မြင်တွေ့မိသော သင်္ကြန်

in #myanmar6 years ago

image

မြန်မာ လူမျိုးတို့ ၏ နှစ်တစ်နှစ်ရဲ့ အစ သင်္ကြန်ပွဲတော် ကျင်းပလေ့ရှိတဲ့ တန်ခူးလသို့  ရောက်ခဲ့ပြန်ပြီ ။သင်္ကြန်တဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ သုတ်သင် ဆေးကြောကြတယ။် ဆိုတဲ့ အယူအဆဟာ အိန္ဒိယ လူမျိုးတွေရဲ့ အယူအဆလို့ လည်း ထင်မိပါသည်။ ဘုရားရှင် လက်ထက်တော်ကဆိုလျှင် ဂင်္ဂါ မြစ်ရဲ့ အထက်ပိုင်းမှာ ဇာတ်မြင့်တွေ ရေချိုးလေ့ရှိပြီး။ ဇာတ်နိမ့်တွေကတော့ အောက်ပိုင်းမှာ ချိုးလေ့ရှိပါတယ။် သူတို့ အယူအဆကတော့ စီးဆင်းနေတဲ့ ဂင်္ဂါမြစ်ရေက သူတို့ ကိုယ်မှာ ကပ်ငြိနေတဲ့ ကိလေသာ အညစ်အကြေးတွေကို စင်ကြယ်စေတယ် ဆိုတဲ့အယူအဆပါပဲ ။

ဒီဘက်ခေတ်ကို မျှော်ကြည့်လိုက်ပြန်တော့ အရင်က မြန်မာတွေဟာ သင်္ကြန်ပွဲတော် အတွက် ရေတွေစုဆောင်းသိုမှီးထားကြတယ။် နံသာဖြူ နံသာနီ သနပ်ခါး စတဲ့ အမွှေးအကြိုင်တုံးတွေ စုဆောင်းထားကြတယ်။ ပြီးလျှင် ငွေဖလားထဲထည့် သပြေခက်နှင့် ပက်ဖြန်းကြတယ် ။အင်မတန်မှ ကောင်းမြတ်တဲ့ ပွဲတော်ကြီး တစ်ခုပေါ့ ။အမျိုးသား အမျိုးသမီးများကလည်း လုံလုံခြုံခြုံ အေးချမ်းစွာ ဆင်နွှဲလာကြတဲ့ သင်္ကြန်ပွဲတော်ကြီးဟာဖြင့် ဒီဘက်ခေတ်မှာတော့ သင်္ကြန်ရောက်တော့မည်။ ဆိုတာနှင့် အရက် ဘီယာ မူးယစ်စေတတ်တဲ့ အရာတွေ ဝယ်ယူစုဆောင်းကြတော့တယ။် ( သင်္ကြန်တွင်းဆို ဈေးပိုကြီးသည်ဟု သိရပါသည် ) ဆိုင်ကယ်များ၊ ကားများ အိပ်ဇောပိုက်များ ဖြုတ်လို့  တဖုန်းဖုန်း တဒိုင်းဒိုင်းနှင့် နားမခံသာအောင် ပြုပြင်တပ်ဆင်ကြသည် ။ဝတ်စား ဆင်ယင်မှုမှာလည်း မိမိပြောပြရန်ပင်မလိုအောင် မြင်နေတွေ့နေသည့်အတိုင်း ဖင်ပေါ် ရင်ပေါ်နှင့် သရုပ်ပျက်တွေကသာ များလှပါသည် ။

