နိုင်ဝင်းဆွေ
စာအုပ်အမျိုးအစား-ဝတ္ထုတိုပေါင်းချုပ်
စာရေးသူ -နိုင်ဝင်းဆွေ
ပုံနှိပ်ခြင်း -၂၀၁၆၊စက်တင်ဘာ
( ပထမအကြိမ်)
အုပ်ရေ -၈၀၀
စာအုပ်တိုက် -ရာပြည့်
တန်ဖိုး -၃၅၀၀
စာမျက်နှာ -၃၃၈
ဒဂုန်တာရာ က "နိုင်ဝင်းဆွေမှာသရုပ်ဖော်ဝါဒဘက်ယိမ်းသောဝတ္ထုရေးဆရာဖြစ်သည်။သူ၌လှပသောစိတ်ကူးရှိသည်ဆန်းသစ်မှုရှိသည်။သရုပ်ဖော်အနုပညာလည်းရှိသည်။" ဟုဆိုသည်။
ဤစာအုပ်တွင် စာ ၁၄ ပုဒ်ပါသည်။
ဝတ္ထုတစ်ပုဒ်ဆီတိုင်းသည်စာဖတ်သူရင်ထဲအသာအယာစီးဝင်သည်။တစ်ပုဒ်ပြီးတိုင်းတွေးစရာ အစီအရီကျန်သည်။ဇာတ်သဘင်လောက အကြောင်း၊အောက်ခြေလူတန်းစားများဖြစ်သောဆင်းရဲသားနင်းပြားတို့၏ဘဝ အကြောင်းများ၊ခေတ်စနစ်ဆိုး၏ သားကောင်များအကြောင်း စသည်ဖြင့် တွေးစရာတပုံတပင် ပါသည်။
ဆရာသည် နိုင်ငံ၏စနစ်ကိုကောင်းကောင်း သရော်ထားသည်။စနစ်မကောင်းပါဟုတိုက်ရိုက်မရေးပဲ ဇာတ်ကောင်တို့၏အပြုအမှုစရိုက်များဖြင့် ထိထိမိမိ ရေးဖွဲ့သီကုံးထားသည်။
ဤစာအုပ်တွင်ကျနော်ရင်ကိုအထိဆုံး
ဝတ္ထုတိုတစ်ပုဒ်မှာ "မသိန်းရှင်ဆီသို့ပို့ပေးပါ" ဖြစ်သည်။ စနစ်ဆိုး၏သားကောင်ဖြစ်ရသောမှောင်ခိုထန်းလျက်သည်မလေးညိုညို၏ ရင်နာစရာဇာတ်လမ်းတိုလေးဖြစ်သည်။ ရထားပေါ်မှ ညိုညို ၏အဆုံးသတ်သည် မလှပါ။သေအံ့ လုလုတွင်ပင်
သူ၏ ထန်းလျက်ဖာ လေးကို သူ၏အလုပ်ရှင်ဖြစ်သောမသိန်းရှင်ထံသို့ ပို့ပေးပါဟု ကယောင်ကတမ်း ရေရွတ်ရင်း ဘဝအချိန် ကုန်သွားရရှာသောအဖြစ်သည် ရင်နာစရာကောင်းလှသည်။
လူတန်းစားကွာဟမှုပြဿနာသည်ယနေ့ထိ ကြီးမားနေဆဲဖြစ်သည်။ချမ်းသာသူများသည် အဆအင်မတန်တိုး၍ချမ်းသာလာနေသည်။ဆင်းရဲသောသူများသည် လည်းပို၍ပို၍ဆင်းရဲလာနေသည်။ထမင်းနပ်မှန်အောင်ပင်မနည်း ရှာဖွေနေရသောအခြေအနေသည် ယနေ့ထိတိုင်ရှိနေသေးသည်။
ဤအခြေအနေသည်တိုးတက်လာခြင်းပေလား?ဆုတ်ယုတ်လာခြင်းပေလား?အဖြေမှန်တော့ရှိပေလိမ့်မည်။
ထိုအခြေ အနေကို သိသောကြောင့် ကားလ်မတ်သည် ကွန်မြူနစ်ဝါဒကို တီထွင်ခဲ့လေသလားမပြောတတ်ပေ။
Author:လက်သစ်ကြယ်
Congratulations @danieldmyo! You received a personal award!
Click here to view your Board
Congratulations @danieldmyo! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!