My Experience Network Marketing (2)

in #myanmar7 years ago

Steemit မိသားစုများ နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာ ကာ ၀င်ငွေတွေအများကြီးရပါစေလို့ ဆုတောင်းပေးပါရစေ
မနေ့ က ကျွန်တော် အတွေ့အကြုံ လေးကိုပထမဦးဆုံးမျှဝေထားတဲ့  စာကို ဖတ်ရှုသူတွေအားလုံးကို အရမ်းပဲ ကျေးဇူးတင်ရှိပါတယ်။

မနေ့က အဆက်အနေနဲ့ ပထမဦးဆုံးလုပ်တဲ့ လုပ်ငန်းမှာတင် ကျွန်တော် စိတ်ဝင်စားတဲ့လုပ်ငန်းပိုင်းလေးကို ပြောပြချင်ပါတယ်။ အဲ့အချိန်တုန်းက အွန်လိုင်း software လေးတွေကို တော်တော်များများ မသိကြသေးပါဘူး စာရင်းအင်းတွက်ချက်ဖို့လဲ software အသုံးပြုဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နည်းပညာလေ့လာမှုက တော်တော်လေးကို လိုအပ်ချက်တွေရှိနေပါသေးတယ်။
သူတို့ လုပ်ငန်းမှာ ငွေကြေးတွက်ချက်မှု ဟာ online ကနေ မိမိရရှိမယ့် ကော်မရှင်ကို တိတိကျကျ တွက်ချက်ပေးတာဟာ ကျွန်တော့်အတွက် တကယ်ကို အတွေ့အကြုံ သစ်တစ်ခု ရရှိခဲ့တာပါ။ အဲ့အချိန်တုန်းက စာရင်းအင်းလုပ်တဲ့ သူတွေတော်တော်များများ ဟာ စာအုတ်ကို ပဲ အားထားနေတဲ့ အချိန်ဆိုတော့ အရမ်းကို စိတ်ဝင်စားမိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အရောင်းအ၀ယ်လုပ်ငန်းတိုင်းကို လဲ အဲလိုလေးဖြစ်ရင် အရမ်းကောင်းမှာပဲလို့ အဲ့တုန်းက စိတ်ကူးမိပါသေးတယ်။ အရင်က ကုန်ပစ္စည်းတစ်ခုကို ဖြန့်ချိဖို့ဆိုရင် Marketing strategy လိုအပ်တာ မှန်ပေမယ့် Network Marketing မှာ Motivate စိတ်ဓာတ်မြင့်တင်ရေးတွေ အကောင်းမြင်စိတ်ထားတွေ လူမှုဆက်ဆံရေးတွေက သမရိုးကျ လုပ်ငန်းတွေထက်ကို ပိုအကျိုးရှိနေတာ ကျွန်တော်တွေ့မြင်လာရတယ်။ ဒါကတော့ ကောင်းတဲ့အချက်တွေ ကို သီးသန့်ပြောပေးတာပါ။ ဆိုးဝါးတဲ့ အချက်တွေကတော့ အချင်းချင်း အမဲလိုက်သလိုလိုက်နေတာတွေ၊ လိုအပ်တာထက် ကိုယ့်ရလိုမှုတစ်ခုထဲကြည့်ပီး ပိုပြောကြတာတွေ၊ အကောင်းပဲ မြင်ခိုင်းပီး ကောင်းဆိုး ဒွန်တွဲ အပြုသဘောနဲ့ ဝေဖန်လို့မရတာတွေကြောင့်သာ ယနေ့ လက်ရှိ Network Marketing ဟာ မြန်မာနိုင်ငံမှာ အမည်းစက်တစ်ခုလို ဖြစ်နေရတယ်လို့ ကျွန်တော်မြင်မိပါတယ်။
make-money-in-network-marketing-featured.jpg

