ဖုန်း​ဘေလ်​ ဓားပြများ

in #myanmar7 years ago

bad-android-apps-now-down-in-rankings.png

မင်္ဂလာပါ..စတီးမစ်​ မိသားစုများခင်​ဗျာ..
မိုဘိုင်းဖုန်းအသုံးပြုရင်း ဘီလ်​မကုန်​တန်​တာ
မကုန်​ကြ​စေဖို့ သိသင့်​တာ​လေး​တွေတချို့ကို
"ဖုန်း​ဘေ ဓားပြများ" ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ ​ဝေမျှလိုက်​ပါတယ်​။ပြောပြမဲ့ အ​ကြောင်းအရာ​လေး​တွေကို
အများစုက သိပြီးဖြစ်​ပါလိမ့်​မယ်​။မသိ​သေးသူများအတွက်​ ရည်​ရွယ်​ပြီး ​ပေါ့​ပေါ့ပါးပါး
စကား​ပြောဟန်​နဲ့ ​ဖောက်​သည်​ချပါရ​စေခင်​ဗျ။
ဒမြဆိုလို့ ဘာမှ​လျောက်​မ​တွေးနဲ့ဦးခင်​ဗျ။
ဒီလို​ပါ..ဖုန်း​တွေမှာသုံး​နေတဲ့ (application)အပလီ​ကေးရှင်း​တွေကို​ပြောတာပါ။(အပလီ)ဆိုတဲ့ စကားလုံးပါလို့လားမသိဘူး :) :) တချို့ app​တွေက တကယ်​ပလီပလာ လုပ်​တတ်​တယ်​ဗျ။
သူ့လုပ်​​ဆောင်​ချက်​မလုပ်​ပဲ ဖုန်းရဲ့ စနှစ်​ကို​လေးလံ​နှေး​ကွေး​နေ​စေတဲ့အ​ယောင်​​ဆောင်​ ဗိုင်းယပ်​စ်​​တွေ
ဲဖြစ်​​နေတတ်​ပြန်​ပါတယ်​။
အဲဒါကြောင့်​ ​တွေ့တိုင်းလဲ စွတ်​ပီး အင်​စ​တော မ​နေသင့်​ပါဘူး​နော့..။

