မြန်မာနှင့် ကူးယူခြင်း

in #myanmar7 years ago

မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ပွဲလမ်းသဘင်များ တွေ့ရတတ်ပါတယ် ။ ထိုပွဲလမ်းသဘင်ရှိလျှင် ရန်ဖြစ်ရမည်ဆိုသော အတွေးများအချို့ သူများတွင် တွေ့ရတတ်ပါသည် ။ အလွှန်ဆိုးသော ဓလေ့ပါ ။ ဘယ်လိုအကြောင်းကြောင့် သတ်မှတ်ခဲ့တယ်ဆိုတာ မသိနိုင်ပေမဲ့ အချို့သူများကြားတွင် အလေ့အထ တစ်ခုသဖွယ် ရိုးရာ ဓလေ့ တစ်ခုသဖွယ် ဖြစ်နေသလို မြင်မိပါသည် ။

ရန်ဖြစ်တဲ့ ဓလေ့အကြောင်းပြောချင်တာတော့မဟုတ် အဲ့ဒီ ဓလေ့လိုဘဲ ဖြစ်လာတဲ့ ဓလေ့တစ်ခုအကြောင်းပါ ။စာရေးရမည်ဆိုလျှင်လည်း မည်သူက စလိုက်မန်းတော့မသိ ကူးရေးတတ်သည့် အကျင့်များအများအပြား ၊ ကြံရင်းဖန်ရင်း တစ်ယောက်တစ်လေ လုပ်ကြသည်မဟုတ် ဘယ်ကနေစပြီး အလေ့အထတစ်ခု အစပြုခဲ့သည်တော့ မသိတတ်ပါ ။ အမျာစုကတော့ ကူးနေကြပါသည် ။ စာရေးရမည်ဆို copy and paste နိပ်သည်မှာ အလွှန် များပါသည် ။ အခြားသူများကရော copy နဲ့ paste ကို မနိပ်တတ်၍မဟုတ်ပါ ။ အခြားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်နဲ့ နာမည်ယူရမှာ ရှက်တတ်ကြ၍ပါ ။ ရှက်တတ်သူမည်မျှ ရှိပါသနည်း ။ အခြားသူတစ်ယောက်ကြိုးစားထားသော အရာတစ်ခုကို မိမိ လုပ်ခဲ့ပါသည် ဆိုပြီး ဝင်ငွေရချင်လို့ နာမည်ကျော်ချင်လို့ မိမိနာမည်ကြီးတတ်ပြီး ကြေငြာတာဟာ ကောင်းလား မကောင်းလား ဆိုတာတော့ အများက သိပါလိမ့်မယ် ။

image

အများရဲ့ ယုံကြည်မှုကို လိမ်လည် vote ယူပြီး အမှန်တစ်ကယ် ကြိုးစားသူများနဲ့ထပ်တူ နုနယ်သေးတဲ့ MSC အလယ်မှာ vote ယူနေခြင်းမှာ အလွန်ဝမ်းမြောက် ဂုဏ်ယူဖွယ်များဖြစ်နေပြီလား စဉ်းစားစရာပင် ။ အချို့က စာမရေးနိုင်ကြဘူး ရပါတယ် မရေးနိုင်ရင် မရေးပါနဲ့ ရေးနိုင်သလောက်ပဲ ရေးပါ ဆယ်ရက်မှ တစ်ပုဒ်လဲ ဘာမှ မဖြစ်သွားပါဘူး ။ လူဆိုတာတော့ လောဘ ရှိကြသည်ချဉ်းသာ ကျွှန်တော်တို့လဲ လောဘရှိပါတယ် လိုချင်ပါတယ် အခြားသူတွေလည်း လိုချင်ကြပါတယ် ဒါပေမဲ့ ကိုယ်မရေးနိုင်ဘဲတော့ ကူးပြီး မတင်ကြပါဘူး ။ မြန်မာကပါဆိုပြီး မြန်မာ tag ကြီး တပ်ပြီး အောက်မှာ cheetah comment ကြီး တစ်ကားကားနဲ့ တင်တဲ့သူတော့ မသိပါ သူများတွေ မြန်မာကလူတွေ cheetah မိထားတယ်ဆို ကျွှန်တော်တို့ ကတော့ ကိုယ့် account မဟုတ်ဖဲတောင် ရှက်မိပါတယ် ။

