၁၈ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

Steem ဈေးအနေဖြင့် ယနေ့နံနက်တွင်လည်း USD$1.60 ဝန်းကျင်တွင်သာ ရှိနေပါသေးသည်။ Steem အနေဖြင့် Huobi, Binance, Upbit ဈေးကွက်များတွင် ဝယ်ရောင်း ပမာဏ တက်လာနေသော်လည်း Bittrex ဈေးကွက် အတွင်း၌ ၂၄ နာရီ ဝယ်ရောင်းပမာဏ ဒေါ်လာ ၉ သောင်းကျော်သာရှိခဲ့ပါသည်။ Steem ဈေးသည် steemit အတွင်းရှိ ကိုရီယားဝမ်ဖြင့် ရောင်းဝယ်သော Gopax ဈေးကွက်အတွင်း၌ USD$ 1.77 ဈေးပေါက်လျက်ရှိပါသည်။ Steem အနေဖြင့် အခြားသော အမြင့် coin များဈေးကျဆင်းလာ နေခြင်းနှင့်အတူ ဈေးနှုန်းများ လိုက်ပါကျဆင်းနေဆဲ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် coinmarketcap ၏ အဆင့် ၃၃ နေရာတွင် ရပ်တည် နေဆဲ ဖြစ်ပါသည်။

01.png

ယမန်နေ့က USD $1.30 ခန့်တွင် ဈေးကစားနေခဲ့သော SBD မှာ Bittrex ဈေးကွက် အတွင်း ၌ ဌင်း၏ အနိမ့်ဆုံး ဝယ်ရောင်းပမာဏ ဖြစ်သော ၂၄ နာရီ အတွင်း ဒေါ်လာ ၁ သောင်းကျော်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ SBD အနေဖြင့် ဈေးကွက်များ အတွင်း၌ ဝယ်ရောင်းလုပ်ရန် တဖြေးဖြေး စိတ်ဝင်စားမှု နည်းပါးလာရကာ သူ၏ မူရင်း တန်ဖိုး ဖြစ်သော USD $1 အတွင်းသို့ မကြာမှီ ရောက်ရှိသွားမည်ဟု ထင်ပါသည်။ လက်ရှိ SBD ဈေးကွက်အား Upbit မှ ၇၀% ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း ဈေးကွက် အတွင်း ဝယ်လိုအား ထက် ရောင်းလိုအားသာ များ ပြား နေဆဲ ဖြစ်ပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်းနေပါအုံးမည်။ Steem အနေဖြင့် USD 1.40 အထိကျဆင်းသွားနိုင်ပြီး SBD အနေဖြင့် တပါတ်အတွင်း သူ၏ မူရင်း တန်ဖိုး USD 1$ သို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးကွက် ခန့်မှန်းခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်းသွားနိုင်ပါသည်။

MSC Exchange

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66751.68
ETH 3487.34
USDT 1.00
SBD 3.03