သတင်းအချက်အလက်နှင့်နည်းပညာ
မင်္ဂလာပါ။ ကျွန်တော်ကတော့ ဆီဇာဆုပိုင်မင်းပါ။ ယခုကျွန်တော် ရေးမဲ့ အကြောင်းအရာကတော့ သတင်းအချက်အလက်နဲ့ နည်းပညာဖြစ်ပါတယ်။ ဘာလို့ဒီအကြောင်းရေးရတာလည်းဆိုရင်တော့ သတင်းအချက်အလက်ကအရေးကြီးတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပါတယ်။ တစ်ချို့လည်း သိရှိနားလည်ပီးသားဖြစ်ပါလိမ့်မယ်။ နည်းပညာကတော့ အဲ့ဒီသတင်းအချက်အလက်တွေကို ထိထိရောက်ရောက် အသုံးချနိုင်အောင် ထပ်မံအားဖြည့် ထောက်ပံ့ခြင်းကိုဆိုလိုပါတယ်။
ဥပမာအားဖြင့် ကျွန်တော်တို့တွေ "ထီ" ထိုးကြပါတယ်။ ထီပေါက်တဲ့နံပါတ်ထွက်တဲ့အခါ သတင်းစာမှာ ထည့်သွင်းကြော်ငြာပါတယ်။ အဲ့ဒီလို သတင်းစာမှာကြော်ငြာတာကနည်းပညာဖြစ်ပါတယ်။ သတင်းစာအဖြစ်အသုံးပြုဖို့ စက္ကူကို သူ့နည်းပညာနဲ့သူလုပ်ဆောင်ရပါတယ်။ ပီးလျှင်တော့ သတင်းများကို အဲ့ဒီ သတင်းစာစက္ကူပေါ်မှာ ရိုက်နှိပ်ရပါတယ်။ သတင်းစာတွေအားလုံး တစ်ပုံစံတည်း ဖြစ်အောင်ရိုက်နှိပ်ပေးခြင်းကလည်း နည်းပဘာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် နည်းပညာဆိုတာကို သဘောပေါက်လိမ့်မယ်ထင်ပါတယ်။
ယခုလက်ရှိ ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ steemit နဲ့ အခြားသော လူမှုကွန်ယက် website တွေကလည်း သတင်းအချက်အလက်နဲ့ နည်းပညာတွေပဲဖစ်ပါတယ်။ ကမ္ဘာကြီးရဲ့ တစ်ဖက်တစ်ချပ်မှာ ဖြစ်ပေါ်နေတဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ အောင်နိုင်ခြင်း၊ ရှုံးနိမ့်ခြင်း စတာတွေအပြင်အခြားသော အကြောင်းအရာများကို ကျွန်တော်တို့တွေအသုံးပြုနေကြတဲ့ လူမှုကွန်ယက်websiteတွေကနေတစ်ဆင့် သိမြင်ခွင့်ရကြပါတယ်။ ဒီလိုနဲ့ လူသားတွေမှာ အသိပညာတွေတိုးတက်လာကြတယ်။ နည်းပညာတွေတတ်ကျွမ်းလာကြပါတယ်။ ဒါဟာ သတင်းအချက်အလက်နဲ့နည်းပညာရဲ့ အရေးပါမှုကြောင့် လူသားတွေတိုးတက်ပြောင်းလဲခြင်းဖြစ်ပါတယ်။
ရာသီဥတုအခြေအနေများကို ကြိုတင်ခန့်မှန်းတိုင်းတာခြင်းဖြင့်လည်း ထိခိုက်နစ်နာမှု၊ ပျက်စီးဆုံးရှုံးမှုတွေကို မဖြစ်ပေါ်အောင်နဲ့ ဖြစ်ပေါ်ခဲ့ရင်တောင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ နည်းပညာအသစ်တွေ သတင်းအသစ်တွေကို အင်တာနက်ဆိုတာကြီးကို အသုံးချပီး ရှာဖွေလေ့လာခြင်းကနေ ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုလည်း တိုးတက်ပြောင်းလဲအောင် ကြိုးစားအားထုတ်လို့ရပါတယ်။ ယခုလို ကမ္ဘာတစ်ဝှမ်းက သတင်းနည်းပညာတွေ လေ့လာသိရှိတတ်ကျွမ်းနေပေမဲ့လည်း အရင်းအနှီး အထောက်အပံ့မရှိရင်လည်း ကိုယ်တတ်ကျွမ်းတာကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။
