what is dogecoin

in #myanmar5 years ago (edited)

what-is-dogecoin.png

Dogecoin ဆိုတာ bitcoin တို့ litecoin တို့လို cryptocurrency တစ်ခုပါ

Altcoin တစ်ခုပါ။ altcoin ဆိုတာက bitcoin မဟုတ်တဲ့ coin ​တွေကို ​ခေါ်တာပါ

Dogecoin ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်​နေ့မှာ ထုတ်ခဲ့ပါတယ်

Shiba Inu Dog ​ခွေးအမျိုးအစား တစ်ခုရဲ့ နာမည်နဲ့ အ​ပျော်သ​ဘော ထုတ်ခဲ့တာပါ

Dogecoin တစ် coin ရဲ့ တန်ဖိုးက USD 1 cent ​တောင် မရှိပါဘူး

Bitcoin က maximum supply 21 million ရှိမယ်။ dogecoin က​တော့ infinity ရှိပါတယ်

ဒီ​တော့ bitcoin က ​စျေးတက်လာနိုင်​ပေမယ့် dogecoin က​တော့ ​စျေးအရမ်းကြီး

မတက်နိုင်ပါဘူး လက်ရှိမှာ လည်ပတ်​နေတဲ့ dogecoin ​ပေါင်း ၁၁၄ ဘီလျံခန့် ရှိပါတယ်

မိမိကိုယ်ပိုင် blockchain ရှိတဲ့ coin ​တွေကို cryptocurrency လို့ ​ခေါ်တာပါ

Bitcoin, litecoin နဲ့ dogecoin ​တွေမှာ ကိုယ်ပိုင် blockchain ရှိပါတယ်

Blockchain ဆိုတာက​တော့ ​cryptocurrency ​ငွေ​ပေး​ချေမှု​တွေကို မှတ်တမ်းတင်ထားတဲ့

ledger ပါ ထိုသို့ blockchain မှာ မှတ်တမ်းတင်ဖို့ ​ငွေ​ပေး​ချေဖို့ mining ဆိုတဲ့

လုပ်ငန်းစဥ် လိုပါတယ် ဒီလို mining လုပ်ရာမှာ bitcoin က sha-256 algorithm သုံးပြီး

Litecoin နဲ့ dogecoin က scrypt algorithm ကို သုံးပါတယ်

တခြား coin ​တွေလည်း သူ့ algorithm နဲ့ သူ ရှိပါတယ်

Mining လုပ်ပြီး ​ငွေ​ပေး​ချေမှု​တွေကို မှတ်တမ်းတင်​ပေးသူ​တွေက reward အဖြစ်

coin ​တွေ ရပါတယ် Bitcoin ရဲ့ mining လုပ်တဲ့ block reward က 12.5 bitcoin ရပါတယ်

Litecoin ရဲ့ block reward က 25 litecoin ရပါတယ်

Dogecoin ရဲ့ block reward က 10000 dogecoin ရပါတယ်

​ပေါက်​စျေး​တွေကို click here မှာ ကြည့်နိုင်ပါတယ်

ဒီလိုကြည့်လိုက်တဲ့အခါ bitcoin က USD 100 000 ​နီးပါးရှိပြီး litecoin က

USD 4000 နီးပါး ရပါတယ် Dogecoin က​တော့ USD 40 ​တောင် မ​ကျော်ပါဘူး

ဒါ​ပေမဲ့ mining လုပ်ရတဲ့ ခက်ခဲမှုက မတူပါဘူး

Dogecoin ကို mine ရတဲ့ mining difficulty က bitcoin ထက် အဆ ၁ သန်းနီးပါး

ပိုလွယ်ပါတယ် Cryptocurrency ဖြစ်တဲ့ bitcoin, litecoin, dogecoin တို့နဲ့ ​

ငွေ​ပေး​ချေမယ်ဆိုရင် ​ငွေ​​ပေး​ချေမှုကို blockchain ထဲမှာ မှတ်တမ်းတင်​ပေးမယ့်

miner ​တွေကို fees ​ပေးရပါတယ် Block တစ်ခုမှာ ကိုယ်ရဲ့ ​ငွေ​ပေး​ချေမှု ပါဝင်နိုင်ဖို့

bitcoin ရဲ့ block time က ၁၀ မိနစ်ပါ Litecoin ရဲ့ block time က ၂မိနစ်ခွဲပါ

dogecoin က​တော့ တစ်မိနစ်ပါ

ဒီ​တော့ bitcoin နဲ့ ​ငွေ​ပေး​ချေရင် အနည်းဆုံး ​ငွေလက်ခံသူဆီ​ bitcoin ရောက်ဖို့ ၁၀ မိနစ်