ပြောချင်​တာက..အဲ့ app ​တွေကို ဖန်​တီးတဲ့
ဖန်​တီးရှင်​ ဆြာ့​ ဆြာ​တွေဟာ ...
app ​တွေကို တခါတည်းတကြိမ်​တည်း
ရော့ အင့်​ တသက်​လုံးသာ သုံးကြလ​ရော့ဟယ်​...
ဆိုပီး ​​အပီးအငြိမ်း​လုပ်​​ပေးလိုက်​တာ မဟုတ်​ပါဘူးး
မကြာမကြာ ​ကောင်းသထက်​​ကောင်း​အောင်​..
ဗားရှင်းမြှင့်​မြှင့်​​ပေးကြပါတယ်​။ဒါဟာလဲ အပြစ်​မဆိုသာပါဘူး။နည်းပညာကဟာ ​နေ့စဉ်​ဆန်းသစ်​​နေပါတယ်​။သူ app ထက်​ ငါ့ app ​ကောင်းရမယ်​ဆိုပြီး အပြိုင်​အဆိုင်​ တုလိုက်​ ပြိုင်​လိုက်​ သူတပြန်​ ငါတပြန်​ ​ကျော်​တက်​​နေကြပါတယ်​။
ဆို​တော့ ကိုယ်​က app ​လေးတခု​လုပ်​ပီး
ပစ်​ထားလိုက်​ရင်​ တစ်​ပတ်​​လောက်​​နေရင်
ကိုယ့်​ appထက်​သာ​နေတဲ့ သူများ app
ကို​တွေ့ရမှာ အ​သေချာပါပဲ။ဒီ​တော့ အမြဲလိုလို
မွန်းမံကြရတယ်​။နောက်​တချက်​က appဆိုတဲ့ အပလီ​ကေးရှင်း​တွေဟာ ဟာ့ဒ်​၀ဲယားလို့​ခေါ်တဲ့ အီလက်​ထ​ရောနစ်​ စက်​ပြားအမာထည်​​တွေ​ပေါ်မှာ မှီခိုရှင်​သန်​ရတာပါ။ကျုပ်​တို့ ဖုန်းအတွင်းထဲက စက်​အပြား​လေး​ပေါ့။
ဟာ့ဒ်​၀ဲနဲ့ app ..appနဲ့ ဟာ့ဒ်​၀ဲဆိုတာ..
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို အပြန်​အလှန်​​ကျေးဇူးပြုမှ ရှင်​သန်​နိုင်​တာမျိုးပါ။app ချည်းပဲ..ဘာမှလုပ်​မရသလို ..ဟာ့ဒ်​၀ဲချည်းပဲဆိုရင်​လဲ
အမှိုက်​ပုံးထဲ ပစ်​ယုံပဲရှိပါတယ်​။အဲ့ဒီဟာ့ဒ်​၀ဲ​တွေဟာလဲ အသစ်​အသစ်​ ပိုခိုင်​​အောင်​ ​ကောင်း​အောင်​ ​သေး​အောင်​ ပါး​အောင်​ အကြမ်းခံ​အောင်​ ​ရေစိုခဲ​အောင်​ ​ကွေးလိုညွှတ်​လို့ရ​အောင်​ ဆိုပီး အမြဲဗားရှင်းမြှင့်​​နေကြ​လေ​တော့ app ဆြာ​တွေကလဲ လိုက်​မြှင့်​ကြရပါတယ်​။

ကဲ..ဆိုလိုရင်းကို ​ရောက်​ပါပီခင်​ဗျာ..
သူတို့မြှင့်​လိုက်​​တော့ ကျုပ်​တို့ပါ လိုက်​မြှင့်​ကြရပါတယ်​။တခါမြှင့်​တိုင်း တခါ ​ဘေကုန်​ပါတယ်။မြှင့်​တာနဲ့ အစအဆုံး ​ဒေါင်းလုပ်​ပြန်​ဆွဲတာ
သ​ဘောတရားတူသလို ​ဘေကုန်​တာလဲ အတူတူပါပဲခင်​ညာ။အ​ဟောင်းက​နေ သူတို့မြှင့်​လိုက်​တဲ့ အစိတ်​အပိုင်းက​လေးအတွက်​ပဲ ကုန်​တာ မဟုတ်​ပါဘူး။
အကုန်​လုံး အစက ပြန်​ဆွဲတင်​ခြင်းပါ။
ကျုပ်​တို့​တွေ အင်​တာ​နက်​လေးဖွင့်​ ​ဖေ့ဘုတ်​​လေးပွတ်​​နေတုန်း အဲ့ဒီ ​မောင်​​မောင်appတို့ မမအက်​တို့ဟာလဲ သူတို့ကို မြှင့်​​ပေးဖို့ နိုတီလာလာ​တောင်း​တတ်​ကြပါတယ်​။ကျုပ်​တို့က မျက်​စီရှုပ်​လို့
တခါတ​လေ နား​အေးပီး​ရော..ဆိုပြီး အပ်​ပဒိတ်​လိုက်​တတ်​ကြပါတယ်​။အဲ့ဒီမှာ ​ဘေကုန်​ပါပီ
နောက်​ကွယ်​မှာ ​ဒေါင်းလုပ်​ဆွဲကာ ကျုပ်​တို့​ဘေများကို ဝါး​နေပါပြီ။အဲ့ဒါကိုသိလို့ မအပ်​ဒိတ်​ပဲ ​ပေကပ်​သုံး​ရသမျှ သုံးပါတယ်​။ဒါမဲ့ ​နောက်​ဆုံး
အရမ်း​ပေကပ်​လာပီး ပြသနာခနခနရှာလို့ အပ်​ပဒိတ်​လိုက်​ရတာပါပဲ။
App​တွေဟာသူတို့ကို ဗားရှင်းမြှင့်​​ပေးဖို့
သူတို့ အားထားရာ ​သောနုတ်​ထိုနဲ့တူတဲ့
ဂူဂဲပ​လေးက​နေတဆင့်​ ကျုပ်​တို့ကို
အကျပ်​ကိုင်​လာတတ်​ပါတယ်​။အဲ့အခါမှာ
ကျုပ်​တို့သ​ဘောမတူလဲ ဂူဂဲပ​လေးက တိတ်​တိတ်​​လေး ဆွဲမြှင့်​သွားတတ်​ပါတယ်​။အဲ့ခါမှာ ကျုပ်​တို့ မသိလိုက်​ပဲ ကုန်​ရပါပြီ။app များများသုံး​လေ ခံရ​လေပါပဲ။ဒါ​ပေမဲ့ ဒီ​သောနုတ်​ထိုက ​ဒေ၀ဒတ်​​လောင်းမဟုတ်​လို့ ​တောင်းပန်​လို့ရပါတယ်​။
အလို​လျောက်​မမြှင့်​​တော့​အောင်​..
Google play app ရဲ့ settingထဲမှာ wifi နဲ့ပဲ updateလုပ်​ပါလို့ ပြင်​လို့ရပါတယ်​။ကျုပ်​တို့​တွေ ပျဉ်​ဖိုးနားလည်​လာခဲ့ကြပါတယ်​။အဲ့ဒါဆိုရင်​​တော့
ဖရီးဝိုင်​ဖိုင်​ရချိန်​မှာမှ သူတို့ဘာသာ
ပြုံပီး အပ်​ပဒိတ်​ကြပါလိမ့်​မယ်​။ဘေမကုန်​​တော့လို့
လုပ်​ကြပါ​စေ​ပေါ့​နော်​။

