g4 မှ post လေးများနှင့်

in #myanmar7 years ago

အတွေးထဲ ဘာရေးရမန်းလဲ မသိ အချိန်ကလည်း များများ မရှိတော့ post လေးကလည်း တင်ချင်ချင် ဖြစ်လာသည် ။ post မတင်ရလျှင်ပင် တစ်ခုခု လိုနေသလိုလိုပင် ဖြစ်နေမိသည် ။ post လိုတာဘဲ ထင်ပါသည် ။ ထိုအရသာအား ခံစားဖူးကြမည် ဟူ၍လည်း ထင်ပါသည် ။ ထိုသို့ ကြံရာ မရသည့်အဆုံး ဆားကလည်း ချက်စရာမရှိသည့် အဖြစ်မို့ steem myanmar ထဲ ဝင်ကြည့် ဖြစ်လိုက်ပါတော့တယ် ။ ဒီတစ်ခါကတော့ review မဟုတ်ပါဘူး ။ ဝေဖန်တယ်လဲ မဟုတ်ပြန်ဘူး ။ ဟိုမကျ ဒီမကျနဲ့ ရေးစရာရအောင် ရေးချလိုက်တယ်ဘဲ ဆိုရမည်လား မသိပါ ။ g4 အဖွဲ့သားများ သည်းခံပေးကြပါကုန် ။

MSC LOGO

ပထမဆုံးတွေ့လိုက်မိသည်မှာတော့ မြန်မာပြည်သား ရေနစ်သွားတာပါဘဲ ရှေ့ဆက်မတိုးနဲ့လို့တော့ ဆိုထားပါတယ် ဒါနဲ့ကိုယ်လဲ မတိုးတော့ဘူးပေါ့ ။ ကိုဇာမနီကတော့ ရခိုင်သတ်မည် မြွေသတ်မည်ဆိုသဖြင့် ကြောက်ကြောက်နှင့် လှည့်ပြေးခဲ့ရသည် ။ နောက် မမမြန်မာကတော့ ကြက်ခြေနီ အကြောင်းပါ ။ ဟင်းချက်လဲ အလွန်ကောင်းသူ တစ်ယောက်ဖြစ်တာကြောင့် ကြက်ခြေနီများ ကြက်ခြေထောက် ဟင်းအမယ်မယ် ဖြစ်မသွားစေရန် ဆုတောင်းမိလိုက်ပါသေးသည် ။ မစုလှိုင်မှာတော့ အဆင်ပြေနေပါသတဲ့ ကျွှန်တော်တော့ ညောင်းနေတုန်းပါဘဲ ။

ထို့နောက်မှာတော့ မန်းတလေးကို သတိရမိအောင် ကိုထွေးက ဆွဲဆောင်ထားပါတယ် ။ ဦးဇင်းရဲ့ ကရင်ဖြူရွှာကလေးကလည်း အလွန် သက်သက်သာသာ သွားလည်နိုင်မည် ထင်ပါသည် ။ ငွေစက္ကူကား အသုံးမကျသလောက်ရှိသည်ဆိုတော့ လမ်းစရိတ်ပဲ လိုအပ်မည်လေ ။ ဟိုရောက်မှ အသေခိုင်းစားရင်တော့ တတ်နိုင်ဘူးပေါ့ ။ ဦးအင်းတို့ဆီမှာတော့မသိ ကိုယ့်ဆီမှာတော့ လေများမိုးများကျပြီး မထူးအတူတူ နံပြားဖိုထဲ မီးငြိမ်းပြီး အချိန်တန်တော့လဲ နံပြားဖိုပါဘဲ ။ ထိုမှတစ်ဆင့် တစ်ဖြည်းဖြည်း အရိပ်ရှာရင်း တောကြီးတစ်ခုထဲသို့ ဝင်ခဲ့မိသည် ။ ကိုကျော်သူရိန် အမဲလိုက်နေသည်အား အနှောက်အယှက် ပေးမိမည် စိုးသဖြင့် ထိုတောထဲမှ ပြန်ထွက်ခဲ့ရပြန်သည် ။ ထိုစဉ် ဒိုင်း. . . . .


