Breakfast

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါရှင်..မင်္ဂလာရှိတဲ့ ညချမ်းလေးမှာ ကောင်းစွာ အိမ်စက်ကြပြီးလျှင် နိုးထလာသော မနက်ခင်းတိုင်း မင်္ဂလာရှိကြပါစေရှင်။ ကျွန်မသည်လည်း မင်္ဂလာရှိသော မနက်ခင်းတွင်သာ နိုးထချင်ပါသည်။ မင်္ဂလာရှိသော မနက်ခင်းတွင်နိုးထလာလျှင် မင်္ဂလာရှိအောင် မျက်နှာသစ် ရပါမည်။ မျက်နှာသစ် ပြီးလျှင် မနက်စာစားရပါမည်ပေါ့... လူတစ်ယောက်တွင် မနက်စာသည် အလွန်အရေးကြီးပါသည်။ မနက်စာ ကို ရှင်ဘုရင်လိုစား ဟူသော ဆိုရိုးစကားပင်ရှိခဲ့သည် မဟုတ်ပါလား။ မနက်စာ အား မနက် 9နာရီမကျော်မီ စားသုံးသင့်သည်ဟု ကျွန်မ ယူဆပါသည်။ ဤနေရာတွင် ကျွန်မ၏ ထင်မြင်ချက်လေးအားဖော်ပြချင်ပါသည်။ ကျွန်မနေရာမှ ဖော်ပြ ပါမည်...ကျွန်မဆိုလျှင် ဝိတ်တက်မည် စိုးရိမ်သဖြင့် ညစာ လုံးဝမစားပါရှင်၊ ကျွန်မလိုညစာ လုံးဝမစားသည့်သူက တစ်ညလုံး အစာမရှိပေမဲ့ မနက်ခင်းတွင် မနက်စာအား ပုံမှန်စားသောက်ခဲ့သည် ဆိုလျှင် ကိစ္စမရှိ၊ မနက်ခင်းစာ မစားဘူးဆိုလျှင် အစာအိမ်က ခံနိုင်ပါ့မည်လား။ တစ်ရက်ဆိုရင် ကိစ္စမရှိပေ ရက်ဆက်တိုက်ဆိုလျှင် အစာမရှိသည့် အစာအိမ်သည် အစာချေဖျက်သည့် အကည်များဆက်တိုက်ထုတ်နေ၍ အစာအိမ်နံရံပါးပြီး အစာအိမ်သွေးကြောပေါက်တက်သည်ဟုကြားဖူးနားဝလဲ ရှိခဲ့ပါသည်။ ထို့ကြောင့် မနက်ခင်းစာ အား မရှောင်သင့်ဟု ကျွနိမထင်ပါသည်။ "နံနက်ခင်းအစားအစာ" အကြောင်းရေးရာတွင် ကျွန်မတို့ရဲ့ မန္တလေးမြို့ မှာရှိသည့် နံနက်ခင်းစာ ဆိုင်လေးများနှင့် ဆိုင်တစ်ခုချင်းစီ၏ အရသာလေးများကို ထည့်သွင်းရေးသားချင်ပါသည်။ ကျွန်မသည် မြောက်ပြင်သူဖြစ်သောကြောင့် မြောက်ပြင်ပိုင်းကျသည့် နံနက်ခင်းအစားအစာဆိုင် များအား ပို၍ နှံ့နှံ့စပ်စပ် သိပါသည်။ အဲ့ဒီဆိုင်လေးများထဲမှ ကျွန်မ favorite ဖြစ်သော ဆိုင် နှစ်ဆိုင် သုံးဆိုင်လောက်အား ဦးစွာပြောပြချင်ပါသည်။ နှစ်ဆိုင် သုံးဆိုင်ဟုဆိုရခြင်းမှာ ကျွန်မ အနှစ်သက်ဆုံးဆိုင်ဆိုသည်မှာပင် တော်တော်များသောကြောင့်ဖြစ်ပါသည်။ ပထမဦးစွာ...