အချစ်ဖြင့်အနားသတ်သည့်ရင်ခုန်သံ ..အပိုင်း(၂)

in #myanmar6 years ago

"တီတီခတ်....သမီးကိုစောင့်နေတာလား ထမင်းစားချင်ရင်စားနှင့်တာမဟုတ်ဘဲနဲ့ "ဟု မေမွန်းကဆိုသော် .."အမလေး မယ်မင်းကြီးမ မေမွန်းခ ရှင်က ဖုန်းကိုတစ်နေကုန်စက်ပိတ်ပြီး ကျုပ်တို့ကသတင်းစာထဲမှာပဲ လူပျောက်ကြေငြာရတော့မလို..ကလေးများပျောက်ရင်အော်သလို လော်စပီကာနဲ့ ရပ်ကွက်ထဲပဲလှည့်ပတ်အော်ရတော့မလို..ဒါတောင်မှ ညီးက ငါတို့စိတ်ပူတာကို အပြစ်ဆိုချင်တာလား...အေ."တီခတ် ၏ အသံက ဒေါသသံထက် စိတ်ပူနေသောအသံကပို၍ ပါနေသည်။ "ညီးက မွေးကတည်းက ငါတို့လက်ပေါ် မှာ ကြီးပြင်းလာတာ.. ညီးဘာတွေ ခံစားနေရတယ်..ဆိုတာ ငါသိပါတယ်အေ..ငါ့တူမတစ်ယောက်လုံး အဲ့ဒီလိုဖြစ်နေတာ ဒီအဒေါ်က ဘယ်လိုလုပ် ထမင်းစားဝင်နိုင်မှာလဲ..."ဟု မျက်ရည်လေးဝဲကာ ပြောသည်။ မေမွန်း လည်း တီခတ် ကို နောက်ကျောမှသိုင်းဖက်လိုက်ပြီး"သမီးတောင်းပန်ပါတယ် တီခတ်ရယ်.. သမီးလဲ သမီးရဲ့ စိတ်အလိုကိုလိုက်ပြီး လျှောက်လုပ်နေမိတယ်..နောက်တစ်ခါ ဆင်ခြင်ပါ့မယ် တီခတ်...ဒီဟာက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပါ.." ဟု ပြောလိုက်သည်။ "ကဲ..သွား ရေချိုးပြီးရင် ထမင်းစားဖို့ထွက်လာ.. တီခတ်စောင့်နေမယ်" ဆိုတော့ မေမွန်းလဲ ခလေးလေးတစိယောက်လို အခန်းထဲပြေးဝင်သွားသည်။ တူမ ပြေးဝင်သွားတာကိုမြင်တော့ ဒေါ်ခတ်ခတ်ထန် တစ်ယောက် သက်ပြင်းရှည်ကြီးချမိပြီး နံရံပေါ်တွင်မှန်ဘောင်အကြီးကြီးဖြင့် ကပ်ထားသော အကိုနှင့် အမ (မေမွန်း၏ ဖေဖေနှင့် မေမေ)တို့၏ အကြောင်းကို စဉ်းစားမိသွားသည်။....လွန်ခဲ့သော နှစ်အစိတ်ခန့်လောက် က ခတ်ခတ်ထန်တို့ မောင်နှမသုံးယောက် ကောလိပ်ကျောင်းအတူတက်ကြရသည်။ ခတ်ခတ်ထန် က အငယ်ဆုံး.. ကိုကိုကြီးနှင့်အသက်ငါးနှစ်ကွာသည်..ကိုကိုကြီးမှာ ယောကျာ်းလေးသဘာဝအလျောက် ကျောင်းပျော်လုပ်နေသူဖြစ်ရာ ဆယ်တန်းမှစ၍ တတိယနှစ်အထိ တစ်တန်းကိုနှစ်နှစ်ဆီတက်ခဲ့သည်။ ထို့ကြောင့် ယခု နောက်ဆုံးနှစ်ကျောင်းသား ပင်ရှိသေးသည်။ မမလေးကတော့ မဟာတန်းပထမနှစ်တက်နေသည်။ ခတ်ခတ် ကတော့ ယခုမှ ဒုတိယနှစ်ပဲရှိသေးသည်။ ကိုကိုကြီး က အလွန်ရုပ်ဖြောင့်သည်.. .