Knowledge Sharing
မင်္ဂလာပါ..စတီးမစ် မောင်နှမတို့ခင်ဗျား
ကျွန်တော် ခုအရွယ်အထိ စာပေဟောပြောပွဲကို
ကိုယ်တိုင်ကိုယ်ကျသွားပြီး နားထောင်ဖူးတာ
တစ်ကြိမ်ပဲရှိပါသေးတယ်ခင်ဗျ..ကြွားတယ်လို့တော့
မထင်ပါနဲ့ခင်ဗျ. :) :) အဲဒီပွဲမှာ စာရေးဆရာ (3)ဦး
ဟောပြောခဲ့ပါတယ်။သူတို့ကတော့
မင်းကိုနိုင်၊ ဦးဖုန်း(ဓာတု)နဲ့ မောင်သာချို တို့ဖြစ်ပါတယ်။
ဆရာ (3)ယောက်ဆက်တိုက် တစ်ယောက်ပြီးတစ်ယောက် ဟောပြောသွားပါတယ်။ အရှေ့က ဆရာ(2)ယောက် ပြောတာကိုတော့ ရေရေရာရာ မမှတ်မိတော့ပါဘူး။နောက်ဆုံး ဟောပြောတဲ့
ဆရာမောင်သာချို ပြောတာလေးတွေထဲက အခုထက်ထိ မှတ်ဥာဏ်မှာ ထင်ကျန်နေတာလေးကို ပြန်လည်မျှဝေပေးပါရစေခင်ဗျ။
ကျွန်တော့်အနေနဲ့ အတော့်ကိုနှစ်ခြိုက်မိလို့လဲ
မမေ့သေးတာ ဖြစ်ပါတယ်။အခု စတီးမစ်က ညီအကိုမောင်နှမတွေလဲ ဒါလေးကို ဖတ်ကာ ယခုထက်ပိုပြီး အသိဥာဏ်စိတ်ဓာတ်
အတွေးအခေါ်မြင့်မားလိမ့်မယ်လို့လဲ ယုံကြည်ပါတယ်ခင်ဗျ။ကျွန်တော် မှတ်မိသမျှကို ဆရာဟောပြောနေသလို ပုံစံဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါ
တယ်ခင်ဗျ။
"လူတွေမှာ အလေးထားရမဲ့ တန်ဖိုး (၃)မျိုးရှိပါတယ်...
(၁)Change Value- ဖလှယ်မှုတန်းဖိုး
ဒါကတော့ရှင်းပါတယ်၊ ငွေစက္ကူပဲပေါ့၊မိမိတို့လိုအပ်ရာနဲ့ လဲလှယ်စားသုံး သုံးဆောင်နိုင်တာပေါ့၊
(၂)Used Value- အသုံးချမှုတန်ဖိုး
လူတိုင်းလူတိုင်း နေ့စဉ် အသုံးပြုနေကြတဲ့ လူ့အသုံး အဆောင် ပစ္စည်းတွေပဲပေါ့ ။
ဒါပေမယ့် တချို့တချို့သောသူတွေဟာ အဲဒီ တန်ဖိုးနှစ်ခုမှာပဲ ရပ်တန့်သွားကြပါတယ်၊ ဖောဖောသီသီ သုံးနိုင်စွဲနိုင်မယ်၊ ဈေးကြီးကြီးလှလှပပ အသုံးဆောင် ပစ္စည်းတွေကို အသုံးပြုနိုင်တယ်..ဆိုရင်ပဲ ဘ၀ဟာ ပြီးပြည့်စုံနေပြီ လို့မှတ်ထင်ပြီး ရောင့်ရဲကျေနပ်နေကြပါတယ်...
အဲဒီအချက်နှစ်ခုဟာ ရှိသင့်ရှိအပ်တာ မှန်ပေမယ့် လိုအပ်နေတဲ့ အချက်တခု ရှိပါသေးတယ်..။အဲဒါကတော့...
