်စွပ် ဝတ်ဆင်ပြီးကြသော မင်္ဂလာမောင်မယ်နှစ်ဦးသည် တစ်ဦးနှင့်တစ်သငီး အပြန်အလှန် ကတိသစ္စာပြုကြပြိးလျှင် နှစ်ဖက်မိဘ ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ရွှေပွဲလာ ဧည့်သည်များအား အစားအသောက်များဖြင့်ဧည့်ခံကျွေးမွေးကြသည်။ သတို့သားနှင့် သတိုးသမီးတို့ ကျမတို့ဝိုင်းသို့ လာရောက်ဧည့်ခံသည့်အချိန်တွင် မီးထိုး မှန်ထိုးသမား များနှင့် ဗီဒီယို ကင်မ်မရာ မန်း များမှ လိုက်လာ၍ မှတ်တမ်းတင်ကြသည်။ ထိုသို့မှတ်တမ်းတင်သော အချိန်တွင် ကျွန်မတို့ ဝိုင်းမှ ပဲမပေးချင်ကြသူများဖြစ်ကြ၍ အိုက်တင်တော်တော်လေး ပေးလိုက်ကြပါသည်။ ထို့နောက် သတို့သား၊သတို့သမီးနှင့် selfie ဆွဲကြသည်။ ဓာတ်ပုံရိုက်ကြသည်။ထို့နောက် သတို့သား သတို့သမီး လည်း ရွှေပွဲလာဧည့်ပရိတ်သတ်များအား သွားရောက် ဧည့်ခံကြသည်။ ကျွန်မတို့ဝိုင်းလည်း စားပြီးသောက်ပြီးသည့်အချိန်တွင် စင်မြင့်ပေါ်သို့တက်၍ group photo လေး ရိုက်ကြသည်။ ကျွန်မလည်း သတို့သမီး ထံမှ လက်ကိုင်ပန်းကိုပင် လု၍ ဓာတ်ပုံရိုက်လိုက်ပါသေးသည်။ ကြည်နူးစရာ အခိုက်အတန့်လေးများဖြစ်ခဲ့ပါသည်။ ထို့နောက် ကျွန်မတို့အဖွဲ့လည်း မင်္ဂလာခန်းမအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။" မင်္ဂလာသတို့သား နှင့် မင်္ဂလာ သတို့သမီးမောင်နှံတို့ ရွှေလက်တွဲခိုင်ခိုင်မြဲကြ၍ သာယာပျော်ရွှင်သော ဘဝကို လျှောက်လှမ်းနိုင်ပြီး အိုအောင်မင်းအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှင့် ဘဝခရီးကို သကိဆုံးတိုင် အတူတကွ လျှောက်လှမ်းနိုင်ကြ ပါစေဟု "ဆုတောင်းမေတ္တာ ပို့သရင်း ဤစာလေးအား နိဂုံးချုပ်လိုက်ကပါသည်။
Written By Zin Wai Hmu
Photo Camera By Vivo V3
At....Wedding CeremonyIMG_20180218_172329.jpg

Sort:  

Congratulations @hmuhmu! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

မလာလိုက်ရဘူး အချောလေးတွေစီ :D

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67917.78
ETH 3516.77
USDT 1.00
SBD 2.72