မဟာလူသားအကျွန်ုပ်
တည်ငြိမ်နေသောရေပြင်သည်လှူပ်ခါသွားသကဲ့သို့ ဘဝတစ်ခုသည်အခက်အခဲနှင့်ရင်ဆိုင်ရသည့်အချိန်တိုင်းယိမ်းယိုင်သွားသည်မှာထုံးစံပင်ဖြစ်သည်။အခက်အခဲနှင့်တွေ့ကြုံခြင်းသည်ကိုယ်ရည်ကိုယ်သွေးအား
တိုးတက်လာစေရန်မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။
မိမိတို့၏ဘဝ၌တွေ့ကြုံလာရသည့်အခက်အခဲများအား ရှူမြင်သုံးသပ်မှူသည်အလွန်ပင်အရေးကြီးလှပေသည်။
အခက်အခဲကြုံရလေလေစိတ်သည်တည်ငြိမ်အေးချမ်းသင့်ပေသည်။အခက်အခဲများသည်လူ၏စွမ်းအားအားအထွဋ်အထိပ်သို့ပို့ဆောင်ပေးသည်။လူတိုင်းလူတိုင်း၌တိမ်မြုပ်ပျောက်ကွယ်နေသောစွမ်းပကားများ
သည်အခက်အခဲဟူသည့်သော့တံကြောင့်ပွင့်အံထွက်ကျလာလေသည်။
ထို့ကြောင့်၃၁ဘုံ၌အရာရာအားမိမိ၏စွမ်းအင်ဖြင့်ကြိုးပမ်းလုပ်ဆောင်နိုင်သည့်လူတို့ဌာနဤလောက၌လူဟုခေါ်သည့်အကျွနုပ်တို့သည်စိတ်ဓာတ်အားမာန်အပြည့်ဖြင့်အရာရာတိုင်းအားစွမ်းဆောင်အောင်မြင်နိုင်ပေသည်။လူသားတို့၏တွေးခေါ်နိုင်စွမ်း၊စဉ်းစားဆင်ခြင်နိုင်စွမ်းသည်တုနှိုင်းမရနိုင်အောင်ကံတရားကြောင့်ဖြစ်တည်လာခဲ့ပေသည်။
ထို့ကြောင့်သဘာဝတရားမှမိမိတို့အားနှင်းအပ်ထားသည့်ဤဦးနှောက်နှင့်အသိဥာဏ်အားအသုံးချ၍လောကီ
ကိစ္စ၊လောကုတ္တရာကိစ္စများ၌အောင်မြင်အောင်ကြိုးစားရမည်မှာကျွနူပ်တို့၏တာဝန်ပင်ဖြစ်သည်။
စကြာဝဠာတိုက်တစ်သောင်း၌အမြင့်မြတ်ဆုံးမဟာ လူသားမြတ်ဗုဒ္ဓသည်ဤလူ့ဘုံ၌ပင်ပွင့်ထွန်းပေါ်ပေါက်
လာခြင်းဖြစ်ပေသည်။ထို့ကြောင့်ရခဲလှသည့်မနုဿ လူသားအကျွန်ူပ်တို့သည်မိမိတို့၏ရရှိထားသောအခွင့်ထူးများအားအသုံးချ၍မိမိတို့၏နယ်ပယ်၌အောင်မြင်မှူဆွတ်ခူးနိုင်အောင်အထူးပင်ကိုယ်စွမ်းရှိသမျှဥာဏ်စွမ်းရှိသမျှကြိုးစား၍လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးကိုရရှိအောငိကြိုးစားသင့်ပေကြောင်းရေးသား၍
နိဂုံးချုပ်လိုက်ရပေသည်။
STEEMIT၌ဘာPOSTတင်ရမှန်းမသိစဉ်းစားမရ၍ဟိုဟိုဒီဒီလျောက်ရေးလိုက်ပါကြောင်းဖြင့်..။
စာရေးသူ အိအိခိုင်။
so cute
Thank
Great Lady
Posted using Partiko Android
ကျေးဇူး
မပေါ်လာအတော်ကြာပါလား မအိရေ
ဟုတ်တယ်မမရေခုမှပြန်ရေးဖြစ်တာ