post
Image source

တောမှ ထွက်လာပြီး ကိုအောင်ကြီးအား လမ်းတွင်တွေ့မိလိုက်သော်လည်း နှုတ်မဆက်မိလိုက်ပါ ။ တော်ကြာအောင်ကြီး နောက်က တစ်ရာ ပျောက်သွားလျှင် ကျွှန်တော်ခိုးသည် ထင်နေလိမ့်မည်ကို စိုးရိမ်၍ ဖြစ်သည် ။ ထိုစဉ် စာလုံးအကြီးကြီးနှင့် ဆိုင်းဘုတ် တစ်ခုအား တွေ့မိလိုက်သည် ။ ကိုရှိန်းသူ စာစစ်သည် ဆိုလား အမငိ မဖြစ်သေး ကျွှန်တော်သည် စာမေးပွဲနှင့် တည့်သည်မဟုတ်ပါ ။ ထို့နောက် ဖုန်းလေးအား တစ်ချက် လှမ်းကြည့်မိသည် ။ ဆရာမ ခေါ်လာ၍တော့ မဟုတ်ပါ ။ အလိုလို ကြည့်မိခြင်းသာဖြစ်သည် ။ ဒေါ်င်္သိဝင်း၏အိမ်သို့ အလည်သွားရန် စိတ်ကူးသော်လည်း ဒေါ်င်္သိဝင်းမှာ သေမင်းနှင့် စကားပြောနေသဖြင့် ကျွှန်တော်လဲ ခြံဝကနေသာ ထွက်ပြေးလာရသည် ။ ဒါမျိုး တားတားကြောက်တတ်သည် ။ ထွက်ပြေးကောင်းဆဲပင် ရုတ်တရက် လျှပ်စစ်မီးများ ပျက်သွားလေပြီ ။ ဟာ သွားပါပြီ ဟူသော အတွေးမဆုံးခင် ကိုအာကာဖြိုး ထွက်လာပြီး မပူပါနဲ့အကို အစချီကာ အီးတွေ အေတွေ ပြောပြီး ဗို့ကျွှေးမှ အဆင်ပြေမည် ဆို၏ ။ သူကျွှေးမည့်ဗို့က ဘာဗို့ကြီးမန်းလဲ သေချာမသိလေ စားမကောင်းရင်လဲ အားနာနာနဲ့ ဒုက္ခခံပြီး စားနေရဦးမည် ။သို့နှင့် မနဲစကားဖြတ်ကာ ပြန်ခဲ့ရသည် ။ ထိုစဉ် မီးပြန်လာရာ ပြည့်စုံခင်ခင်၏ ဟေး . . . . .ဟူသောအသံမှာ ရပ်ရွှာထဲတွင် ဆူညံသွားလေတော့သည် ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အွေးးးး reviwe မဟုတ်ပေမဲ့လည်း ပိုစ့်တစ်ခုဖြစ်အောင် စွမ်းဆောင်နိုင်တယ် ဒိုမီ skill ကြမ်းလွန်းဒယ်

ဒီလိုဘဲ ကြံဖန်လို့ စုဆောင်းပါဘုရား ။

ဟေး …… အန်တီလဲအော်ခဲ့ပြီ

ဟာ မီးလာပြီ

တမီးတို့G-2လည်း​ရေး​ပေးဦး​လေ

ဟု တဲ့ပါခည အဆင်ပြေရင် ချပါမည် ။

ဟား .. ​ရေးတတ်​ပါ​ပေ့ ကိုဒို​ရေ ... အ​တွေး​ကောင်းသူဖို့ ​ရေးစရာမရှားဘူးဆိုတာ ယုံပါပြီဗျာ ..

မြောက်ပါနဲ့နော် တော်ကြာ ရေးစြာတွေ အ မြင့်ရောက်သွားလို့ ဖမ်းမမိဖြစ်နေပါဦးမယ် ။

အယ့်မငေး ! ဒီpost ရေးဖို့ဆွာ နည်းတဲ့စကေးဟုတ်ဘူး ဆွာ
g-4 pro အားလုံး ကိုလိုက်ပီး voteထား mentထားတာ ဆွာ
ကိုဒေလို ဆာကြီးဘဲဆွာ သိလိုက်ရတော့ အလေးပြုပါတယ် ဆာ

ငှယ် မမမြန်မာလောက် ကြီးပါဘုယေ ။ဆာကြီး ဟုတ်ဖုပြောတာပါ ။

ကိုဒိုတို့skillတေကအံ့မခန်းပါဘဲဗျာ

မြောက်ပါနဲ့လေ ။

G3ကျလာပု နေယေ ခေါ်တော့ပု😏😏

လာပါ့ဗျာ သူမှ မမြင်ဘဲနက်

WOW အရမ်းမိုက်တယ်ဗျာ

အဟိ

တော်သေးတာပေါ့ ဒိုမီရာ ကွီးရွှေတယောက် စတင်းရွာထဲ တံမြက်လှည်းနေတာ မပါလာလို့ ။ review ရေးနည်း တမျိုး အသိတိုးရပါတယ် ။

အတွေးမပေါ်တာနဲ့ ရေးဆော်လို့ အဆင်ပြေသလို ချရေးပစ်တာပါ ကွီးရွှေ ။

Coin Marketplace

STEEM 0.14
TRX 0.23
JST 0.031
BTC 80672.13
ETH 2117.36
USDT 1.00
SBD 0.64