how to mine turtlecoin
ဒီ သီတင်းပတ်တော့ turtle coin ကို mine နည်းလေး ပြောပြချင်တယ်
mine ထားတဲ့ coin တွေကို လက်ခံရယူဖို့ အရင်ဦးဆုံး wallet လိုပါမယ်
turtle coin core desktop က blockchain ကို download ရယူဖို့ ကြာနိုင်ပါတယ်
ဒီတော့ android wallet ကိုပဲ ယူပါမယ် အောက်က link ကနေ ယူနိုင်ပါတယ်
Install လုပ်ပြီး wallet ရယူတဲ့အခါ wallet recovery phrase ကို
စာရွက်နဲ့ ရေးမှတ်ထားပါ recovery phrase ပျောက်သွားရင် wallet ကို
ပြန်မရနိုင်တော့ပါ wallet ထဲက coin တွေလည်း ဆုံးပါပြီ
ပြီးရင် TRTL နဲ့ စတဲ့ public address ကို copy ကူးပါ
ဒါက ကိုယ့်ဆီကို turtle coin ပို့ပေးမယ် လူတိုင်းကို ပေးလို့ရတဲ့ လိပ်စာပါ
Online မှာလည်း share ပြီး ငွေပေးချေမှုကို လက်ခံနိုင်ပါတယ်
အခုဟာက mining pool က ကိုယ့်ကို ပေးမယ့် turtle coin တွေကို
လက်ခံဖို့ copy ကူးရတာ ဖြစ်ပါတယ် ပြီးရင်း အောက်က link ကို သွားပါ
အဲဒီ site မှာ webminer ဆိုတာကို နှိပ်ပြီး turtle coin miner ကို နှိပ်ပါ
Enter your turtlecoin Public Wallet Address ဆိုတဲ့ နေရာမှာ
ခုနက copy ကူးထားတဲ့ public wallet address ကို paste လုပ်ပါ
ပြီးရင် အောက်က start ဆိုတာကို နှိပ်ပြီး turtlecoin ကို mine နေပါပြီ
ကိုယ် ဘယ်လောက် ရနေပြီလည်း သိချင်ရင် အောက်က
check your payment ကို နှိပ်ပါ ပြီးတော့ ကိုယ် mine နေတဲ့ coin ဖြစ်တဲ့
Turtlecoin ကို ရွေးပါ ဒါဆိုရင် turtlecoin mining pool ကို ရောက်သွားပါမယ်
ဒီပုံကတော့ mining pool website ဖြစ်ပါတယ် အဲဒီက look up my stats ကို နှိပ်
my stats အောက်က enter your address မှာ ကိုယ်ရဲ့ public wallet address ကို
Copy ကူးပြီး paste လုပ်ပါ look up ကို နှိပ်လိုက်ရင် coin ဘယ်လောက် ရပြီလဲ
ကိုယ့် computer ရဲ့ hash rate က ဘယ်လောက်ရှိလဲ ပေါ်လာမှာပါ။ minimum payout
က 100 coin ထင်ပါတယ် 100 ကျော်သွားရင် ခုနက ကိုယ့်ရဲ့ TonChan wallet ထဲကို
24 နာရီအတွင်း ပို့ပေးပါလိမ့်မယ်။ mine ချင်သူများအတွက် ဖော်ပြပေးခြင်းသာ
ဖြစ်ပါတယ်။ turtlecoin ပေါက်စျေးအရ မြတ်တာ မမြတ်တာ ကျွန်တော် တာဝန်မယူပါ
တစ်နေ့ ၂၄ နာရီ နဲ့ ရက်ရှည်လများ mine လို့ ဖြစ်ပေါ်လာသော
computer hardware damage ကိုလည်း တာဝန်မယူပါ ကျွန်တော်ကတော့
၁ နာရီ ၂ နာရီလောက် mine လိုက် computer ကို ပိတ်ပြီး နာရီဝက်လောက်
နားလိုက် လုပ်ပါတယ် hardware တွေ ပူပြီး နာမှာစိုးလို့ပါ
proceed at your own risk
this is just for informational purpose only