Steemitမှာ ကောင်းမွှန်စွာ

in #myanmar7 years ago (edited)

Stemit တွင်စာရေးကြခြင်းမှာ တစ်ဖက်တစ်လမ်းမှ ၀င်ငွေရလို၍ ရေးကြသူများ အလွှန်များပြားပေလိမ့်မည် ။ ကျွှန်တော်တို့လဲ လူသားများသာ ဖြစ်သောကြောင့် လိုချင်တပ်မက်စိတ်တော့ ရှိကြပါသည် ။ သို့သော် တစ်ဦီးတစ်ယောက်ထဲဖြင့် Steemit တွင်ရှေ့ဆက်ဖို့ အဆင်မပြေနိုင် သည်ကိုလည်း သတိထားမိကြမည် ထင်ပါသည် ။ စုပေါင်းဆောင်ရွှက် ရသောနေရာတွင် တစ်ဦးတစ်ယောက်ကောင်း စိတ်ဖြင့် ရှိနေပါက ခရီးရှည်ကြီးမှာ တစ်ခါစံရုံဖြင့် ကျန်ထားဖို့သာ အခွင့်အလမ်းများပါလိမ့်မည် ။ Steemit တွင် Password မှတစ်ပါး အခြား အရာတို့ကို လူတိုင်းတွေ့မြင် သိရှိနိုင်သည်ကိုလည်း အထူးပြောရန်မလိုပါ ။ မိမိတို့ပြုလုပ်ထားသော အရာတို့မှာ Steemit အတွင်း History တစ်ခုအနေဖြင့် ကျန်ရှိနေမည်လဲ ဖြစ်ပါသည် ။

th.jpg

မိမိပြုလုပ်လိုက်သော အရာတစ်ခုအား များစွာသောသူ အပေါင်းတို့မှ မြင်တွေ့ သတိထားနေနိုင်ပါသည် ။ တွေ့လဲတွေ့မြင်ကြပါသည် ။ များသောအားဖြင့် အသစ်ဖြစ်သောသူများမှာ Steem Power နည်းကြပါလိမ့်ဦးမည် ။ Power များများ လိုချင်စိတ်ကတော့ ရှိကြသည်ပင် အများအားဖြင့်တွေ့မိတာကတော့ မိမိ comments များကို ကိုယ်တိုင် vote ပေးထားခြင်းများပါ ။ သူများ comment ကိုကတော့ ပေးပါလေ ။ ကိုယ့်ဖာကိုယ် ကျ vote များစွာပေးနိုင်ပြီး သူများကိုပေးရမည်ကျ Power နည်းနေလေပြီ ။ အစပိုင်း မပြောခဲ့ပါ ပြောလို့ မကောင်းတာလဲ ပါပါတယ်လေ ခုတော့သတိပေးရင်းပေါ့ဗျာ ။ သူများကို မပေးရင် သူများကလည်းမပေးရုံသာ ရှိပေလိမ့်မည် ။ Power များသူများအကြားတွင်လည်း ထိုသို့သော မိမိ vote ဖြင့်သာရှေ့ဆက်နေသူများ ရှိနေလေသည် ။ ကျွန်တော်တို့ vote များမှာ မက်လောက်ဖွယ်ရာ မဟုတ်ပေမဲ့ အဖွဲ့အစည်း စိတ်လေးများဖြင့် ညီညီညွှတ်ညွှတ် ရှိစေချင်တာကြောင့်ရယ်ပါ ။ VP များပေါများစွာ ပိုလျှံနေသည်လို့တော့် ကျွန်တော့်မှာ တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးပါ ။

