" လူ့တာဝန် နှင့် အလုပ် "
ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ များစွာသောလူတွေ ရှိကြပါတယ် ။ ဒါပေမယ့် ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တိုင်းတော့ လူလို့ခေါ်ဆိုလို့မရပါဘူး ။ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တဲ့ လူသားချင်းအတူတူတောင် အသိညဏ်ရှိပြီးချင့်ချိန်စဉ်းစား ဆင်ခြင်နိုင်တဲ့လူ ၊ မစဉ်းစားမဆင်ခြင် ပဲ မိမိစိတ်လိုရာ ကောင်သည်ဆိုးသည် မစဉ်းစားပဲ လုပ်ဆောင်တတ်တဲ့ လူ့အတ္တ ၊ ရိုင်းစိုင်းရမ်းကားပြီး မိမိတစ်ကိုယ်တည်း အတွက်ကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူ့တိရိစ္ဆာန်ဆိုပြီး အမျိုးမျိုးကွဲပြားနေပါတယ် ။ ဒါ့အပြင့် ကိုယ့်တာဝန်ကို
ကိုယ် ရဲဝံ့စွာယူနိုင်တဲ့သူနဲ့ ၊ ကိုယ့်တာဝန်ကိုကိုယ် ရဲဝံ့စွာမယူ
နိုင်တဲ့သူ ဆိုပြီးရှိပါသေးတယ် ။ လူတွေထဲမှာ အညာတတ်ခြင်ပညာရှိခြင်း ၊ ပညာမဲ့ခြင်း ၊ စည်းစိမ်ဥစ္စာပေါကြွယ်ဝခြင်း ၊ စည်းစိမ်ဥစ္စာချို့တဲ့ခြင်း စတဲ့ အချက်တွေထက် ကိုယ့်တာဝန်ကိုကိုယ် တာဝန်ယူရဲတဲ့ စိတ်နဲ့ တာဝန်မယူရဲတဲ့စိတ်ဓာတ်ကပိုပြီးအရေးပါပါတယ် ။ အဲ့ဒီစိတ်ကပဲ လူတွေကို အစစအရာရာ ကွာခြားသွားစေပြီး လူတွေရဲ့ စိတ်သဘောထား (စိတ်ဓာတ်)ကို အဖြေထုတ်သွားတာဖြစ်ပါတယ် ။ ပညာရှိတွေက လူတစ် ယောက်ရဲ့တန်ဖိုးကိုတိုင်းတာတဲ့ နေရာမှာလည်း အဲ့ဒီ အချက်ကို ကြည့်ပြီးဆုံးဖြတ်ကြတာဖြစ်ပါတယ် ။
လူတွေဟာ ငယ်စဉ်အခါဘဝမှာ မိဘရဲ့တာဝန်ယှူုနဲ့ ၊ မိဘတွေ
ရဲ့ အရိပ်အောက်မှာ ခိုလှုံရင်း ဘဝကိုရှင်သန်ကြီးထွားလာကြ
တယ် ၊ ပညာတွေသင်ယူတတ်မြောက်လာကြတယ် ။ ဒါပေ
မယ့် တစ်ချို့လူတွေကတော့ ကိုယ့်အလှည့်ကို တစ်ဖန်ပြန်
လည် ကျရောက်လာတဲ့အခါမှာ ကြောက်ရွံ့နေတတ်ကြပါတယ်
။ ဒါက လူတိုင်းအတွက် လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ လူ့
လောက ၊ လူ့သဘာဝက အသက်တွေ တစ်ရက်ထက်တစ်ရက် တစ်နှစ်ထက်တစ်နှစ် ပိုပြီးကြီးလာတိုင်း တာဝန်တွေဟာ တစ်
ရက်ထက်တစ်ရက် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲကျရောက်
လာ ၊ ကြီးထွားလာ လာကြတာပါ ။ ကိုယ့်အပေါ်ကိုကျရောက်
လာတဲ့တာဝန်တွေကို ဒီလိုမျိုးသာ ကြောက်ရွံ့နေမယ်ဆိုရင်
တော့ သင်ဟာ လူဖျင်းလူညံ့တစ်ယောက် ဖြစ်သွားတော့မှာ
သေချာနေပါပြီ ။
တစ်ချို့သူတွေဆိုရင် ကျွန်တော်တို့ မျက်စိရှေ့မှာလဲ မြင်တွေ့