ဆက်လက်ပီး ကျွန်တော့ ရဲ့ ဒုတိယ အတွေ့အကြုံ လေးကို မျှဝေ ချင်ပါတယ်။ ဒုတိယ လုပ်မိတာကတော့ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေး ပြန်လည်လုပ်နေတုန်းမှာပဲ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတစ်ခုက ကျွန်တော့် ဆိုင်လေးနားမှာ လာပီး ဟောပြောပွဲလုပ်ပါတယ်။ ဟောပြောပွဲကို ကျင်းပတဲ့ သူတွေကတော့ ကျွန်တော်တို့ ရပ်ကွက်ရဲ့ ထိပ်တန်းလုပ်ငန်းရှင်ဖြစ်လေတော့ သွားရောက်နားထောင်ရင်း စိတ်ဝင်စားမိပါတော့တယ်။ ဟောပြောပွဲပို့ချချက်လေးကတော့ မြန်မာနိုင်ငံ မှာ က ဓာတု တွေ နဲ့စိုက်ပျိုးခဲ့လို့ ယနေ့ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ကင်ဆာ ဒုတိယဗိုလ်စွဲ နေရတာပါ ။ နောက်ပီး နည်းပညာတွေမြင့်မားလာတဲ့ အကြောင်း အရင်တုန်းကသီချင်း နားထောင်ရင် ဓာတ်ပြားတွေ၊ ရေဒီယိုလေးတွေပဲ နားဆင်ရတယ် ယနေ့ခေတ်မှာတော့ ကက်ဆက်၊ Tape ၊CD ခေတ် ၊ DVD ယခု မိုလ်ဘိုင်း ဖုန်းတွေ ပေါ်ထွက်လာတော့ သီးချင်းတွေ တစ်ပုဒ်ထဲ ဖွင့်တဲ့ ခေတ်ကနေ ယခု မိုလ်ဘိုင်း ဖုန်းထဲမှာ ထောင်သောင်းချီ ထည့်ပီးနားထောင်လို့ရတဲ့ခေတ်ဖြစ်နေပါပီ။ ယခုလဲ ထိုနည်းတူစွာ စိုက်ပျိုးရေးမှာ နည်းပညာမြင့်တဲ့ နာနို အမှုန်အမွှားလေးက အပင်တွေကို ဘက်စုံအများကြီးအကျိုးပြုနိုင်တဲ့အကြောင်း ဟောပြောသွားခဲ့ပါတယ်။
organic2.jpg

ရှိရင်းစွဲ Network Marketing ပိုးလေးက လဲ မနေသာ စိုက်ပျိုးရေး ဖြစ်လို့ လူတိုင်းအတွက်အကျိုးရှိဖို့ လုပ်မယ်ဟေ့ ဆိုပီး စိုက်ပျိုးရေးလောကထဲ ကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့တုန်းကတော့ ၀င်ငွေလည်းရမယ် ကင်ဆာအဖြစ်များတဲ့ ငါတို့ မြန်မာနိုင်ငံကြီးက လူတွေ၊ မြေကြီးတွေ ကယ်တင်မယ်ဟေ့ ဆိုတဲ့ စိတ်ကလေးနဲ့ စဖြစ်သွားခဲ့ပါတယ်။ အမှန်တစ်ကယ် ဇောက်ချလုပ်ခဲ့တာ နယ်ပေါင်းစုံလဲ ရောက် တွေ့သမျှ အပင် ဖြန်းမယ် ဆိုတာ ချည်းပါပဲ။ တောတောင်တွေ သွားရတော့ တခါတလေ စိတ်ကြည်နူးရပေမယ့် တစ်ခါတစ်လေ တော့ လဲ အရမ်းပင်ပန်းခဲ့ရပါတယ်။ ဘ၀မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ဖို့ ရာ တွန်းပို့လေသလား လို့ အခုချိန်မှာ ခံစားမိပါတယ်။ ယခု Steemit နဲ့ တွေ့ဆုံခွင့်ရခဲ့သလိုပေါ့။ ဘာလို့လဲဆိုတော့ Steemit က admin တစ်ယောက်နဲ့ တွေ့ဆုံခဲ့တာက ယခု ဒုတိယလုပ်ငန်းတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးမှာပဲ ခင်မင်သိခွင့်ရခဲ့လို့သာ ပြန်လည် ရင်ဖွင့် မျှဝေခွင့်ရတာပါ။ ဆက်လက်ပီး Network Marketing ကနေ ပီး ယခုလို online business လုပ်ဖြစ်လာပုံလေး ကို အသေးစိတ် ရင်ဖွင့်ပါဦးမယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 53912.73
ETH 2234.17
USDT 1.00
SBD 2.30