ကြာပါလိမ့်မယ် Litecoin နဲ့ ​ငွေ​ပေး​ချေရင် အနည်းဆုံး၂ မိနစ် ခွဲ ကြာပါလိမ့်မယ်။

dogecoin နဲ့ဆို ၁ မိနစ်အတွင်း ရောက်ပါလိမ့်မယ်

ဒါ​ကြောင့်မို့ အ​ပျော်တမ်း tips ​ပေးသူ​တွေ charity ​တွေက dogecoin ကို သုံးကြပါတယ်

တစ်ခါတစ်​လေ ​ငွေ​ပေး​ချေသူ​တွေ အရမ်းများ​နေတဲ့အခါ ပိုကြာပါလိမ့်မယ်

ကိုယ်ရဲ့ ​ငွေ​ပေး​ချေမှု မြန်မြန်​ရောက်ချင်ရင် miner fees ကို များများ​ပေးရပါလိမ့်မယ်

ဒီ​နေရာမှာ​တော့ dogecoin က ပိုအဆင်​ပြေပါတယ် coin တန်ဖိုးက သိပ်မရှိ​တော့

Miner fees များများ​ပေးရလည်း သိပ်မရှိပါဘူး bitcoin က ​တော့ ကိုယ်​ငွေ​ပေး​ချေမှု

လာမယ့် ၁၀ မိနစ် block မှာ မှတ်တမ်းဝင်နိုင်ဖို့ satoshi ​သောင်းချီ ​ပေးရတာ​တွေ

ရှိပါတယ်။ လက်ရှိ​​ပေါက်​စျေးနဲ့ဆို ၁၀ ၀၀၀ satoshi ကို 0.80 USD ​လောက် ​ရှိပါမယ်

Satoshi သုံး​လေး​တောင် miner fees ​ပေးတာ​တောင် တစ်နာရီ နှစ်နာရီအတွင်း ​

ငွေ​ပေး​ချေမှု မ​ရောက်တာ ကြုံဖူးပါတယ် miner fees ကို နည်းနည်းပဲ ​ပေးပါက

ကိုယ်ရဲ့ ​ငွေ​ပေး​ချေမှုက သုံး​လေးရက် ကြာတာ​တောင် မ​ရောက်​တော့တာ​တွေ

ကြုံရဖူးပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ​လောက်ကဆို miner fees ​တွေက

တစ်နာရီအတွင်း​ရောက်ဖို့ 10 USD က​နေ 20 USD အထိ ​​ပေးခဲ့ရဖူးပါတယ်

ဒီလို အ​ခြေအ​နေမျိုးမှာ Dogecoin က​တော့ ​အေး​ဆေးပါ

bitcoin လို transaction fees/ miner fees 10 USD အထိ ​ပေးရတဲ့ အ​ခြေအ​နေမျိုး

တစ်ခါမှ မကြုံရဖူးပါဘူး litecoin ကလည်း 2 USD 3 USD အထိ miner fees

​ပေးရတာမျိုး အထိသာ ကြုံဖူးပါတယ် 20 USD အထိ​တော့ မကြုံဖူးပါဘူး

​နောက်လာမယ့် post မှာ dogecoin ကို ဘယ်လို mine ရမယ် ​ဆွေး​နွေးသွားပါဦးမယ်။

See you next time

Please follow crypto.myanmar

I will follow you back without fail

Please upvote crypto.myanmar post

I will upvote back without fail

Please resteem crypto.myanmar post

I will resteem back without fail

Lets make money together with steem

Sort:  

ဗဟုသုတရပါတယ် ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 58484.86
ETH 3100.06
USDT 1.00
SBD 2.40