နေရတဲ့သူတွေရှိပါတယ် ။ Steemitမှ သူငယ်ချင်းတွေ အကိုတွေ ၊ အမတွေရဲ့ ပတ်ဝန်းကျင်မှာလည်း မြင်တွေ့ရင် မြင်တွေ့ရပါလိမ့်မယ် ။ မိဘကကျောင်းထားပေးလို့ ကျောင်း
တက်ပြီးဘွဲတွေသာရသွားတယ် ၊ ဒါပေမယ့် အိမ်မှာနေပြီး
မိဘလုပ်စာထိုင်ဖြူန်း ၊ ဘာအလုပ်မှလည်းမလုပ် တဲ့အတွက်
အဲ့ဒီလိုလူဟာလည်း ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။
မိဘကလည်း ထောက်ပံ့နိုင်တယ် ၊ အရင်းအနှီးလည်းပေးနိုင်
ရက်သားနဲ့ သူ့ကိုယ်တိုင်က ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့သူ
တွေပါ ။ ဘာတာဝန်ယူမှုမှလည်း မရှိတဲ့ လူမျိုးတွေပါ ။
လူတစ်ယောက်ဟာ အသက် နှစ်ဆယ် ကျော်ပြီး အရွယ်ရောက်
လာရင် အနည်းဆုံးတော့ ကိုယ့်ရဲ့စားစရိတ် ၊ အသုံးစရိတ်တွေ
ကို ကိုယ်တိုင်ရှာရမယ့် တာဝန်တော့ ယူနိုင်ရမှာပါ ။
အဲ့ဒီလို ဖြစ်သလိုနေ ၊ ဦးတည်ချက်မရှိ ၊ ရည်မှန်းချက်မရှိပဲ
စိတ်ကူးပေါက်ရာ လုပ်ပြီး ကိုယ့်ရဲ့တာဝန်တွေကို ကြောက်ရွံ့
နေမယ်ဆိုရင် ၊ ပျက်ကွက်နေမယ်ဆိုရင် အဲ့ဒီလိုလူမျိုးဟာ ဘာ
တစ်ခုမှ ဖြစ်လာမှာမဟုတ်ပဲ လူဖျင်းလူညံ့တစ်ယောက် ဖြစ်
သွားမှာ သေချာနေပါတယ် ။ ထိုကဲ့သို့ယောက်ျားလေးတစ်
ယောက်ကိုလည်း ဘယ်မိန်းကလေးကမှ သဘောကျ နှစ်ခြိုက်
ကြမှာမဟုတ်ပါဘူး ၊ အားကိုးအားထား ပျြုချင်ကြမှာ မဟုတ်
ပါဘူး ။ ပတ်ဝန်းကျင်ကလည်း ထိုသူကို ချီးမြှောက်ပြေဆိုကြ
မှာမဟုတ်ပဲ အထင်အမြင်သေးစွာနဲ့ ပြောဆိုခြင်းကို ခံရမှာပါ။
ထိုကဲ့သို့လူဟာ လူတစ်ယောက်ဖြစ်ပါလျှက် ၊ ကြိုးစားရုန်းကန်
၍ ရပါလျှက် ၊ ဘဝရဲ့လိုရာခရီးကို သွားနိုင်ပါလျှက် ကြိုးစားမှူ
မရှိ တွေးတောဆင်ခြင်ခြင်းမရှိပဲ ရေအစုံမှာ မျှောပြီးလိုက်နေတဲ့
လှေပေါ်ကလူမျိုးသာဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု
ထား ကြိုးစားပြီး ဘဝကိုရုန်းကန် ၊ ရေဆန်ကိုကျော်၍ လှော်နိုင်
မှ လိုရာဘဝခရီးပန်းကို ရောက်ရှိမှာ ဖြစ်ပါတယ် ။
လူတွေဟာ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ ဆိုရိုးရှိကြ