browser လေးဖွင့် ကိုယ်တင်ချင်တဲ့စာ ကိုယ့်စိတ်ထဲရှိတဲ့ အကြောင်းလေးရှာ copy လေးကူးလာပြီး အေးအေးဆေးဆေး steemit ထဲ paste ရုံကို အတော်များများ လုပ်တတ်ကြလိမ့်မယ်ထင်ပါတယ် ။ ကူး တာတစ်ကယ်တေ့ သိပ်မကြာပါဘူး ကူးချင်ရင် post ပေါင်းများစွာ ကူနေလို့ရပါတယ် ။ admins တွေ လည်းpost နဲ့ပတ်သက်ပြီး နေရာတစ်ကာ အဆင်ပြေအောင် များများရအောင် လုပ်ပေးကြရတယ် promotion ရအောင် လုပ်ပေးကြတယ် ။ အားလို့ယားလို့ လုပ်နေကြတယ်များ ထင်ပါသလား ။ ဒီလို လုတ်ပေးနေလို့ sbd တွေ steem တွေများပိုရသွားသလား ကိုယ်တိုင်လေ့လာကြည့်ပါ ။ သူများတွေထက် ဖုန်းဘေ ကုန်တယ်ဆိုတာတော့ အရင်ဆုံးတွေ့ပါလိမ့်မယ် ။ သူတို့ လဲ အေးအေးဆေးဆေး post တင် မန့် လေးပေး vote ပြီး နေရုံ နဲ့ နေချင်ကြမှာပါဘဲ ။ Post လေးတစ်ခုတောင် ကိုယ်ပိုင် အစွမ်းအစနဲ့ မရေးနိုင်ရင်တော့ steemit မှာ ရှေ့ဆက်ဖို့ ခက်ပါလိမ့်မယ် ။

image

နော်ထပ်တစ်မျိုးရှိပါသေးတယ် post တင်ထားမယ် လာ vote ကြ commet ပေးကြ ငါကတော့ ဆရာကြီးမို့ ၊ ဘယ်နေရာမှာ ဘာမို့ ၊ သူများတွေထက် မအားလို့ ၊ မပေးနိုင်ပါဘူးဆိုသူများလဲ ရှိနေပါတယ် ။ သူများရဲ့ vote ကိုကျ ယူပြီး သူများကိုကျ vote မပေးချင်ပါ ။ သူ့ ပေးမဲ့ vote ကို သူများသွားပေးရင်တောင် မျော်လင့်ချက်ရှိပါသေးတယ် ။ ကျွှန်းကိုင်းမှီ ကိုင်းကျွှန်းမှီ လုပ်နေရတဲ့ နေရာမှာ ကိုယ့် ဆီက အသွားဘဲရှိပြီး ကိုယ်က မန့်ထားတဲ့ စာလေးကိုမှ အရေးမလုတ် ဝင်မကြည့်သူကို ဘာလို့ အားပေးနေမှာလဲ ။ အားပေးလို့လဲ ဘာမှ အကျိုးမထူး သလိုဖြစ်နေမယ် ။ သူ့ vote မဲ့ အစား power များတဲ့သူ သွားကပ်ဖားတာကမှ ဟိုက အားနာနာနဲ့ လာ vote ရင် ကိုယ်ရနိုင်ပါသေးတယ် ။

နောက်ထပ် ဘာသာပြန်ဆရာများ ကိုလည်း သူများပြန်ပြီးသားတွေထက် steemit ထဲမှာ steemit အကြောင်းကို မြန်မာတွေ သိဖို့ ဘာသာပြန်စရာတွေ အများကြီးကျန်ရှိနေသေးကြောင်း ပြောပြပါရစေ ။ သူများပြန်ပြီးသားတွေကိုပြန်ပြန်နေတာက မြန်မာလို ဖတ်ချင်သူတွေ ရှာဖတ်လို့ရနိုင်ပါတယ် ။ steemit အကြောင်းတွေကျ မြန်မာလို ကျွှန်တော်တို့ နားမလည်ကြလို့ ပြန်ပေးကြစေလိုပါတယ် ။ ဟိုနေ့က delegation အကြောင်းကို သိချင်လို့ လိုက်ကြည့်တယ် အင်္ဂလိပ်လို နားမလည်လို့ ကိုယ်တိုင်လိုက်စမ်းလုပ်ရင်း အတော်ရွှာ လည်ပြီးမှ လုပ်ရတယ် ။ post တော့ ပြန်တင်ထားပါတယ် ။ steemit နဲ့ ပတ်သက်ပြီး ကျွှန်တော်တို့ မဖတ်တတ်လို့ သိဖို့ လိုအပ်နေတဲ့ ဘာသာပြန်စရာဆောင်းပါတွေ အများကြီးရှိနေပါသဖြင့် steemit အကျိုးကို ကြည့်ပေးကြဖို့ တောင်းဆိုပါတယ် ။

