ပျော်ပျော်ပဲ
ဂိမ်းအကြောင်းပဲ ထပ်ရေးပြန်လျှင်လည်း ဖတ်မည့်သူများကို အားနာမိပြန်၏။ လောလောဆယ် စိတ်အာရုံကျနေတာကလည်း ထို ဂိမ်းအကြောင်းသာ ဖြစ်၏။ ဂိမ်းဆော့ ဖြစ်သည့် အချိန်ကလည်း အိပ်ချိန်ပြီးလျှင် အများဆုံးပင် ဖြစ်၏။ တခါတလေ အိပ်ချိန်ထက်ကို များသွားသေး၏။ စာသင်ချိန်က လွဲလျှင်၊ ထမင်းစားချိန်က လွဲလျှင် ဂိမ်းသာ ဆော့ဖြစ်နေတော့၏။ online (အထူးသဖြင့် facebook) တောင် သိပ်မသုံး ဖြစ်တော့ပေ။ ယခင်က ကျနော့် အချိန်ချိန် တော်တော်များများကို facebook က ယူသွားလေ့ ရှိ၏။ သို့သော် ယခုအခါ ML game က ယူသွားခဲ့ပြီ ဖြစ်၏။
ဂိမ်းပြီးလျှင်တော့ steemit ပေါ့။ မည်သို့ပင် steem ဈေးကျကျ လုပ်စရာ ရှိတာလုပ်၊ ရေးစရာ ရှိတာရေး နေဖို့သာ လိုသည် မဟုတ်လား။ ဂိမ်းဆော့နေရလျှင် စိတ်ချမ်းသာသလို၊ steemit မှာ စာရေးနေရလျှင်လည်း စိတ်ချမ်းသာ၏။ steem ဈေးကောင်းနေတုန်းကဆိုလျှင် တော်တော်လေးကို စိတ်ချမ်းသာပြီး ပျော်ရွှင်၏။ ယခုလည်း နောက်တဖန် steem ဈေးပြန်ကောင်းလာလျှင် ဆိုသည့် မျှော်လင့်ချက်လေးနှင့် နေ့စဉ် steemit မှာ လျှောက်လှမ်းနေမိ၏။
ဒီနေ့ ကိုဟင် ပြောသွားသည့် အချက်အလက်များပေါ် မူတည်ပြီး steem ၀ယ်စုထားဖို့ကိုလည်း စဉ်းစားမိသေး၏။ steem ဈေးက အတော်လေးကို ကျနေသည် မဟုတ်လား။ power စုထားဖို့ ကောင်းသည့် အပြင်။ power စုဖို့ မဟုတ်ဘဲ ဒီအတိုင်း steem ကို တမင် ၀ယ်စုထားပြီး ဈေးတက်မှ ပြန်ရောင်းလျှင်လည်း ရသည် မဟုတ်လား။ မည်သို့ပင် ဆိုစေ ဒီအချိန်ကတော့ steem ၀ယ်စုထားဖို့ အကောင်းဆုံး အချိန်ဆိုသည်မှာ အသေအချာပင်၊ အမှန်ပင်။
လကုန်ရက် ဖြစ်ပြီး လက်ထဲ ပိုက်ဆံ ရှိသည့် ရက်မျိုးနှင့် ကြုံလျှင်တော့ steem အနည်းငယ် ၀ယ်ထားလိုက်ဦးမည်။ တချိန်ချိန်မှာ တခုခုတော့ ထူးလာလိမ့်မည်၊ ရလာလိမ့်မည်ဟု မျှော်လင့်မိ၏။ မျှော်လင့်ချက်နှင့် အသက်ရှင်နေသည့် လူသားများ မဟုတ်လား။ တနေ့ တနေ့ စာရေးလိုက်၊ ပိုစ့်တင်လိုက်၊ စာသင်လိုက်၊ ဂိမ်းဆော့လိုက်၊ ဘောလုံးကန်လိုက်နှင့် အတော်လေးကို ဟန်ကျနေတော့၏။ တချို့ အိမ်ထောင်သည်များကတော့ ကျနော့်ကို ကြည့်ပြီး မျက်မုန်းကျိုးနေကြ၏။ အမှန်တော့ သူတို့ ကျနော့်ကို အားကျနေကြခြင်း ဖြစ်၏။
ကျနော်တို့ သူငယ်ချင်း တစုကလည်း ခုချိန်ထိ လူလွတ်များ များနေသေးသည်ကိုး။ အချို့က ဂေါ်မစွံ အဖွဲ့ဟု ကင်ပွန်းတပ်ပြီး ခေါ်ချင်ကြသေး၏။ အမှန်တော့ သူတို့ ထင်သလို မစွံသူများ မဟုတ်ကြပေ။ ကျနော်တို့လည်း ကိုယ့် အခြေအနေနှင့် ကိုပါလေ။ ထုတ်မပြော ပေမယ့်ပေါ့။ မည်သို့ပင် ဆိုစေ ကျနော်တို့ကို ကြည့်ပြီး အားကျနေသူများရှိနေသည်ကိုတော့ အလွန်မှပဲ ပျော်ရွှင်ရ၏။ တခါတလေ စိတ်ကူးပေါက်လျှင် သူတို့ကို စလို့ ရသည် မဟုတ်လား။ ကိုယ်ကပဲ အစခံ၊ အနောက်ခံ နေရတာ တခါတလေတော့လည်း ကိုယ်တွေ အလှည့် ရောက်လာသင့်သေးတာပေါ့။ လက်ရှိအချိန်မှာ steem ဈေးကျနေပေမယ့် ကျနော်ကတော့ စိတ်မညစ် စိတ်မပျက်ဘဲ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေမိပါ၏။
Don Jaun
MSC 31
ပျော်ပျော်နေသေခဲ့
Posted using Partiko Android
steemit မှာ ML တို့ PUBG တို့လို ဆွဲဆောင်အားကောင်းတဲ့ ဂိမ်းတွေပါ ဝင်လာရင်ကောင်းမယ်