ဒါ​ကြောင့်​ application များကို ​တွေ့ရာ​နေရာမှ
ကြုံသလို download ချမထည့်​ပါနဲ့။
မရှိမဖြစ်​သုံးရမဲ့ appများကိုလဲ သုံးလို့ရသမျှ
ပေသုံးကြပါ။
Google Playstore ရဲ့Setting မှာ wifi နဲ့သာ
updateလုပ်​ဖို့ ပြင်​​ပေးထားပါ။
အဲ့ဒီသ​ဘော​လေး​တွေကို နားလည်​သွားရင်​ "ငါဘာမှလဲ မသုံးပဲနဲ့ ​ဘေ​တွေ အရမ်းကုန်​တာပဲ"ဆိုတဲ့အဖြစ်​မျိုး၊
"ငါ့ဖုန်း​လေးက ၀ယ်​ထားတာ ဘာမှမကြာ​သေးဘူးး သုံးရတာ ​လေးလိုက်​တာ"
ဆိုတဲ့ အဖြစ်​​တွေက​နေ ကင်း​ဝေးပါလိမ့်​မယ်​ ဆိုတာ အကြံပြုပါရ​စေခင်​ဗျ။
အားလုံး လိုအင်​ပြည့်​ဝကြပါ​စေ။

Ps-ဖတ်​မိသူများ ပို့စ်​​အောက်​မှာ အသံ​လေး​ပေးခဲ့ကြပါဦးခင်​ဗျ။
Follow ​လေး vote ​လေးနဲ့ အား​ပေးချင်​လို့ပါ။
@Builderb

Sort:  

ဖတ်ပီးပါကြောင်း

Thanks @pyaesonekhinkhin :):)
I followed

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68227.33
ETH 2646.21
USDT 1.00
SBD 2.70