First Love -part-(1)

in #myanmar6 years ago (edited)

ယုံကြည်စွာနဲ့အသဲလေး ပုံအပ်ထား ဘယ်ချိန်၊ဘယ်ခါမပြောင်းလဲတဲ့ သဘောထား အသက်ထက်ဆုံး ချစ်နေမှာ "ရည်းစားဦး" ...အပိုတွေကိုမပြောတက်တဲ့သူ...... ထွန်းအိန္ဒြာဗိုလ် ရဲ့ သီးချင်းသံလေးက လေမြူး လေရူးနှင့် ဘယ်ဆီကမှန်းမသိ ပျံ့လွင့်၍လာသည်။ ယနေ့အလုပ် ပိတ်ရက် Sataurday ဖြစ်သောကြောင့် ကျွန်မလည်း အိမ်မှုကိစ္စအားလုံးလုပ်ပြီးသည်နှင့် နာကျင်စရာ အတွေးနယ်ထဲသို့ ကူးခတ်လိုက်ပါသည်။ ဟိုးတချိန်က ကျွနိမတို့ ငယ်ငယ်တုန်းက ဝမ်းကွဲမေါင်နှမ တစ်စု ၊ ရပ်ကွက်ထဲတွင် ရွယ်တူတန်းတူ သူငယ်ချင်းများ နှင့်၊နောက်တစ်ချိန်တွင် ကျွန်မ၏ ကိုကို (အချစ်ဦးဖြစ်လာမည့်သူလူပျိုပေါက်စအရွယ် လူတစ်ယောက်) ၊ ရန်ကုန်နှင့်မန္တလေး၊ ပုံသဏ္ဍာန်မေးခြင်း၊ကြိုးခုန်ကြေး၊ စကားထာဖွက်ကြေး၊တူတူပုန်းကြေး၊ စသဖြင့် ကစားနည်းမျိုးစုံအောင်ဆော့ခဲ့ကြသည်။ )ထိုစဉ်အချိန်က နှစ်တန်း သုံးတန်းအရွယ်ပေါ့.... တဖြည်းဖြည်း ရာသီတွေအလီလီပြောင်း၊ နွေ၊ မိုး၊ဆောင်း အလှည့်ကျ ပြောင်းလဲခဲ့ရင်း ရှစ်နှစ်လောက်ကြာခဲ့ပြီးတဲ့နောက်တွင်တော့
ကျွန်မ၏ ကိုကို က ကျွန်မအား ချစ်ရေးဆိုလာခဲ့သည်။ ငယ်စဉ်ကတည်းကပင် တွေ့မြင်နေရသည့် သံယောဇဉ်ကြောင့် ကျွန်မ၏ စိတ်ထဲတွင်လည်း အချစ်ဆိုသည့်အရာ က ရောက်မှန်းမသိ၊ရောက်ရှိနေနှင့်ပြီဖြစ်သည်။ ကျွန်မ၏ ကျောင်းမှ ကောင်လေးများက ကျောင်းပိတ်ရက်များတွင် ရပ်ကွက်ထဲသို့ခြေရှုပ်နေသည်ကိုလည်း ကိုကို က လုံးဝမှမကြိုက်၊ သဝန်တိုတက်သေးသည်။ ငယ်စဉ်ကထဲက နာမည်ပြောင်ခေါ်ခဲ့သည့်ကိုကိုက ယခုအချိန်တွင်တော့ ညီမလေး၊ ညီမလေးဟူ၍ ပါးစပ်ဖျားမှပင် မချတော့၊ ကျွန်မတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းဟာ မုန်တိုင်းမလာခင် လေပြေလေညှင်းအရင် လာသည် ဆိုသကဲ့သို့ ပထမပိုင်းတော့ သာယာဖြောင့်ဖြူးခဲ့ပါသည်။ နှစ်ယောက်သား ချစ်သူတွေဖြစိနေကြသည်ကို မည်သူမှမရိပ်မိခဲ့ခင်အချိန်မှာ ကြည်နူးမှု လေးများအတိ့ ဖစ်ခဲ့ကြသည်။ မျက်ဝန်းခြင်းစကားပြောရသည်ကိုပင် ရင်ခုန်သံတို့. ပေါက်ကွဲထွက်မတက် ဖြစ်ခဲ့ကြသည်။ အရမ်းချစ်ခဲ့ပါသည်။ ကျွန်မ ဆယ်တန်းရာက်သည့်အချိန်တွင်တော့ ကျွန်မ၏ ကျူရှင်ပြန်သည့် လမ်းတစ်နေရာတွင် သူရှိနေတက်သည်။ စက်ဘီးလေးနှင့် ကျူရှင်ပြန်လာသော ကျွန်မ၏ နံဘေးမှ ဆိုင်ကယ်ဖြေးဖြေးလေး မောင်းပြီး အမြဲတစေ လာကြိုတက်သူဖြစ်သည်။ အိမ်နားသို့ ရောက်ခါနီးလမ်းချိုးတွင် လမ်းခွဲ၍ ကျွန်မက တောင်ဖက်လမ်းမှ ပြန်သည့်အတွက် သူက မြောက်ဖက်လမ်းမှ ပြန်ခဲ့သည်။ အိမ်ချင်းကပ်ရပ် ဝင်းထရံတောင်မခြားသည့် အချစ်တစ်ခုသည် ပြောမပြတက်အောင် အဲ့သည်လောက် romantic ဆန်ခဲ့သည်။ ထို ကြည်နူးမှုများအား တစ်စုံတစ်ယောက်က ရိုက်ချိုးလိုက်သည်။ ကျွန်မတို့နှစ်ယောက်အား မြင်သွားသည့် အဒေါ်ကြီးတစ်ယောက်မှ ရပ်ကွက်ထဲတွင် ဖွလိုက်ရာ နှစ်ဦးစလုံး၏ မိဘများသိရှိသွားခဲ့သည်။ ကိုကို့ မိဘများမှာလည်း ကျွန်မနှင့်သဘောမတူကြ။ ကျွန်မ၏ မိဘများမှာလည်း ပညာရေးထိခိုက်မည်စိုးသောကြောင့် ကျွန်မအား ကလေးမြို့သို့ ပြောင်းမည်ဟု ပြောနေကြပါသည်။ ထိုအချိန်တွင် အခုမှ အချစ်ကို စတင်ခံစားဖူးသောကျွန်မ၊ ကိုကိုနှင့် ဘယ်တုန်းကမှမခွဲခဲ့ဖူးသော ကျွန်မ မှာ အလွန်အမင်း စိတ်ထိခိုက်ခဲ့ရသည်။ ထိုအကြောင်းကိုကြားသော ကိုကို လည်း
