အရူးတစ်ပိုင်း

in #myanmar5 years ago

စာရေးရသည်မှာလဲ မရေးဖြစ်လေ ရေးရခက်လေ ဈေးတွေကျလေ ဗို့မည့်သူမရှိလေ နဲ့ တစ်ဖြည်းဖြည်း ဒီလိုဘဲ တစ်ဝဲလည်လည် ။ steem တွေ sbd တွေကလဲ တစ်နေ့တစ်နေ့ အသစ်တွေများစွာထွက်နေဆဲ ထွက်နေသော်လဲကိုယ့် အကောင့်ထဲ မရောက်တာသာရှိ ဈေးကွက်ထဲတော့ စုပုံနေပြီထင်ပ ။ ဈေးတွေကျနေခြင်းမှာ ထိုအရာတို့နှင့်များသက်ဆိုင်နေမလား ? ရောင်းသူတွေကများ ဝယ်သူတွေက နည်း ။ ဂိမ်းတွေဆော့တာကလဲ အနည်းငယ်သာ ရသလို ပျင်းနေအောင်ဆော့တာတောင် သိပ်မရ ။ အရမ်းကြီးလဲ စိတ်ဝင်စားမှု မရှိခဲ့ဖြစ်တာလေးလဲ အပါအဝင်ပေါ့ ။


1564927840675.jpg
Image source

ဒီတစ်ခုကိုတော့ များများလေး ဘွတ်ဖို့အတွက်ဆိုပြီး ရှည်ရှည်လေးနဲ့ကောင်းကောင်းလေး ရေးဖို့ပါဘဲ ။ သို့သော် သို့သော် ရေးစရာ ရှာမရခြင်းနှင့် ပျင်းရိခြင်း မယ်သူမှလဲ တကူးတက ဖတ်နေမည် မဟုတ်ခြင်းတို့က ဖြစ်သလို လုပ်တတ်ခြင်းကို နှိုးဆော်လာပြန်သည် ။ တစ်ခါတစ်လေ ရေးလို့ အတန်အသင့် အဆင်ပြေမည့်ဟာလေး တွေးမိတောင် စိတ်ကမပါ သဖြင့် video လေးကြည့် ဘာလေးညာလေးလုပ်နှင့် မမှတ်ထားမိဘဲ မေ့ပျောက်သွားတတ်သည် ။ ယခင်က ကြက်ပျံမကျ စီကားခဲ့ချိန် နိုင်ငံတစ်ကာတို့ tag လုပွဲ အနေနဲ့တောင် ကြိုးစားနေကြတဲ့အချိန်လေးတွေဟာ တစ်ဖြည်းဖြည်း ဝေဝါးလာခဲ့ပြီ ။

ယနေ့ပြုလုပ်လိုက်သော အရာတို့သည် အတိတ်ဖြစ်သွားကြမည်ဖြစ်သည် ။ အချိန်ခဏတော့ လွမ်းစရာလေးပေါ့ နောက်တော့ တစ်ဖြည်းဖြည်း ကြာလာတဲ့အခါမှာ တစ်စတစ်စနဲ့ မှတ်မိတော့သူလဲ မရှိတော့တဲ့ အဆုံး ပျောက်ကွယ်သွားကြတာပါဘဲလေ ။ တစ်ခေတ်တစ်ခါက ကြော်ကြားခဲ့တဲ့ အကြောင်းအရာများတောင် ပုံပြင်များသဖွယ် ဖြစ်ခဲ့ကြ စိတ်ကူးယဉ်များ ရောနှောလာကြပြီ မဟုတ်လား ။


1564927895570.jpg
Image source

ရေးရင်း နဲ့အကြောင်းအရာတွေကလဲ မဆက်စပ် ဘယ်တွေရောက်ကုန်ပြီလဲ မသိပါဘူး ။ ပြောသားဘဲ သေချာရေးနေနတာ မဟုတ်ပါဘူးဆို ။ ရောက်ရာပေါက်ရာ ပို့စ်ထဲမှာ စာဖြစ်သွားရင် ပြီးရောပေါ့ ။ ဆယ်ပြားတန်လေးပေါ့ ။ တစ်ကယ်လဲ post တစ်ခုကို ဒီအတိုင်း ပစ်ထားလိုက်ရင် ဆယ်ပြားလောက်ပဲရတယ်လေ ။ ဆယ်ပြားတန်သာဆိုတယ် အတော်တော့ ရေးရသား ။


depositphotos_93683456-stock-illustration-pop-art-comics-icon-crazy.jpg
Image source

Steemit ၏ခေတ်သည်လည်း ကုန်ဆုံးသွားပြီလား မဆိုတတ်ပါ ။ ယခင်က facebook တို့ twitter တို့ထက်ပင် သာလွန်လိမ့်မည် ဟု အထင်ရှိခဲ့ဖူးသည် ။ သို့သော် နောက်ထပ် အသစ်သော သူတို့ပင် သူ့အကြောင်း မသိလိုတော့ ။ ကမ္ဘာ့ လူဦးရေ၏ အနည်းငယ်သော သူတို့သာလျှင် သိခဲ့၏ ။ ထိုသူတို့ပင် တစ်ဖြည်းဖြည်း စွန့်ခွာနေကြလေပြီ ။ ဘာဆက်လုပ်ရမည်ကိုပင် မသိဖြစ်ဖြစ်မိသည် ။

ယခင်က wallet လေးအား ကြည့်ပြီး ကြည်နူးခဲ့ဖူးသည် ။ ယခုမူ wallet ရော account ရေး ဈေးပါ မကြည့်ချင်ခဲ့သည်မှာ ကြာလေပြီ ။ မကြည့်ချင်သကဲ့သို့ သိပ်လဲ မကြည့်ခဲ့ ။ မကြည့်ဖြစ်ဆိုသော်လည်း တစ်ရက် တစ်ကြိမ်နှစ်ကြိမ်တော့ ကြည့်နေဖြစ်သေးသည် ။ ယခင်ကဆိုလျှင် အလွန်ရူးခဲ့ရသည်လေ ။ ခုလဲ ရူးတော့ရူးနေဆဲပါဘဲ လေ ။ ကဲ ရူးရူး မိုက်မိုက်လေးတွေနဲ့ ရူးရူး မူးမူး ဆက်နေလိုက်ပါဦးမယ် ။

@domelay

Sort:  

This Post has been FREE CURATED in support of MINNOW POST PROMOTION - FREE UPVOTE,
You got a upvote from @adityajainxds.

If you like to join the contest,please follow @adityajainxds for daily updates.

If you want that your post should be curated, join MINNOW POST PROMOTION - FREE UPVOTE,

Special Thanks to @majes.tytyty
We are pleased to announce that we have received a delegation of 500 SP from @majes.tytyty Without his support, encouragement, and delegation, we would not have been able to revitalize this project.

Request you to please Upvote , Follow , Resteem @majes.tytyty.

ချချ ကိုယ်တွေကတော့ SM မှာရောက်ရောက်နေတယ်

SM က ကိုယ်က FREE သမားဆိုတော့ သိပ်မရဘူး ခုကျတော့လဲ Monsters တွေက ဈေးတွေကြီးကုန်ပြီ ။

ငါတို့လည်းပါဒယ်

D လိုတွေပါဘဲလေ ဟဲဟဲ

ဟူးးးးးးးးး(သက်ပျင်းချသံ)

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 60249.86
ETH 2347.79
USDT 1.00
SBD 2.52