ကျောင်းတွင်သာ ရွှတ်နောက်နောက် အိမ်မှာတော့ ဖေဖေမေမေတို့အသက်ကြီးပြီဖြစ်သောကြောင့် စီးပွားရေးကို သူပဲဦးဆောင်သည်။ ထိုအကြောင်းကိုသိသော ကောင်မလေးများက ကိုကိုကြီးအား ချိတ်ချင်ကြသည်။ မေမေ့ အသိ သမီးရှင်များကလည်း လာရောက်စကားစပ်ကြသည်။ သို့ရာတွင် ကိုကိုကြီးမှ စိတ်မဝင်စားသေးဟူသော အကြောင်းပြချက်ဖြင့် မေမေကလည်း အဲ့ဒီကိစ္စနှင့်ပတ်သတ်၍ စကားထပ်မဟဖြစ်ပေ။ ခတ်ခတ် တို့မောင်နှမသုံးယောက်အား ဖေဖေမေမေတို့မှ မုံရွာ တွင် ကောလိပ်တက်ရမည်ဖြစ်သောကြောင့် ဂျစ်ကားတစ်စီးဝယ်ပေးထားသည်။ မုံရွာမြို့ပေါ်တွင်လည်း အိမ်တစ်လုံးဝယ်ပေးထားသည်။ မောင်နှမသုံးယောက်စလုံး က တစ်ယောက်တွင်တစ်မျိုးစီ သူ့နေရာနှင့်သူပေါ်ပြူလာဖြစ်ကြသည်၊ ကိုကိုကြီးကတော့ ရေပန်းအစားဆုံးပေါ့.....ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင် ဟုပြော၍ရသည်။ တစ်နေ့တွင် ကိုကိုကြီးဆီက သတင်းတစ်ခုကြားရသည်။ သူတို့မေဂျာတွင် ကောင်မလေးတစ်ယောက် အခြားကျောင်းမှကျောင်းပြောင်းလာသည်။ တော်တော့ကို လှ၍ အိနြေ္ဒလည်းရှိ ၊ စာလည်းအလွန်တော်သည်ဟု မိန်းခလေးများကို တော်ရုံနှင့်စိတ်မဝင်စားတက်သည့် သူမှ ပြောသောကြောင့်ခတ်ခတ်ပင် အံ့သြ မိသွားပါသည်။ ထို့နောက် သိပ်မကြာမီ ကိုကိုကြီးမှ ထိုကောင်မလေးအား ချစ်မိနေပြီဟု ပြောပြလာသည်။ ခတ်ခတ်လဲ ထိုကောင်မလေးအကြောင်းသိချင်၍ ကိုကိုကြီးတို့မေဂျာမှ သူငယ်ချင်းတစ်ယောက်စီသွား၍ စပ်စုကြည့်ရာ သတင်းမွှေးလေးများကြားသိခဲ့ရပါသည်။ လူကလည်း အလွန်ယဉ်ကျေး၊ စာကိုလည်းအင်မတန်ကြိုးစားသူ၊ စိတ်ထားလည်းအရမ်းကောင်း၊လူကလည်း ဆံနွယ်ကနေ ခြေဖျားအထိ လှလိုက်ပုံများ ထိရက်စရာတောင်မရှိ၊ မန္တလေးမြို့ပိုးထည်တိုက် ပိုင်ရှင့် သမီး ဖြစ်သည်။ ခတ်ခတ် လဲ အရမ်းဝမ်းသာသွားသည်။ဒီလိုမိန်းခလေးမျိုးကိုမှ ယောင်းမ မတော်ရလျှင် မိခတ်ခတ်တို့ ညံ့ရာကျလိမ့်မည်။ ကိုကိုကြီးကို ကူညီမှဖြစ်မည်။ ကိုကိုကြီးမှာ ဒီနှစ်ပြီးလျင် ကျောင်းပြီးတော့မည်။ မဖြစ်ချေဘူး... ခတ်ခတ်တစ်ယောက် အဲ့ကောင်မလေးအား မိတ်သွားဖွဲ့ စကားမရှိစကားရှာပြော အကို့ကောင်းကြောင်းများပြော၊ သုံးလလောက်အကြာ တွင် ခတ်ခတ်နှင့် မမမာန်တို့ အရမ်းရင်းနှီးသွားကြသည်။ ထိုအချိန်တွင်ကိုကိုကြီးနှင့် မိတ်ဆက်ပေးသည်။ မမမာန်ကလည်းသဘောကျသည့်ဟန်ပြသည်။ သို့ရာတွင်မိန်းကလေးဖြစ်သောကြောင့် တနှစ်လောက် အိနြေ္ဒ ဆည်နေသည်။ မမမာန် အဖြေပေးပြီးသည်နှင့် ကိုကိုကြီးလည်း ဘွဲ့ရပြီး စီးပွားရေးကလဲအသင့်ဖြစ်သောကြောင့် လက်ထပ်ခွင့်
တောင်းတော့သည်။ မမမာန်တို့ အိမ်ဖက်မှလည်းသဘောတူသောကြောင့် လက်ထပ်ပွဲ မြန်မြန်ဆန်ဆန်ဖြစ်သွားကြသည်။ ......
အပိုင်း(3) ဆက်ရန်Sketch-21-12-24-2-10-2018.jpg

Sort:  

အပိုဒ်လေးတွေပြန်ခွဲညီမ ၄ ၅ ကြောင်းတစ်ပိုဒ် ဆိုပီးရေး

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67275.57
ETH 3480.50
USDT 1.00
SBD 2.67