ဗုဒ္ဓဘာသာသည် လွတ်လပ်သောဘာသာတရား မာတိကာ (၁) အပိုင်း(ခ)

in #myanmar7 years ago

ဗုဒ္ဓဘာသာသည် လွတ်လပ်သော ဘာသာတရား
မာတိကာ (၁) အပိုင်း (ခ)
...... စဉ်းစားခွင့် မပေးတာ၊ သံသယဖြစ်ခွင့်
မပေးတာ၊ ကြောက်အောင် လုပ်တာဟာ အသိဉာဏ်ကို
သတ်လိုက်တာပါပဲ။ လူသားရဲ့ အကောင်းဆုံးအရည်အချင်းကို
ဖျက်ဆီးလိုက်တာပါပဲ။ လူသားကို လူသားအဆင့်ကနေ
ကျသွားအောင် လုပ်လိုက်တာပဲ။
....... မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။
လူသားနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်။
....... မြတ်စွာဘုရားက ရှင်သာရိပုတ္တရာမထေရ်ကို ချီးမွှမ်းတဲ့ အချက်တစ်ခုက " အသဒ္ဓေါ " "မယုံသောသူ" တဲ့။ ဘာဖြစ်လို့
" မယုံသောသူ" လို့ချီးမွှမ်းတာလဲ။ ယုံနေဖို့ မလိုတော့လို့ပေါ့။ ဘာဖြစ်
လို့ယုံနေဖို့မလိုတာလဲ ။ ကိုယ်တိုင်ကိုယ်တွေ့ သိတဲ့သူဖြစ်လို့ပေါ့။
ဘုန်းကြီးလည်း မယုံသောသူပဲဖြစ်ချင်တယ်။ ဒကာကြီးတို့ကော....
" တပည့်တော်တို့လည်း ကိုယ်တိုင်သိချင်တယ်။ အဲ့တာကို မယုံ
သောသူလို့ ခေါ်ရင် မယုံသောသူပဲဖြစ်ချင်ပါတယ်ဘုရား။
..... ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံးအချက်မဟုတ်
ဘူး။ ကိုယ်တိုင် သိတာက အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဗုဒ္ဓဘာ
သာတရားဟာ လွတ်လွတ်လပ်လပ်ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့
အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားကို
Buddhism is the Religion of Freedom လို့ခေါ်သင့်
တယ်။
.......ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှုကိုရောက်
အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓ
ဘာသာတရားဟာ The Religion of Freedom ဖြစ်တယ်။
....... ဗုဒ္ဓဘာသာတရားဒာ အစကတည်းက လွတ်လွတ်လပ်လပ်
အမှန်တရားကို ရှာဖို့ အားပေးတယ်။ မျက်ကန်းယုံကြည်မှု ကိုအား
မပေးဘူး။ မြတ်စွာဘုရားက ငါဘုရားဟောတာယုံရမယ်။ မယုံရင်
အပြစ်ရှိတယ်လို့ မပြောဘူး။
....... တရားတော်တွေထဲမှာ
သန္ဒိဌိကော၊ ကိုယ်တိုင်သိနိုင်တယ်။
ဧဟိပဿိကော၊ လာကြည့်ပါ၊ စမ်းကြည့်ပါ၊ လက်တွေ့လုပ်
ကြည့်ပါ ဟုဆိုထားပါတယ်။
........ အဓိပ္ပါယ်က ... အပြောကိုယုံနေဖို့မလိုဘူး။ လက်တွေ့လုပ်
ပြီးမှ မှန်ရင် လက်ခံဖို့ပြောတာနော်။ သိစေချင်လို့ပြောတာ၊ ယုံစေချင်
လို့ပြောတာမဟုတ်ဘူး။
......." ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူတိ" ဉာဏ်ရှိသူတို့သည် ကိုယ်စီ
ကိုယ်စီ အသီးသီး မိမိတို့ဉာဏ်ရှိသလောက် သိနိုင်မယ်။
....... အဲ့ဒီဉာဏ်ရှိသလောက် သိနိုင်မယ်ဆိုတဲ့အချက်က အရမ်းအ
ရေးကြီးတယ်။ ဉာဏ်ပိုရှိလေ ပိုသိလေလို့ ဆိုလိုတယ်။ ဒါကြောင့်
ဉာဏ် အဆင့်မြင့်တဲ့ သူကို အဆင့်မြင့်တဲ့တရားဟောပြရတာ ပိုလွယ်
ကူတယ်။ အထူးသဖြင့် ဝိပဿနာတရားဟာ ဉာဏ်မြင့်လေ သိဖို့
လွယ်လေပဲ။
........ ဗုဒ္ဓဘာသာတရားမှာ အထူးခြားဆုံးတရားဟာ ကာလာမသုတ်
တရားတော်ပဲ။ ဒကာကြီးတို့ ကြားဖူးတယ် မဟုတ်လား။
........ ကြားဖူးပါတယ်ဘုရား။ ကြာပါပြီ။ ဒါပေမယ့် အရှင်ဘုရား
ထပ်ပြီးပြောပြရင် တပည့်တော်တို့ ပြန်ပြီး သတိရလာမှာပါဘုရား။
...... တပည့်တော်က ကာလာမ သုတ်ကိုဖတ်ပြီး ကြောက်တောင်