ပါတယ် ။ ဒါပေမယ့် ဘယ်အလုပ်မဆို လွယ်ကူတယ် လို့တော့ မရှိပါဘူး ။ သူနေရာနှင့်သူ သူ့အခက်အခဲနှင့် သူချည်းပါပဲ ။ အခုကျွန်တော်တို့တွေ Steemit မှာ စာတွေရေးကြတယ် ၊တင်ကြတယ် ။ အပြင်ပန်းကြည့်ရင်တော့ ဒါလေးရေးရတာ လွယ်လွယ်လေးပါလို့ ထင်ကြတယ် ။ ကျွန်တော်ကိုယ်တိုင်လဲ ထင်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ကိုယ်တိုင်ရေးကြည့်တဲ့အခါမှ တကယ်ခက်ခဲမှန်း သိလာရတာပါ ။ တခြားသောအလုပ်တွေလဲ သူ့နေရာနှင့် သူ့အခက်အခဲနှင့်သူ ပါပဲ ။ ကျွန်တော် ရှစ်တန်း ကိုးတန်းလောက်က ကျွန်တော့်အကိုနဲ့ သူ့ရဲ့သူငယ်ချင်းတွေ တက္ကသိုလ် သွားတက်ကြတယ် ။ သွားကြတယ် ၊ လာကြတယ် ။ သူတို့ဘဝတွေကြည့်ရတာ အတော်လေးကို ပျော်စရာကောင်းပြီး လွပ်လပ်နေတဲ့ ဘဝကြီးတစ်ခုလို့ ထင်ခဲ့မိပါတယ် ။ ဒါပေမယ့် ကိုယ်တွေ့ ၊ ကြုံတွေ့လာတဲ့အခါကျ တော့ထင် သလိုတွေ မဟုတ်ပါဘူး ။ တကယ်တမ်းကျတော့ စာတွေ ကျက်ရတယ် ၊ projet တွေလုပ်ရတယ် ။ ဆယ်တနတုန်းက ဆရာမတွေပြောနေကျစကားဖြစ်တဲ့ " နင်တို့တွေ တက္ကသိုလ် ရောက်ရင် စာဒီလောက်မကျက်ရတော့ဘူး " ဆိုတဲ့စကားရဲ့ ဆန့်ကျင်ဘက်ပါပဲ ။
ဘယ်အလုပ်မဆို ခက်ခဲတယ်ဆိုပေမယ့်လည်း လူတိုင်းကိုယ်စီ
မှာ ကိုယ်နဲ့ကိုက်ညီမယ့် ၊ အလုပ်တစ်ခု ရှိဖို့ ၊ လုပ်ဖို့တော့ တာ
ဝန်ရှိကြပါတယ် ။ လူ့ဘဝခဏလေး ရစဉ်အတွင်းမှာ ကိုယ့်ရဲ့ ရှိ
သမျှ ဇွဲ ၊ လုံ့လ၊ ဝိရိယ ၊ ညဏ်ပညာတို့ကို အားကုန်စိုက်ထုတ်
ကြိုးပမ်းပြီး အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာအောင်
ကြိုးစားရမှာ လူတိုင်းရဲ့ ဘဝပေး တာဝန်တစ်ခုပါ ။ အဲ့ဒီတာဝန်
ကို ရှေင်လွှဲနေမယ် ၊ ကြောက်ရွံ့ နေမယ်ဆိုရင်တော့ အဲ့ဒီလူ
ဟာ လူဖျင်းလူညံ့တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ ။
အပိုင်း (၂) ဆက်ရန်.......
MSC -056
Author - Aung Ko Oo
(@henryba)
Photo Credit - Facebook & Google
26 / 10 / 2017
Good writing
Thanks bro.
Thanks bro.
Thanks bro.
👍👍👍👍👍
😊
ဘုန်းကြီးကျောင်းထွက်ကွ ဘာပိုက်ဆံမှ မကုန်ဖု ☻☻☻
ဘာနဲ့ရေးတာလဲကွယ် တစ်ချောင်းငင်လေးတွေပိုပိုနေတယ်။
ဖုန်းscreenက 5in ဆိုတော့နည်းနည်းသေးတယ်။ Note ထဲမှာ ရေပြီး copy >paste ပြန်လုပ်ထားတာဆရာ ။
ဖုန်းနဲ့ post ရေးတင်တဲ့သူတွေအားလုံးကိုချီးကျူးပါတယ်၊ ဆရာတောင်အမှားထောက်ပေးရတာ လက်တွန့်ချင်လာပြီ။
အပိုင်း2ဆက်ဖတ်ဖို့စောင့်နေပါ့မယ်..
ကျေးဇူးပါခင်ဗျ။
အပိုင်း2ဆက်ဖတ်ဖို့စောင့်နေပါ့မယ်..
ကျေးဇူးပါခင်ဗျ 😊
ကျေးဇူးပါခင်ဗျ 😊
Good right
Thanks 😊
Thanks 😊
Good writing
ကျေးဇူးပါ အကို ။
ကောင်းပါတယ်ဗျာအားပေးနေပါတယ်
👍👍👍👍👍
😊
😊
အယ် နာ့များတည့်တည့်ပြောနေသလားမှတ်ရတယ် ကောင်းချက်
ဟဲဟဲ 😝