၁၁ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ
ယမန်နေ့က USD$2.13 အထိ ဈေးကျနေခဲ့သော Steem မှာ ယနေ့နံနက်တွင် ယခုလ၏ အနိမ့်ဆုံး ဈေး ဖြစ်သော USD$ 1.80 အထိကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ Bittrex ဈေးကွက် အတွင်း၌ ၂၄ နာရီ အတွင်း ရောင်းလိုအား များခဲ့၍ ဝယ်ရောင်း ပမာဏ ၄ သိန်းကျော်အထိ တက်ခဲ့သော်လည်း Steem မှာ coinmarketcap ၏ အဆင့် ၃၃ နေရာအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ Steem ဈေးမှာ ကိုးရီးယားဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်တွင် အခြားသော ဈေးကွက်များထက် အနည်း ငယ် ဈေးပို သယောင်ရှိသော်လည်း လက်ရှိအချိန်တွင် Binance ဈေးကွက်မှ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၁ သန်းကျော်ဖြင့် ဦးဆောင်လျက်ရှိပါသည်။
ယမန်နေ့က USD $ 1.50 ဝန်းကျင်ရှိခဲ့သော SBD ဈေးသည်လည်း ယနေ့နံနက်တွင် USD$ 1.30 ခန့်အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ SBD အနေဖြင့်လည်း Bittrex ဈေးကွက်အတွင်း၌ ၂၄ နာရီဝယ်ရောင်း ပမာဏ ဒေါ်လာ ၁ သိန်းကျော်ခန့် အထိ တက်လာခြင်းမှာ ရောင်းလိုအား များနေ၍ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် SBD ဈေးကွက်အား Upbit ဈေးကွက်မှ ၇၀% ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။ SBD ဈေးကွက်မှာ အခြားသော ဝယ်ရောင်း site များထက် steemit ၏ မူရင်း site ဖြစ်သော Gopax တွင် USD$ 1.49 နှင့် poloniex site တွင် USD $ 1.52 အထိ ဈေးရှိနေသော်လည်း poloniex တွင် SBD deposit အား ပိတ်ထားဆဲ ဖြစ်ပါသည်။
နောက် ၂၄ နာရီ အတွက် Steem & SBD ဈေး ခန့်မှန်းချက်မှာ Steem အနေဖြင့် USD$ 2 သို့ ပြန်တက်လာနိုင်ပြီး SBD နေဖြင့် အများဆုံး ပြန်တက်လာလျင် USD&1.40 ခန့်တွင်သာ ရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။
ㅤ
ㅤ
Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.
Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.
Congratulations @exchange.msc! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
ㅤ