ကြောက်လာပါတ်ာဘုရား၊ မယုံနဲ့လို့ ပြောတာတွေက ဘာမှမကျန်
တော့လို့ပါဘုရား။
...... တပည့်တော်တို့က မိဘတွေပြောပြတာတွေ ဆရာသမားတွေ
ပြောပြတာတွေကို အမှန်ပဲလို့ လက်ခံလာခဲ့ကြတာ။ သူတို့ပြောတာ
တွေ မှန်ချင်မှ မှန်မယ်လို့ တွေးရတာ စိတ်ထဲမှာ သူတို့ကို စော်ကား
သလိုများ ဖြစ်သွားမလားလို့ တွေးမိတယ်။
....... ပြီးတော့ကိုယ်ကိုကိုယ်တိုင်ကလည်း ဘာမှ မသိတော့ ဘာကို
ယုံရမှန်း မသိတော့ဘူး။ ယုံစရာ ဘာမှမကျန်တော့ဘူး။ အဲ့လိုယုံစရာ
တွေ မကျန်တော့တာကိုကြောက်တယ်။ မှီစရာ တွှယ်စရာ မရှိတော့
သလို အားကိုးစရာမရှိတော့သလို ဖြစ်သွားတယ်။ Insecure ဖြစ်
တယ်။ ဘာမှ မယုံပဲ နေလို့ဖြသ်ပါ့မလားလို့ မေးမိတယ်။
...... အရာရာတိုင်းကို ကိုယ့်ဉာဏ်နဲ့ကိုယ် အမှားအမှန် ဆုံးဖြတ်ရ
မယ်ဆိုတဲ့ ကိစ္စဟာ မနိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ တွေးမိပါတယ်။ ယုံ
လိုက်ရတာက သက်သာပါတယ်။ ယုံလောက်တဲ့သူက ပြောတာကို
ယုံလိုက်ချင်တယ်။ ဒါပေမယ့် ကာလာမ သုတ်မှာ (ပုဂ္ဂိုလ်ကို အထင်
ကြီးပြီးတော့ သူပြောတာကို မှန်တယ်လို့ မယုံပါနဲ့ ) လို့ ဆိုထားတော့
ဘယ်သူ့ကို ယုံရမလဲ ဆိုတာ မဆုံးဖြတ်နိုင်တော့ပါဘူး။ (အမှန်တရားကို ရှာတဲ့သူဟာ ပုဂ္ဂိုလ်စွဲမရှိရဘူး) ဆိုတာ လက်ခံပါ
တယ်။ ဒါပေမယ့် အဲ့ဒါက အတွေးနဲ့လက်ခံတာပါ။
....... အရှင်ဘုရားကိုတောင် တပည့်တော်တို့က ပုဂ္ဂိုလ်စွဲ ဖြစ်လာပါ
တယ်။အရှင်ဘုရားကတော့ မှန်တာပဲ ပြောမှာပါလို့ ယုံကြည်လာပါ
တယ် ဘုရား။
....... အဲ့တာ ဘုန်းကြီးအတွက် လက်မခံနိုင်တဲ့ကိစ္စ ဖြစ်တယ်။
ဘုန်းကြီးပြောတာကို ပုဂ္ဂိုလ်စွဲပြီး မစဉ်းစားတော့ပဲ လက်ခံရင် ဘုန်း
ကြီးက အရာရာတိုင်းမှာ ဆုံးဖြတ်ပေးရမယ့်သူဖြစ်သွားမယ်။ အဲ့ဒီ
တာဝန်ကို ဘုန်းကြီးမယူနိုင်ဘူး။
...... အဲ့တာကိုလည်း တပည့်တော် နားလည်ပါတယ်ဘုရား။ အရှင်
ဘုရားကိုယ်တိုင်က ပုဂ္ဂိုလ်စွဲ မရှိတော့... အရှင်ဘုရားကို ပုဂ္ဂိုလ်စွဲ
သဘောနဲ့ ဆက်ဆံတာကို အရှင်ဘုရားကြိုက်မှာ မဟုတ်ဘူးဆိုတာ
တွေးမိပါတယ် ဘုရား။
....... ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ရမယ့် တာဝန်က ကြီးလွန်းပါ
တယ်။ ဒါကြောင့်လူတွေက အဲ့တာဝန်ကို မယူနိုင်လို့ ကိုယ့်အတွက်
အရာရာကို ဆုံးဖြတ်ပေးမယ့်သူ လက်ထဲကို ကိုယ့်ဘဝကိုအပ်တာပဲ။
အဲ့တာကြောင့်လည်း လွတ်လပ်မှု ဆိုတာ မရှိတော့တာ၊ လွတ်လပ်မှု
မရှိတော့ကို လက်ခံလိုက်တယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကို မယူရရင်
ပြီးရော . ဒါပေမယ့် .....
............. အမှန်တရားကို တကယ်လိုလားရင်၊ လွတ်လပ်မှုကို
တကယ်လိုချင်ရင် အမှားအမှန်ကိုကိုယ်တိုင်ဆုံးဖြတ်ရမယ်
ဒီတာဝန်ကို ရှောင်လွှဲ လို့မရနိုင်ပါဘူး
(ဆက်ရန်)........

ဆရာတော် ဦးဇောတိက ၏
လွတ်လပ်သောစိတ် တရားတော်စာအုပ်မှ
တရားအလှူ ဒါန ပြန်လည်မျှဝေသည်။

HFS 13 # Group/B
@eisan

Sort:  

ကျေးဇူးပါဗျ

ကျေးဇူးတင်ပါတယ် .

Good post bro

ကောင်း

I'm not the only one working for democracy in Burma - there are so many people who have worked for it because they believe that this is the only way we can maintain the dignity of our people.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59