သူမကို ပြောမပြနိုင်တော့သော ပုံပြင်လေးမှား အပိုင်း(၁)(Original Story By Ye Htet Kyaw)
သူမကို ညတိုင်းပုံပြင်လေးပြောမယ်လို့ ကတိပေးခဲ့ဖူးတယ် အခုတော့ သူမကို ပြောခွင့်မရပေမယ့် ဒီကနေပဲ ရေးတင်လိုက်မယ် သူ့မှာအချစ်တွေရှိသေးရင်တော့ သူဝင်ကြည့်ရင် တွေ့နိုင်မှာပါလေ အစစအရာရာအဆင်ပြေပါစေ
ကောင်ကလေးနဲ့ ကောင်မလေး နှစ်ယောက်ဟာ
အရမ်းချစ်ခဲ့ကြပေမယ့် တစ်ဦးနဲ့ တစ်ဦး မာနတွေပြိုင်ဆိုင်ရင်း အဆုံးသတ်မှာတော့ ဝေးကွာချင်းတွေနဲ့ ချစ်လျက်နဲ့ မုန်းချင်ယောင်ဆောင်ခဲ့ကြတယ် လမ်းမှာတွေ့ရင်တောင် ရင်ထဲက ခံစားချက်တွေက အရမ်းရင်ခုန်ချစ်နေကြပေမယ့် ရန်သူတွေလို ဆက်ဆံကြတယ်
ဖြစ်ပုံလေးကတော့
(နေ့တစ်နေ့ကဲ့ သာယာတဲ့ မနက်ခင်းမှာ ကောင်လေးနဲ့ ကောင်မလေးကို စုံစည်းပေးဖို့ ကံကြမ္မာကြီးက ဖန်တီးပေးခဲ့တယ် ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ အတူတူဆုံစည်းဖြစ်ကြတယ် အစမှာတော့ ပျော်ရွှင်စွာ သူငယ်ချင်းတွေအဖြစ်နေရင်းကနေ ကောင်လေးအပေါ် ကောင်မလေးရဲ့ အနစ်နာခံမှုတွေကြောင့် သံယောဇဉ်တွေဖြစ်တည်လာရင်း တစ်နေ့မှာတော့ ကောင်လေးရင်ထဲကို အဲ့ကောင်မလေးရောက်လာခဲ့တယ် အဲ့ဒါနဲ့ ကောင်လေးဘက်ကစပြီး အဲ့ကောင်မလေးကို သ၀န်တိုလာတယ် တစ်နှစ်ကြာ သံယောဇဉ်တွေကြောင့် ကောင်လေးနဲ့ ကောင်မလေးဟာ ချစ်ချင်းတွေ နားလည်မှုတွေနဲ့ အချစ်တစ်ခုကို စခဲ့ကြတယ် နေ့တိုင်းပဲ ကောင်လေးက အမြဲသ၀န်တိုတော့ ကောင်မလေးကိုချုပ်ခြယ်ခဲ့မိတယ် ကောင်လေးက စိတ်ဆိုးရင်ကောင်မလေးကချော့တယ် ကောင်မလေးကလဲ စိတ်ဆိုးရင် ကောင်လေးကချော့တယ်အဲ့နေ့တွေ မကုန်ဆုံးခင်အထိ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်နေ့တစ်နေ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ နှစ်ယောက်သားစကားပြောရင်း ကြည်နူးမှုတွေနဲ့ အချစ်တွေတိုးပွားခဲ့ကြတယ် ဒီလိုနဲ့ အချစ်တွေကုန်ဆုံးမဲ့နေ့ရောက်လာခဲ့တယ် ကောင်မလေးရဲ့ ဆန္ဒက ကောင်လေးက သူမကို အရမ်းအလေးပေးထားစေချင်တယ် အမြဲလိုလိုဂရုစိုက်စေချင်တယ် ကောင်မလေးက ကောင်လေးဘ၀ရဲ့ နံပါတ်တစ်ဖြစ်စေချင်ခဲ့တယ် ကောင်လေးကတော့ Game ဆော့ရရင် ပျော်နေတတ်တယ် ကောင်လေးဟာ ညတိုင်းလိုလို သူ့သူငယ်ချင်းတွေနဲ့ Game ဆော့ရင် ကောင်မလေးကို ပြစ်ထားတတ်တယ် အဲ့လိုနဲ့ နေ့တိုင်းသွားနေတဲ့ကောင်လေးကို ကောင်မလေးကလဲ မသွားနဲ့ပြောတယ် ကောင်လေးကလဲ မသွားပဲမနေဘူး နေ့တိုင်းလိုလို ညဘက် အချိန်မှန်သွားတယ် အဲ့ဒါနဲ့ ကောင်လေးနဲ့ ကောင်မလေးရဲ့အချစ်တွေဟာ တစ်နေ့ထက်တစ်နေ့ ပြဿနာတွေများလာရင်း မာနတွေဖြစ်တည်လာကြတယ် အဲ့လိုနဲ့ တစ်နေ့မှာ ကောင်မလေးက ကောင်လေးသွားတာကို လမ်းမှာပဲရှိနေတုန်း ကောင်မလေးက နင်ငါ့ကိုချစ်ရင် နင်လှည့်ပြန်ပါတဲ့ လှည့်မပြန်ရင် ငါနဲ့ပြတ်မယ် ကောင်လေးကလဲ သူသွားမယ့်လမ်းမှာ ဘယ်သူမှတားတာမကြိုက်ဘူး အဲ့လိုနဲ့ ဆက်သွားခဲ့တယ် ဒါနဲ့ပဲ နောက်ဆုံးနေ့မှာတော့ ကောင်လေးနဲ့ ကောင်မလေးဟာ နောက်ဆုံးအနေနဲ့ တွေ့ဖြစ်ခဲ့ကြပြီး ပြဿနာတွေကို မီးအဖြစ်ပြောင်းပြီး အချစ်တွေကို သိမ်းဆည်းထားလိုက်ကာ နှစ်ယောက်လုံးမာနတွေ ကိုယ်စီနဲ့ ဘယ်သူမှ မလျှော့ပေးပဲ အချစ်တွေကို စတေးလိုက်ကြပါတယ်)
ဒါပေမယ့် နှစ်ယောက်လုံးရဲ့ နှလုံးသားထဲမှာတော့ အချစ်တွေကိုယ်စီရှိနေကြတယ် အခုတော့ မာနကိုယ်စီနဲ့ ဖြစ်နေကြပေမယ့် မာနတွေ ခ၀ါချမယ့်နေ့လေးကို ရောက်လာပါစေလို့ ဆုတောင်းရင်း
လေးစားစွားဖြင့် သူမအတွက်ရေးသားပေးသော ကျွန်တော် မောင်ထက်ရှား
မာနဟာ ချစ်သူနှစ်ဦးကို ဝေးစေနိုင်ပါတယ်
လူသားတိုင်းမှာ မာနရှိတာတော့ ကောင်းပါတယ် ချစ်သူနှစ်ဦးကြားမှာတော့ မာနဆိုတာကြီး မရှိစေချင်မိဘူး