Steemit Friends(နံက်ခင်းအလုပ်)
Steemit Friendsများမင်္ဂလာအပေါင်း နှင့်ပြည့်ဝကြပါစေလို့
အာရုဏ်တက်လို့ ရွာဦးကျောင်းက အုန်းမောင်းခေါက်ရင် အိပ်ယာက ထကြရပါတယ် တောဓလေ့မို့ တောသဘာဝအတိုင်း အိမ်ရှင် ဇနီးဖြစ်သူက မျက်နှာသစ် ဘုရားသောက်တော်ရေကပ်လှူ ဆွမ်းချက် တံမျက်စည်းလှည်း စတင်ရပါတော့တယ် နေ့စဉ်တာဝန်အလီလီပါ
အိမ်ရှင်အမျိုးသားက ယာထဲလ ယ်ထဲသွားဖို့ ကျွဲများ နွားများကို အစာကျွေး အိမ်အလုပ်များကိုယ်စီနဲ့ မြို့ကြီးသားမြို့ကြီးသူတွေလို လမ်းမလျှောက်နိုင် coffeeဆိုင်မရှိ လယ်ထဲယာထဲသို့သာ ဦးတည်လုပ်ကိုင်လျက်ပါ
အလုပ်တွေသာ ဘယ်လောက်လုပ်လုပ် ရာသီပေါ်စိုက်ပျိုးရတာ ဆိုတော့ သိကြားမင်းကြီး မိုးအချိန်မှန် ရွာချပေးမှ အသီးအနှံအောင် ငွေရကြသူတွေပါလေ
မိုးများလည်းမရ မိုးခေါင်လည်းမရ အလောတော် ကွက်တိဖြစ်မှ ကံစွန့်ပြီး ဘိုးဘွားအမွေပေးထားတာလေး လုပ်ကိုင်နေကြသူတွေပေါ့လေ
မြန်မာနိုင်ငံမယ် အလွှာပေါင်းစုံ အလုပ်ပေါင်းစုံ လူမျိုးပေါင်းစုံ အသီးသီးမယ် အလုပ်ကိုယ်စီ လုပ်ကိုင်နေရင်း အောင်မြင်မှုဆီ အလီလီ ဦးတည်လုပ်ဆောင်လာခဲ့ကြတာ ဘိုးဘွား အစဉ်အဆက်ပါ အမွေထိမ်းသိမ်းရင်း ဘဝကို ရပ်တည်နေရတာမလို့ နိမ့်ရင်လည်း နိမ့်မယ် မြင့်မားရင်လည်းမြင့်မားမယ် ကံကောင်းထောက်မ၍ကောက်ပဲသီးနှံအောင်မြင်ကြပြန်လည်း ပိုလျှံမှုတွေကို အလှူအတန်းများပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်အကျိုးမျှော် လှူဒါန်းကြသူတွေလည်းမနည်းလှပါ
သိတင်းကျွတ် မီးထွန်းပွဲတော် တန်ဆောင်တိုင် ကထိန်ပွဲတော် ကို မြန်မာတစ်ပြည်လုံး လှူဒါန်းကြမှုကို ကြည့်ရုံဖြင့် ပုံဖော်နိုင်ပါကြောင်း steemit user များလည်း အောင်မြင်တာထက် အောင်မြင်ပါစေလို့
ပေးတဲ့ ဆု နဲ့ ပြေ့ပါရစေ
I like this post.
great post!
ကျေးဇူးရှင် တောင်သူဦးကြီးများ