Knowledge from GamesteemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ခုတလော ဂိမ်းအကြောင်းတွေပဲ ရေးရေး ဖြစ်နေတော့ အချို့ ဂိမ်းမဆော့သည့် စာဖတ်သူများကို အားနာမိ၏။ ကျနော်ကလည်း ဂိမ်းအကြောင်းရေးဖို့ပဲ ဂိမ်းဆော့နေသလို ဖြစ်နေသည်ကိုး။ အမှန်တော့ မဟုတ်ပေ။ ဒီဂိမ်း အကြောင်းရေးမယ်ဆိုပြီး ကျနော့်မှာ အတွေးမရှိပေ။ ခု ရေးနေတာတွေကလည်း ဂိမ်းအကြောင်း မဟုတ်ဘဲ ဂိမ်းနှင့် ပတ်သက်ပြီး ကျနော် တွေ့ကြုံရသည်များ၊ ခံစားမိသည်များကို ရေးမိခြင်း၊ ရင်ဖွင့်မိခြင်း ဖြစ်၏။

ဆိုခဲ့ဖူးသည့် အတိုင်း level မြင့်လာတော့ ဆော့ကစားရ ခက်လာ၏။ မိမိနှင့် level တူများ လူတွေ့ကြ ဆုံကြခြင်း ဖြစ်သဖြင့် ထင်သလောက်တော့ မလွယ်လှပေ။ လွယ်လွယ်နှင့် အနိုင်ရသည့် ပွဲက အတော်လေးကို နည်းလှ၏။ အားလုံးက သူ့ထက် ကဲတွေ မဟုတ်လား။ လွယ်လွယ်နှင့် အနိုင်မရသည့် ပွဲတွေ ရှိပေမယ့် လွယ်လွယ်နှင့် အရှုံးပေးလိုက်ရသည့် ပွဲတွေကတော့ အများသား။ အသင်းအဖွဲ့နှင့် ဆော့ကစားရခြင်း ဖြစ်သဖြင့် လူမညီလျှင် အဆင်မပြေပေ။ လူလည်းညီ ကိုယ့်တာဝန်လည်း ကိုယ်ယူတတ်လျှင်တော့ အဆင်ပြေ၏။

လူအချို့ကတော့ ဂိမ်းကစားခြင်းနှင့် ပတ်သက်ပြီး အဆိုးမြင်လေ့ ရှိ၏။ အမှန်တော့ ဂိမ်းကြောင့် ဆိုသည်ထက် ဂိမ်းကစားသည့် လူများကြောင့်သာ ထိုဂိမ်းများကို အဆိုးမြင်မိကြခြင်း ဖြစ်မည် ထင်၏။ တကယ်တမ်းကျ ဂိမ်းကနေ သင်ယူလို့ ရသည့် သင်ခန်းစာများက အများသားပင်။ ယခု ML နှင့် ပတ်သက်ပြီး ပြောရလျှင် အသင်းဖော်များ အချင်းချင်း စည်းလုံး ညီညွတ်မှုက အရေးကြီးဆုံးပင် ဖြစ်၏။ ထို့ပြင် ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့လည်း လို၏။ လိုအပ်လျက် ကူညီဖို့လည်း အဆင်သင့် ဖြစ်နေဖို့ လို၏။ တပါးသူကို အပြစ်မတင်ဘဲ အကောင်းမြင် ပေးဖို့လည်း လို၏။

S90720-133519.jpg

ML ဆော့ကစားသူ အများစုက စိတ်မရှည်စွာ ဆဲဆိုခြင်း အမှုကို ပြုလေ့ ရှိ၏။ နာမည် တပ်ပြီးလည်း ဆဲလေ့ ရှိသလို၊ တသင်းလုံးကို ဆဲဆို၊ ဖောင်းထုသည့် လူလည်း ရှိ၏။ ထိုလူမျိုးနှင့်ဆို မဆော့ချင်ပေ။ ဟုတ်တယ်လေ ဆဲဆိုနေပြီး သူကကော အသုံးကျလားဆိုလျှင် တသင်းလုံးမှာ အသုံးမကျဆုံးက သူ ဖြစ်နေလေ့ ရှိ၏။ ကိုယ်ကိုတိုင်က အသုံး မကျဘဲ အခြားသူများကို လိုက်လံ အပြစ်တင်၊ အပြစ်ဖို့နေသူများ ML ဂိမ်းဆော့ကစားနေစဉ်အတွင်းမှာ အများဆုံး တွေ့ရ၏။

ဆဲဆိုလိုက်ခြင်းဖြင့် ဘာများ ကောင်းသွားလို့လဲ အခြားသူများက မိမိဆဲလိုက်လို့ ကောင်းကောင်းဆော့လာမည် ထင်ပါသလား။ ဘာမှ မဆိုင်ပေ။ စိတ်ဆိုးပြီး ပိုမို တလွဲလုပ်ကြဖို့သာ ရှိ၏။ တချို့ လူတွေကတော့ မဆဲနဲ့ ကောင်းကောင်းဆော့ ဆိုပြီး ပြောလေ့ ရှိ၏။ ကျနော်ကတော့ ဘာမှ မပြောနေတော့ပေ။ ကိုယ့်ကို ဆော့စရာ ရှိတာ ဆော့ပြီး ကိုယ့်တာဝန်ကို ကျေဖို့သာ အာရုံစိုက်၏။ သူ့သူ ဘာပြောနေနေ အရေးကို မစိုက်တော့ပေ။ တချို့ ရှိသေး၏။ အသံဖွင့်ပြီး ဂိမ်းဆော့ခိုင်းသည့် သူများ။ ကျနော်ကတော့ ဘယ်တော့မှ မဖွင့်ပေ။ ထို့ကြောင့်ပဲ စာရိုက်ပြီး ဆဲသည်လားပေါ့။ သို့ပေမယ့် ကိုယ့်အချင်းချင်း ကစားလျှင်တော့ အသံဖွင့်၏။ မည်သို့ပင် ဆိုစေ အနှီ ဂိမ်းကြောင့် အချိန်ကုန်ရသည် ဆိုပေမယ့် ဂိမ်းကနေလည်း သင်ယူစရာများ အများကြီး ရလိုက်သည် မဟုတ်လား။

Don Jaun

MSC 31

Sort:  

တစ်ခါတစ်လေ ဆိုကိုယ့်ဆဲရင် နောက်တစ်ခါ မဆဲနဲ့လို့ ပြောတယ် ဒါမှဆက်ဆဲရင် ကြိုက်သလောက်ဆဲကွာဆိုပြီး လိုက်ပတ်ပြေးနေလိုက်တယ် မတိုက်တော့ဘူး rank မြင့်လာရင် အဆဲနည်းလာပါတယ် ။ ဒါနဲ့ game အကြောင်းဘဲ တင်လဲ ကောင်းတာပါဘဲ game live steam တွေ တင်ပြီး တစ်ရက်တစ်ရက် $10000 အထက် ရနေသူတောင် ရှိသတဲ့ ။

ယူတတ်ရင် ရပါတယ်

Posted using Partiko Android

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 95527.71
ETH 2721.31
SBD 0.67