ဒီတော့ သင်္ကြန်ဆိုတာ အညစ်အကြေးတွေ ပြောင်ဖို့ နေနေသာသာ ဒေါသအညစ်အကြေး၊ ကိလေသာ အညစ်ကြေးတွေသာ ပိုလို့ လာနေပါသည် ။ နားအေး ပါးအေး တောထဲ နေနေသော်လည်း တစ်ချက် တစ်ချက် ရွာထဲက ဖြတ်သွားတဲ့ ဆိုင်ကယ်သံတွေကြောင့် ကြားရင်းနဲ့ကို လန့် မိပါသေးသည်။ သို့ ပေမဲ့ ဒီလောက်ဆိုင်ကယ်အမောင်းကြမ်းနေတာ တောင်တတ်တောင်ဆင်းလမ်းတွေနဲ့တော့ မဖြစ်ချေဘူးဟုဆိုပြီး ။မနေနိုင် မထိုင်နိုင် လမ်းတွေ မြေပြန်ဖို ။့ မြေပြန်ညှိပြီး လူငယ်တွေ အန္တရာယ်မဖြစ်ဖို့  ဆုတောင်းခဲ့ရသေးသည်။ မိမိစေတနာတော့ အကျိုးပေးမည်ဟု ယုံကြည်ပါသည။် တွေ့သည့် မြင်သည့် အတိုင်းကိုသာ အပြုသဘောဆောင်ရေးခြင်း ဖြစ်သောကြောင့် ခေတ်ကို နားမလည်တဲ့ သူလို့  ထင်လည်း ထင်နိုင်ပါတယ် ။ဒါပေမဲ့ နိုင်ငံခြားက သူတွေ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်လို့  ကိုယ့်မြန်မာ သင်္ကြန်ပွဲတော်ကို ကျက်သရေရှိရှိ ဆင်နွှဲနေချိန်မှာ ကိုယ့်မြန်မာတွေကိုတော့ သရုပ်ပျက် မူးရူး ကွဲပြဲ နေတာကို မကြားလို မမြင်တွေ့လိုတာတော့ အမှန်ပါ။

MSC-181
Author-@gunapeya

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ

Sort:  

နှစ်​သစ်​မှာ ကျန်းမာ​ပျော်​ရွှင်​ပြီး သာသနာ့ဝန်​ ခန္ဓဝန်​ကို ​ကောင်းမွန်​စွာ ထမ်းပိုးနိုင် ​​ပါ​စေေ​ကြာင်း ဆု​တောင်းလိုက်​ပါတယ်​ ဘုရား ..

သူတော်ကောင်းများ ကုသိုလ်ယူတတ်ပါ့ဘုရား

အမြင်မတော်တော့လည်း မနေသာလို့ ပါ ဦးထွေးရေ

ကုသိုလ်​ယူတတ်​ပါ​ပေ့ သာဓုပါဘုရား

ကွောင်ကြီးတို့  ပလိုတောင် မတင်နိုင်တော့ဘူးထင်နေတာ

ခုခောတ်က သင်္ကြန်ဆို အရက်သောက်ပွဲတော်ကြီးကို ဖြစ်လို့

ရိပ်သာထွက်ပြီး ခွက်ပုန်းကစ်လိုက်သေးတယ်မလား သိနေတယ်

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဦးဇင်း

မမတ်မတ်စု လည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ပါစေကွယ်

ခေတ်ကြီးပြောင်းလဲလာလိုက်တာ ယဉ်ကျေးဇူးမူတွေလျော့နည်းလာတော့ပါပဲဘုရား

ဒါပေါ့ကွယ် ခုထိကို မပြောင်းနိုင်ကြသေးဘူး

နှစ်သစ်အချိန်အခါကာလ မှ စ၍ကျန်းမာရွှင်လန်း အောင်မြင်တိုးတက် ကြီးပွားချမ်းသာ လိုအင်ဆန္ဒများပြည့်ဝပါစေ
@gunapeta ဆရာတော်ဘုရားလည်း သာသနာ့ တာဝန်များ
ဆထက်တန်ဖိုး ထမ်းဆောင်နိုင်ပါစေ

@mamamyanmar လည်း ထပ်တူထပ်မျှ ရွှင်လန်းချမ်းမြေ့ပါစေ

ထိမ်းတဲ့သူတွေကလည်း ထိမ်းနေကြသလို သရုပ်ပျက်သူတွေကလည်း ပျက်နေကြတာပါပဲ ဦးဇင်းရေ...

ဟုတ်ပါတယ် အများအားဖြင့်က သရုပ်ပျက်တေမို့ ပါ

ကောင်းပါတယ်ဘုရား အကောင်လေးတွေနဲ့ post တွေ လဲ တွေ့ပါတယ်ဘုရား ။အရှင်ဘုရား တောထွက်ရာက ပြန်လာပြီလားဘုရား ။

ပြန်လာသေးဘူး လကုန်မှ စာသင်တိုက်ပြန်ရမယ် ခုတော့ တောထဲပျော်နေတုန်းပဲ

သာဓု သာဓု သာဓုပါဘုရား

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63177.41
ETH 2439.37
USDT 1.00
SBD 2.58