(၃)Sentimental Value- မြတ်နိုးလေးစားတတ်သော တန်ဖိုး
အဲဒီတန်ဖိုးကို ၀ယ်ယူလို့ မရနိုင်ပါဘူး။ဥပမာ- ဘုရားဆင်းတုတော်ကို ဖူးတွေ့လိုက်ရလို့ စိတ်ထဲမှာဖြစ်လာတဲ့ ကြည်ညိုမှုကို ငွေစက္ကူနဲ့ဝယ်လို့မရနိုင်ပါဘူး။ ဘုရားရှေ့မှာ ပုဆစ်တုတ်လေးထိုင်ပြီး ဘုရားဆင်းတုတော်ရဲ့ ကြည်လင်သန့်စင်တဲ့ မျက်နှာတော်ကို မော့ဖူးရင်းး
စိတ်ထဲမှာ "သြော်..ငါတို့ဘူရားရှင်က ရှင်ဘုရင့်သားတော်ဖြစ်ခဲ့ပါလား..သူသာတောင့်တမယ်ဆို အရာအားလုံး စိတ်တိုင်းကျကျ ခံစားစံစားနိုင်ပါလျက်နဲ့....နွေ၊မိုး၊ဆောင်းရာသီ အသီးသီး စံအိမ်တော်မှာ လိုတာတရုံနဲ့ ရနိုင်ပါလျက်နဲ့ ...ဇမ္ဖူကျွန်းတခုလုံးမှာ အလှဆုံးအမြတ်ဆုံး..ယသော်ဓရာဆိုတဲ့ ရှူမငြီး ချစ်ဇနီးနဲ့ သားလှရတနာ ရာဟုလာလေးကိုပါ စွန့်ခွာကျောခိုင်းပြီး သတ္တ၀ါအားလုံးသံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရည်သန်ပြီး သားရဲပေါတဲ့ တောကြီးမျက်မဲထဲမှာ ဒုက္ခဆင်းရဲတွေကို ရင်ဆိုင်အံတုပြီး မှန်ကန်သော ဓမ္မကို ရှာဖွေခဲ့ရပါလားး"လို့ တွေးမိရင်း ရင်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကြည်ညိုလေးမြတ်မှုစိတ်မျိုးကို (Sentimental Value)လို့ ခေါ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းပုံကို မြင်မိရင်လဲ သူ့ရဲ့ လေးစားအပ်တဲ့ လုပ်ဆောင်ချက်တွေကို မြင်ယောင်မိတာဟာလဲ အဲဒီတန်ဖိုးပါပဲ...အစရှိသဖြင့်ပေါ့လေ......။
လူသားတိုင်း အဲ ဒီတန်ဖိုးကို
အလေးထားသိတတ်မှသာ အိမ်တအိမ်၊ရပ်ကွက်တခု၊မြို့တမြစ်မြို့၊နိုင်ငံတစ်နိုင်ငံဟာ..သာသာယာယာ အဓွန့်ရှည် တည်တံ့မှာဖြစ်ပါတယ်...။တိရစ္ဆာန်လောကမှာ အဲဒီတန်ဖိုးမရှိပါဘူး...။
တာချီလိတ်ဖက်မှာ ဟောပြောပွဲတခုသွားရတုန်းက ရှမ်းကလေးတွေက စာအိတ်လေးတွေ ဝေတယ်..ကျွန်တော်တို့အဖွဲ့ကို။ တည်းခိုတဲ့နေရာရောက်လို့ ဖွင့်ကြည့်မိတော့ ထိုင်းဘတ်ငွေထွက်ကျလာတယ်ဗျ။ဒါနဲ့ ၀န်ထမ်းလေးတွေမေးကြည့်တော့ ..ဒီမှာ မြန်မာငွေသုံးလို့ မရဘူး..တဲ့၊သြ..ဒီလိုလားပေါ့.။နောက်..ကျွန်တော်မှာပါလာတဲ့ မြန်မာငွေလေးကို ဘတ်ငွေလဲတဲ့ဆိုင်သွားလဲဖြစ်သေးတယ်။ အဲမှာ..ကျွန်တော်အံ့အားသင့်ရတယ်....ငွေလဲပေးနေတဲ့ ကောင်မလေး တယောက်..စားပွဲလေးတလုံးပေါ်မှာ ဘတ်ငွေတွေတင်ထားတယ်...အောက်မြေကြီးပေါ်မှာ လာလဲတဲ့ မြန်မာငွေကိုပစ်ပစ်ချလိုက်တာဗျ။အလိပ်လိုက်လေးတွေ စီးစီးပြီးတော့ပေါ့...ဒီလိုနဲ့ ကျွန်တော့်အလှည့်ရောက်လာတော့ ကျွန်တော်လဲ ပါလာတဲ့ ငွေလေးထုတ်ပေးလိုက်တယ်..သူက ရေတွက်ပြီးတော့ လှမ်းပစ်ချပြန်ရော..ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်..ပြီးတော့ သူက ဘတ်ငွေပြန်ပေးတော့...မနေနိုင်တာနဲ့ မေးလိုက်မိတယ်.."ညီမလေး ဘာဖြစ်လို့ မြန်မာငွေတွေကို အောက်မှာပစ်ချပြီး ထိုင်းဘတ်ငွေကို စားပွဲပေါ်ထားတာလဲ "ပေါ့...
အဲဒီမှာကောင်မလေးက.....ထိုင်းဘတ်တစ်ရွက်ကို ကိုင်ပြပြီး ပြောတယ်..."ဦး...ကြည့်ပါတဲ့ ဒီပိုက်ဆံတွေမှာက သူတို့နိုင်ငံက လေးစားရမဲ့ ခေါင်းဆောင်ကြီးရဲ့ ပုံပါတယ်တဲ့....မြန်မာငွေမှာက ဆင်ပုံ မြင်းပုံ တိရစ္ဆာန်ပုံတွေနဲ့ ဘာမှလေးစားစရာ မပါဘူးတဲ့..အဒါကြောင့် အောက်မှာထားတာပါ..".............။
သြောာာ..ဆိုပြီး..ကျွန်တော်နားလည်သွားမိတော့တယ်....ဒါဟာ (sentimental Value) ပါလား..လို့.။
အားလုံးလိုအင်ပြည်ကြပါစေ။
Photo Credit -Google