အရမ်းစိတ်ထိခိုက်၊ဝမ်းနည်းနေသည်ကို ကိုကို့မျက်ဝန်းမှတဆင့် မြင်တွေ့ခဲ့ရသည်။ အမြဲတမ်းပျော်ပျော်နေတက်သော ကိုကို သည် ယခု လုံးဝမှပင် မျက်နှာမကောင်း၊ ကျွန်မကို တွေ့ချိန်တွင် မျက်ရည်လေး ဝဲတက်လာသည်အထိ ဖြစ်ခဲ့သည်။ ကျွန်မကို သူ တစ်ခုပြောသည်။" ညီမလေး.. ကိုကိုတို့ ခိုးပြေးကြရအောင်"တဲ့... ထိုစကားအား ကြားကြားချင်း ကျွန်မအရမ်းပျော်ခဲ့ရပေမယ့် ထိုဆုံးဖြတ်ချက်ကို ကျွန်မ လုံးဝလက်မခံနိုင်ပါ။ ကျွန်မ၏ ပညာရေး ရှိသေးသည်။ ကျောင်းတွင် ဂုဏ်ထူးမှန်းခံရသော စာရင်းတွင် ပါဝင်သည့်ကျွန်မသည် ကိုကို့ ကို ရွေးချယ်လိုက်လျှင် ပညာရေးကိုဆုံးရှုံးရတော့မည်။ချမ်းသာသည့်အသိုင်းအဝိုင်းက ကိုကို့ ဇနီးသည် ပညာမတက် ၊ဘွဲ့မရ ဟုဆိုသော အပြောအား ကျွန်မ ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဲ့ဒီလိုပြောသော ကိုကို့အားကျေးဇူးတင်မိသလို စိတ်လည်းမကောင်းပါ။ "ကိုကို ရယ် ညီမလေး က ကိုကို့ကို ပဲအရမ်းချစ်တာ၊ ညီမလေး ဆယ်တန်းအောင်ပြီးရင် မန္တလေးမှာပဲ တက္ကသိုလ် ဆက်တက်မယ်နော်..စိတ်ချ ကိုကို၊ ကိုကိုကလွဲပြီး ညီမလေး ဘဝမှာအခြားသူမရှိစေရဘူး ...ကိုကိုသာ ကောင်မလေးတွေမရှုပ်နဲ့ နော် " ဟု ကျွန်မလည်း ကတိတွေပေးခဲ့သည်။ ထိုအချိန်တွင် နှစ်ယောက်လုံး၏ ရင်ထဲတွင် ဝမ်းနည်းခြင်းများ ပြေါမပြတက်အောင် ခံစားရပြီး မျက်ရည်များ ဖြေမဆည်နိုင်အောင် ရှိကြသည်။ ကျွန်မ ကလေးမြို့သို့ ပြောင်းမည့်အချိန်တွင် အထုတ်အပိုးများထည့်နေသော ကျွန်မအား အိမ်ရှေ့မှ ခေါက်တုံ့ခေါက်ပြန်လျှောက်ခါ ခနခနလာကြည့်နေသော ကိုကို့ အား မကြည့်ရက်သဖြင့် အိမ်နောက်ဖေးသို့ပြေးဝင်သွားပြီး ငိုခဲ့ရပါသည်။ ကလေးမြို့သို့ သွားသည့်လမ်းတစ်လျှောက်တွင်လည်း ကိုကို့ အချိန်ဇယားမျကို အလွတ်ရနေသည့် ကျွန်မက ဒီချိန်ဆို သူဘာတွေ လုပ်နေပြီ ဆိုတာကို မြင်ယောင်နေမိသည်။ ထိုအချိန်က PCO ဖုန်းများသာ ရှိသေးသဖြင့် ကိုကိုနှင့် ဆက်သွယ်ရနိမှာလည်း လုံးဝမလွယ်ကူလှပေ။ ဆယ်တန်းတစ်နှစိကို ကလေမြို့တွင် ကိုကို့ကို လွမ်းရင်း မည်သို့ဖြတိသန်းရမည်ကို စိတ်မောနေမိတော့သည်။ အပိုင်း(2)ဆက်လက်ရှုစားပါရန်IMG_20180303_173754.JPGphoto from google

Sort:  

အယ် ကြည့်ပါအုံး ရည်းစားဦးကိုသတိရနေတာ...... ရည်းစားအဦးတော့ ကံကောင်းတာပဲ......

Congratulations @hmuhmu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @hmuhmu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70