ပြောချင်တာတွေတော့ ပြောပြီးပြီ ကုန်ကြမ်းရှာမရလို့ ရေးစရာရအောင်ရေးတယ်ဘဲ သဘောထားကြပါ ။ မကြေနပ်ကြရင်လဲ ပြောကြပါ ။ အရင်က facebbook မှာ သုံးကြတဲ့ စကားလုံး တစ်ခုအတိုင်းပြောရရင်တော့ အလှုတ်ရှုတ်ခံပြီး အပြုံးမပျက် အဆဲခံနိုင်မှ MSC admin team ထဲ ဝင်လာပါပေါ့နော် ။

MSC . 9

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

ဆရားရေးဖို့လုပ်နေတာ သားရေးလိုက်တာကောင်းတယ်။ မလောနဲ့ သတ်ပုံလေးတွေ၊ စာကျတွေဂရုစိုက် သားရေကိုယ်က Leader လုပ်နေတော့ နောက်လူတွေက ကိုယ့်ရဲ့အထိန်းတွေပဲ။

ဟုတ်ကဲ့ပါဆရာ

ဆရာကျွန်တော်လည်းကုန်ကြမ်းရှာထွက်နေတယ် ပြန်မရောက်သေးဘူးဖြစ်နေတယ် ပြန်ရောက်မှ ရေးတော့မယ် ကုန်ကြမ်းတွေမြင်ပြီး ရေးရတာဖီးလ်မ၀င်ဘူးဖစ်ဖစ်နေတယ် ☺☺☺

ဆရာ ဖီးလ် မဝင်တာကလေ သေသေချာချာ အာရုံစိုက်သွင်းရင် ရပါတယ်ဗျာ သေချာသွင်းနော် ခ်ခ် ဒါမှ post ကောင်းမှာ

ကျတော်စိတ်ထဲရှိတာတွေပြောသလားအောက်မေ့ရတယ်။ကျတော်က လူသစ်ပါ။but. Copy paste တော့သေတောင်မချဘူး။တင်စရာမရှိရင် photo only ပဲတင်မယ်။အဲလိုဆုံးဖြတ်ထားတယ်။

ကောင်းပါတယ်ဗျာ photo အတွက် promotion ပေးဖို့လဲ ပြင်ဆင်နေကြပါတယ်

အဲ့ဒါ အနော့ကို ပြောတာပဲဖြစ်ရမယ်
Postတင်ပီးရင် ပစ်ထားလိုက်ရောလေ
Mentဘူး voteဘူးလေ
အနော့ postလေး လာvoteပေးအုံးနော် bro @domelay
ခုတော့ဟုတ်သေးဘူး နောက်နေ့မှပြောတာ 😂😂😂
ပြေးပီ...

လာနောက်နေဒယ် တင်ပြီးရင်ပြောလိုက် လာ vote မယ် 0.01% နဲ့

သိချင်တာလေးတွေ စိရှည်ရှည် ရှင်းပြပေးတဲ့ bro ကျေးကျေးပါ နော်

ဟုတ်ကဲ့ပါဗျာ

Calling @originalworks :)
img credz: pixabay.com
Nice, you got a 6.0% @minnowbooster upgoat, thanks to @domelay
Want a boost? Minnowbooster's got your back!

steemit နဲ့ပတ်​သတ်​တာ​လေး​တွေ ဘာသာပြန်​​ပေးကြပါ၊ အ​နော်​ဘာမှနားမလည်​လို့ပါ 😁

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54016.63
ETH 2289.57
USDT 1.00
SBD 2.29