မြီးရှည်ဆိုင် အကြောင်းပြောချင်ပါသည်၊ ကျွန်မ မြီးရှည်ကြိုက်ပါသည်။ မန္တလေးမြီးရှည်များထဲတွင် 19လမ်း၊ 86လမ်းနှင့် 87 လမ်းကြား မှ မြီးရှည်သုတ် သည် ကျွန်မ၏ ပထမဦးစားပေး နံနက်စာ တစ်ဆိုင်ဖြစ်ပါသည်၊ ထိုဆိုင်လေး၏ နာမည်မသိသော်လည်း 19လမ်းမြီးရှည် ဆိုသည်နှင့် တော်တော်များများသိကြပါသည်၊ ထိုဆိုင်မှ ဆန်ပြားကို မြီးရှည်လိုသုတ် ဝက်သား ကို အသား၊အခေါက်၊အူချို လေးနှင့် မန္တလေးဝက်ခေါက်ကြော် နှင့် နယ်ပြီးများ စားလိုက်ရလို့ကတော့ ကျွန်မအတွက် ထိုနေ့သည် ဘုရင်မဖြစ်ပါသည်။အဲ့သည်လောက်ထိပင် ညွှန်းချင်တော့သည်။ နောက်တစ်ဆိုင် မှာ အုန်းနို့ခေါက်ဆွဲ ဆိုင် ဖြစ်ပါသည်။ ဆိုင်လိပ်စာကတော့ လမ်း80၊9လမ်းနှင့် 10လမ်းကြား ဖြစ်ပါသည်။ ထိုဆိုင်လေးမှာလည်းလူတော်တော်စည်ကားပါသည်၊ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ မုန့်တီသုတ်၊ခေါက်ဆွဲသုတ် ရပေသည့် ကျွန်မ အကြိုက် ကတော့ အုန်းနို့ခေါက်ဆွဲ ပါ အရမ်းကောင်းပါသည်။ဤ ဆိုင်နာမည်ကိုလဲ ကျွန်မမသိပါ...မသိတာထက် သတိမထားမိတာပါ ဟုပြောလျှင်ပိုမှန်ပါမည်။ထိုဆိုင်ရောက်လျှင် ကျွန်မသတိထားမိတာ အုန်းနို့ခေါက်ဆွဲထဲ ကြက်သွန်နီ၊ငရုတ်သီးမှုန့် ၊နံနံပင် နန်းချင်းထည့်ဖို့ပဲ ဖြစ်သည်။သူ့ကိုတော့မင်းညီမင်းသားအဆင့် ညွှန်းချင်ပါသည်။ နောက်ထပ် နံနက်ခင်းစာ ဆိုင်လေးမှာတော့ သျှမ်းဖိန်းဖိန်းဆိုသည့် အမည်ရသည့်ဆိုင်လေးပဲ ဖြစ်ပါသည်။ ထိုဆိုင်လေး၏ အမညိကိုကြားလိုက်သည်နှင့် သူရောင်းသည့်အစားအစာကို ခန့်မှန်းပြီးကြပြီး ထင်သည်။ ရှမ်းခေါက်ဆွဲ ဆိုင်ပါ......ရှမ်းခေါက်ဆွဲအား အမဲလုံး၊ နံရိုးပေါင်း စသဖြင့်တွဲစား၍ရပါသည်။ ဆိုင်လိပ်စာလေးသည်
15လမ်း 86လမ်းနှင့် 87 လမ်းကြား တွင်ရှိပါသည်။ ဆိုက်လေးသည်လဲ သပ်သပ်ရပ်ရပ်နှင့် တော်တော်လေး စားချင်သဖွယ်ရှိလှသည်။ ကျမ ဒီကနေ့မနက်ခင်းတွင်ပင် စားဖြစ်ခဲ့ပါသေးသည်။ ကျွန်မ ဒီကနေ့အပြောင်းအလဲလေးဖြစ်ရန် ဆီချက်ခေါက်ဆွဲမှာစားလိုက်သည်။ အလွန်အရသာရှိလှသည်...ခေါက်ဆွဲသားလေး နူးညံ့လှပြီး ဟင်းချိုမှုန့် မသုံးပဲနှင့်ပင် တော်တော်အရသာရှိလှသည်။ သူ့ကိုလည်း ဘုရင်မအဆင့်ထားချင်ပါသည်။ ဒီသုံးဆိုင်ကတော့ အကြိုက်တကာ့အကြိုက်ဆုံး ဆိုင်လေးသုံးဆိုင်ကို ဖော်ပြထားတာပါ။ ကဲ....Steemit မှ မောင်နှမ တစ်စုလညိး တစ်မနက်ခင်းလောက် သွားပြီး ရှင်ဘုရင်၊မိဖုရား လုပ်စေချင်ပါသည်.....
Written By Zin Wai Hmu....

IMG_20180114_190517.jpg

Sort:  

မှီးရှည်ကြိုက်တယ် :D

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67275.57
ETH 3480.50
USDT 1.00
SBD 2.67