မြန်မာနိုင်ရဲ့ စွန့်ဦးတီထွင်သူတွေကို များစွာအားပေးထောက်ပံ့ဖို့လိုအပ်ပါတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ နည်းပညာတွေကို ပြန်လည်မျှဝေကြပါတယ်။ လုံးဝမမျှဝေတာမဟုတ်ပါဘူး။ အဲ့ဒီနည်းပညာတွေကိုလည်း နားလည်တတ်ကျွမ်းအောင်လေ့လာကြပါတယ်။ ဒါပေမဲ့ နောက်ကထောက်ပံ့ပေးမဲ့သူမရှိတာရယ်၊ ကြားထဲအကောင်အထည်ဖော်နေရင်း ဆက်လက်လုပ်ဆောင်ချင်စိတ်ပျောက်သွားကြတာရယ်ကြောင့် အောင်မြင်မှုကို မရရှိကြတာဖြစ်ပါတယ်။ လူသားတွေအတွက်အကျိုးရှိတဲ့ နည်းပညာတွေက ကမ္ဘာတစ်ဝှမ်းမှာ အချိန်နဲ့အမျှ တိုးတက်ဖြစ်ထွန်းနေပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ သူတို့တွေလို မတီထွင်နိုင်တောင်မှာ သူတို့တီထွင်ထားတာကို လေ့လာသင်ယူနိုင်ရပါမယ်။ အားအားရှိ ဖေ့ဘွတ် ပွတ် ဟာသဖတ်နဲ့ အချိန်မကုန်သင့်ပါဘူး။
အရင်းအနှီးဆိုတာကလည်းလိုအပ်ပါတယ်။ နေရာတိုင်းမှာလည်း အရင်းအနှီးလိုအပ်ပါတယ်။ နေသောက်ဖို့အတွက် ရေခွက်ကို ခွန်အားအရင်းအနှီးသုံးပီး ရယူရပါတယ်။ အလုပ်သွားဖို့အတွက် ဆိုင်ကယ်၊ကား အရင်းအနှိးအပြင် ဓာတ်ဆီကိုပါ ရင်းနှီးပီးအလုပ်သွားရပါတယ်။ အဲ့ဒီလိုရင်းနှီးပီးလုပ်ကိုင်ထားပီးရင်တော့ လကုန်တဲ့အခါ လစာဆိုတဲ့ ရလဒ်နဲ့ မိမိအရင်းအနှီးတွေကို ပြန်လည် အားဖြည့်ရပါတယ်။ အကုန်အကုန်ပြောရရင် ဒီစာရေးဖို့ ကျွန်တော်အချိန်ရယ် အတွေးအခေါ်ရယ် အခြားလေ့လာမှတ်သားမှုတွေရယ် ရင်းနှီးထားပါတယ်။ အဲ့လိုပါပဲ steemit မှာ ရေးတင်ထားတဲ့ post တိုင်းမှာ စာရေးသူတစ်ဦးစီတိုင်းရဲ့ ရင်းနှီးမှု အနည်းအများ ပါဝင်ကြပါတယ်။ အဲ့လိုရင်းနှီးပီးတော့ တိုးတက်အောင်မြင်မှုကို ရယူကြရတာပါပဲ။
သတင်းအချက်အလက်နည်းပညာကအရေးပါသလို ကျွန်တော်တို့တွေရဲ့ ရင်းနှီးမှုအနည်းအများကလည်း အကျိုးရှိစေရပါမယ်။ အကျိုးရှိရှိရင်းနှီးကြရင်းနဲ့ ကောင်းမွန်သော သတင်းအချက်အလက်နည်းပညာများကို အသုံးပြုနိုင်ကြပါစေ၊အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျ။
Writer caesarsupaimin
MSC-025
သတင်းအချက်အလက်က အခုခေတ်မှာ ရွှေထက် တန်ဖိုးကြီးပါတယ်ဗျာ
ဟုတ်ကဲ့အကိုရေ သတင်းအချက်အလက်တွေ နေရာဒေသမရွေးကနေမှ ရယူစုဆောင်း ပီး အကျိုးရှိရှိပြန်အသုံးပြုလို့ရပါတယ်ဗျ။
This post has received a 1.56 % upvote from @drotto thanks to: @caesarsupaimin.
