Bitmain မှ ပထမဆုံး Ethereum ASIC Miner E3 အမျိုးအစား ထုတ်လုပ်steemCreated with Sketch.

in #myanmar6 years ago

image
နာမည်ကြီး Asic Miner ထုတ် ကုမ္ပဏီတစ်ခုဖြစ်သည့် Bitmain သည် July လ အတွင်း Antminer E3 များကို စတင်တင်ပို့ရောင်းချတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

July လတွင် စတင်ရောင်းချမည့် Antminer E3 တစ်လုံးကို 800$ ကျသင့်မှာဖြစ်ပြီး အသုံးပြုသူတစ်ယောက်ကို အများဆုံးစက်တစ်လုံးသာ ကြိုတင်မှာယူဖို့ခွင့်ပြုထားပါတယ်။ Antminer E3 တစ်လုံးကို 180MH/s ထွက်မှာဖြစ်ပြီး အလေးချိန်ကတော့ 13 KG ဖြစ်ပါတယ်။ ၎င်းစက်တစ်လုံး၏ Power အသုံးပြုမှုမှာ 800W ဖြစ်ပါတယ်။

၎င်းစက်များသည် လက်ရှိမြန်မာနိုင်ငံတွင်တပ်ဆင်အသုံးပြုလျှက်ရှိကြသော GPU များနှင့်နှိုင်ယှဉ်လျှင် ဈေးနှုန်းအလွန်သက်သာမည်သာ ဖြစ်ပါတယ်။

Antminer E3( Eth တူး) စက်များကို China, Taiwan နိုင်ငံတို့မှလွဲ၍ ကမ္ဘာတစ်ဝန်းမှာယူသူများထံသို့ ပေးပို့ရောင်းချပေးမှာဖြစ်ပါသည်။

ထိုသို့ ပေးပို့ရာတွင် မိမိ Pre-order တင်ထားသော Address အတိုင်းပေးပို့မှာဖြစ်ပြီး Pre- Order မှာယူမည့်သူများအတွက် ၎င်းလိပ်စာများကို ပြန်လည်ပြင်ဆင်လို့မရကြောင်း အသိပေးပါရစေ။
image
လက်ရှိအချိန်မှာ Payment System ကို BCH ဖြင့်သာ လက်ခံမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Antminer E3 အကြောင်း သိလောက်ပြီထင်ပါတယ်။ ဈေးနှုန်းသက်သာသည့် Antminer E3 သည် ဈေးကွတ်အတွင်းနေရာတစ်ခု အပြည့်အဝယူလာမည်ဖြစ်ကြောင်း ပြောကြားရင် အဆုံးသက်ပါရစေ

#myanmar
#cryptocurrency
#bitmain

ဒီပကျော်
Crypto Exchange Service

Photo credit - Bitmain

Sort:  

စိတ်တော့ဝင်စားတယ်broရေ
မဝယ်နိုင်တာခက်တာ😁

အကုန် Power Up လိုက်ပြီပေါ့ နော်

ကျေးဇူးတင်ပါတယ်ခဗျ

appreciator ကို 3$ ပို့ပြီး upvote လုပ်ခိုင်းတာကို ဒီလောက်ပဲရတာဆိုရင်ရှုံးပြီပေါ့၊

Minning လဲစိတ်​ဝင်​စားမိပြန်​​ရော

စိဝင်စားရင် ချသာချပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56465.77
ETH 2331.79
USDT 1.00
SBD 2.36