th (1).jpg

နောက်တစ်ခုမှာ Power Down ထားခြင်းများပါ ။ ကိုဟင်နဲ့ အားလုံးမှာ နောင်တစ်ချိန် အဆင်ပြေစေရန် ရည်ရွယ်ပြီးPromotion ဆိုသည့် အရာပေးထားရပြီးပါပြီ ။ Power မ up ကြလို့ power up အစီစဉ်တောင် လုပ်ထားပေးရပါသတဲ့ ကြားလို့မှ မကောင်း ။ ထို့ထက်ဆိုးသည်မှာ power ပါ down ပြီးရောင်းစားနေကြခြင်းပင် ။ Members အားလုံးရဲ့ စေတနာဖြင့် ပေးသော Vote များအား တစ်ကိုယ်ရေ ထုတ်စားနေခြင်းပင် ။ Power များခြင်းမှာ မည်သူတို့ အကျိုး များပါမလဲဆိုလျှင် ထို Power စုသူများသာ အရှည်သဖြင့် အကျိုးများပါမည် ။ ကိုယ့်အကျိုးတောင် အလိုမရှိသောသူများအား အပင်ပမ်းခံ vote ပေးပါက ဘာများပြန်ရမှာပါလိမ့် ။ ဖုန်းဘေ အစရှိသော လိုအပ်ချက် အတွက်ကား လူတိုင်းထုတ်သုံးကြမည်ပင် ။ power ပါ ထုတ်ရောင်းသောသူများကတော့ နောင်တစ်ချိန် အခက်တွှေ့မည်ထင် ။ ကျွှန်တော့် အထင်သက်သက်ပါ သူတို့ကိုလေးစားသူတွေများတော့ အဆင်တော့် ပြေနေဦးမှာပါလေ ။

အချို့ ဆဲတတ်တဲ့သူများဆို လူအများ လေးစားအားကျကြသည် မဟုတ်ပါလားဗျာ ။ ကျွန်တော်တို့မှာတော့ လူအများမလေးစားချင်နေပါစေ မိဘများ ဆရာများရဲ့ အဆုံးအမများကြောင့် မရိုင်းစိုင်းတတ်ခဲ့ပါ ။ ဒါကြောင့် လူမုန်းများချင်များပါစေ မဆဲပါဘူးလေ ။ မိမိ နောင်ရေး အတွက်လဲ Steem Power များစုရင်း အတူတကွ လက်တွဲ အောင်မြင်နိုင်ကြပါစေ ။

MSC . 9

Photo credit; Google Image

Phyoe Thant Zin

@domelay(အတွေးမျှင်လေးများ)

Sort:  

vote group ထဲ ထည့်ပေးပါ bro

ann ဘာကြိလဲဗျာ

ထောက်ခံပါတယ် do

ကျေးကျေးပါ အကို ကျွှန်တော်လဲ ရောက်ရာပေါက်ရာ စာစီကာဘဲ

ဟုတ်​တယ်​ဗျို့

ဟု ဟု 😂😂😂

ကောင်းပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါ

မှန်သော စကားတွေပါအေ

ဟီး အားပေးမည့်သူ တွေ့ပြီ ပျော်တာဗျာ

ငါလို အမုန်းခံ နောက်တယောက် ပေါ်လာပြန်ပြီ ဆက်ရေးဖို့ အစီအစဉ် ရှိရင် ဆက်ရေး ငါလဲ ရေးထားပြီးသားရှိသေးတယ်အမုန်းခံပြောမှ ရတော့မယ်။

အေးပါဟာ ပြောတာပါဘဲ မကျေနပ်သူရှိပေမဲ့ သတိထားမိပြီး ပြုပြင်မည့်သူလေးတွေ ရှိပါစေလေ

မှန်တိုင်းလည်းမကောင်းဘူး ။ ဒါပေမယ့် ထောက်ခံတယ်။

မကောင်းလဲ Post လေး ဖြစ်အောင်ကြံရင်း အခြားသူများလဲ အဆင်ပြေပါစေ ဆိုပြီးပါ

အရမ်းကောင်းတယ်bro

ဆဲချင်ငါ့ပဲဆဲကြကွာ ဆဲလို့ပါးစပ်ညောင်းရင်ရေတိုက်လိုက်ဦးမယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49