thank you
နည်းပညာ နဲ့ သတင်းအချက်လက်တွေကို တက်အားသမျှလေ့လာဖို့
အသိရလိုက်ပါတယ်...
ဟုတ်ပါတယ်ဗျ။ သတင်းအချက်အလက်တွေကို တိုးတက်နေတဲ့နည်းပညာတွေအသုံးပြုပီး အကျိုးရှိရှိအသုံးချရမှာပါဗျ။
အခုနောက်ပိုင်း လူတွေရဲ့အသိမှာကိုက နည်းပညာက အရေးပါလာပြီဆိုတာသိလာကြပြီထင်တာဘဲ
ဟုတ်ပါတယ်အကိုရေ
လေ့လာနေဆဲပါပဲဗျို့
ဟုတ်ကဲ့ လေ့လာတာမမှားပါဘူးဗျ။ ဘယ်ပညာရပ်မဆို။
နည်းပညာများကို အချိန်ရရင်ရသလိုလေ့လာဖြစ်ပါတယ်ဗျာ
ဟုတ်ကဲ့ဗျ။ ကျွန်တော်လည်း နည်းနည်းချင်းစီလေ့လာဖြစ်ပါတယ်ဗျ။
ကိုယ်တွေကတော့ နည်းပညာမတတ်လည်းမပူပါဘူး။ မသိတာရှိ ညေးတို့ လှမ်းမေးလိုက်မှာပေါ့။
တိန် ကောင်းပါ့အယ်ကိုရယ်။ နောက်ကျ ကိုယ်ဖိရင်ဖိကိုလာသင်ပေးအုံးမှာ ဟီး
IT ခေတ်ကြီးမှာ IT မတတ်လို့ကတော့...
IT ကို မကျွမ်းတောင် တတ်ထားမှအဆင်ပြေမယ်အကိုရေ
တစ်နေ့ထက် တစ်နေ့ နည်းပညာတွေက တိုးတက်လာတာ
ဟုတ်တယ်အကိုရေ လိုက်လို့ကိုမမှီတော့ဘူးဗျ
အချိန်ကိုအကျိုးရှိစွာအသုံးချစေချင်လို့သတိပေးတာမို့လားအယ်ဒိုလေးရ
Fbပွတ်ဟာသဖတ် Videoကြည့်နေရင် ဘေကုန်အချိန်ကုန်တာတော့အမှန်ပဲဗျာ နည်းပညာတွေနောက်ကိုလိုက်ပြီး လေ့လာလို့ ဘေကုန်အချိန်ကုန်ရင်တော့ ကိုယ့်အတွက် အကျိုးကျေးဇူးတွေရရှိမှာမလွဲဘူး
ကိုယ်တိုင်တော့မထွင်နိုင်ပေမယ့်
လိုက်လည်း မကလိနိုင်တာဆိုးတာ😁😁
တိန် ကိုကြီးကလည်း ကလိကြည့် မိုက်တယ်။ ကျွန်တော်တို့တူတူကလိကြမယ်လေ ဟီး