ချစ်လှစွာသောသူငယ်ချင်းနှင့် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသို့အလည်တစ်ခေါက်(1)

in #myanmar7 years ago (edited)

image

ကျွန်တော်တို့အုပ်စု တောင်ခြေမှ ထွက်လာရာ ကျိုက်ထိုသို့ ညနေ ၃နာရီကျော်ကျော်လောက်ရောက်ပါသည်။
စီးရမည့်ကားကလဲ၆နာရီမှဆိုတော့အချိန်ပိုနေတာနဲ့ ကျိုက်ပေါလောဘုရားဖူးရန်တိုင်ပင်ကြလေသည်။ ထုံးစံအတိုင်း တစ်ယောက်က
သွားမယ်ဆိုလျှင်နှစ်ခါ မပြောရ။ 'သွားကြတာပေါ့' ဖြင့်သာ
အဆုံးသတ်သည်။ဤမျှလောက်သွားဖို့ပြောရသည်။
ဒီလိုနဲ့ ကျိုက်ပေါလောဘုရား ဖူးဖြစ်ခဲ့ကြပါသည်။

ကျွန်တော်တို့ အုပ်စုဘုရားဖူးပြီး ကျိုက်ပေါလောဘုရား
အကြောင်းလေ့လာခဲ့ကြပါတယ်။ကျွန်တော်လေ့လာခဲ့သော
ကျိုက်ပေါလောမှဲ့ရှင်ဘုရား အကြောင်း အနည်းငယ်မျှဝေ ပါရစေ။
image
image
သမိုင်းကြောင်းက ဒီလိုဗျ … …
တတိယသင်္ဂါယနာ တင်ပြီးနောက် အရှင်မဟိန္ဒ အမှူး
ပြုသော ရဟန္တာငါးပါး တို့သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ သာသနာပြု ရန်ကြွရောက်တော်မူသောအချိန်ကာလဖြစ်သည်။
ထိုအချိန် သီဟိုဋ္ဌ်ကျွန်း၌ တိဿမင်း စိုးစံလေသည်။
တိဿမင်းကြီးသည် အသောကမင်း
ကြီးကို ကြည်ညိုလေးမြတ်သည့်သဘောဖြင့် အသောက
မင်းကြီးကဲ့သို့ပင် 'ဒေဝါနံပိယ' ဘွဲ့တော်ကိုခံ၍ 'ဒေဝါနံပိ
ယတိဿ' မင်းဟူသောဘွဲ့ကိုခံယူလေသည်။( ဒေဝါနံပိယ=နတ်တို့ချစ်မြတ်နိုးသော )

ဒေဝါနံပိယတိဿမင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်
ယုံကြည်ကိုးစားလာသည်နှင့်အမျှ ဗုဒ္ဓရုပ်ပွါးတော်များ ထု
လုပ်ပူဇော်ကိုးကွယ်တဲ့ စိတ်ပြင်းပြစွာပေါ်လာသည်
ကိုအရှင်မဟိန္ဒအရှင်မြတ်အား လျှောက်ထားတော်မူလေ
သည်။ ထိုအခါ အရှင်မဟိန္ဒ က"ဘုရားရှင်ကို ပိုမိုကြည်
ညိုသဒ္ဓါတရား ထက်သန်စေရန်နှင့် ဗုဒ္ဓမြတ်စွာသာသနာ
နေရောင်လရောင်ပမာ ထွန်းလင်းပြီး သာသနာတွင် တည်တံ့စေရန် အတွက် လူတို့ကိုယ်တိုင်ကိုယ်ကျ မဖူးမြော် မကြည်ညို လိုက်ရသော ဘုရားရှင်တို့၏ ပုံတူရုပ်ပွါးဆင်းတုတော်
ကိုထုလုပ်ပြီး ဘုရားရှင်တို့၏ ဆံတော်၊ ဓါတ်တော်၊ မွေတော်၊ အံတော်၊ ဗောဓိခက် ဗောဓိရွက် တို့ကိုဌာပနာ
ထည့်တည်ထားကိုးကွယ်ကြလျှင် သာသနာငါးထောင်
ကာလပတ်လုံး တည်တံ့ကြပါလိမ့်မည်။
ထို့ကြောင့် ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူလေပြီးသော
ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ မြတ်ဗုဒ္ဓပုံတော်
လေးဆူ တို့ကို ထုလုပ်သွန်းလောင်းပြီးကိုးကွယ်ကြ" ဟု
မိန့်ကြားတော်မူလေသည်ဟုဆိုသည်။

ထိုအချိန်တွင် တာဝတိံသာပြည့်ရှင်သိကြားမင်း၏ နေ
ထိုင်ရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်းမာလာသော
ကြောင့် လူ့ပြည့်သိုကြည့်ရှူလေသည်။ "အလိုငါနေထိုင်
ရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ အဘယ်ကြောင့်တင်းမာ
လာသနည်း။ အိမ်း … လူပြည့်၌ အဘယ်အရေးကိစ္စထူး
ခြားသနည်းဆိုတာငါကိုယ်တော်မြတ် ကြည့်ရှူပေအုံးမယ်"။
ထိုသို့ကြည့်ရှူလေရာ အရှင်မဟိန္ဒအရှင်မြတ်
၏ မိန့်ကြားသောစကားကို ဒေဝါနံပိယတိဿမင်းကြီးကအကောင်
ထည်ဖော်၍ ဘုရားစင်းတုတော် ထုလုပ်ရန် အချိန်ဖြစ်လေသည်ကို
သိမြင်ခဲ့ရလေသည်။

ထို့ကြောင့် သိကြားမင်းသည် သီဟိုဋ္ဌ်နိုင်ငံ ဒေဝါနံပိယ
တိဿမင်းကြီး၏ နန်းတော်သို့ သက်ဆင်းကာရုပ်ပွါး
တော်လေးဆူ ထုလုပ်ရာတွင်ပါဝင်ကူညီဆောင်ရွက်
ခဲ့သည်။ သိကြားမင်းသည် ရုပ်ပွါးတော်ထုလုပ်ရန်
ကရမက်သားအနှစ်၊ နံ့သာဖြူအနှစ်၊ နံ့သာနီအနှစ်တို့
ကိုရှာဖွေယူဆောင်ပေးလေသည်။ ပန်းပုဆရာ ဗိသုကာ
ဆရာအကျော်မော်တို့သည် အရှင်မဟိန္ဒအရှင်မြတ် ၏
အစီမံဖြင့် ရုပ်ပွါးတော်လေးဆူထုလုပ်ရာ အလွယ်တကူ
ပြီးမြောက်လေသည်။
ထိုရုပ်ပွါးတော်လေးဆူတို့တွင် မြတ်စွာဘုရား၏
ဆံတော်၊ ဓါတ်တော်၊ မွေတော်၊ အံတော်၊ ဗောဓိခက် ဗောဓိရွက်
တို့ကိုရတနာခုနစ်ပါးရေဖြင့် သန်ရှင်းစင်
ကြယ်စွာဆေးကြောပြီး ဌာပနာသွင်းတော်မူလေသည်။
ထိုနောက် ရွှေသင်္ကန်းကပ်၍ ရတနာခုနစ်ပါးဖြင့်လည်း
ကောင်း၊ ရွှေထီး၊ ငွေထီး၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ပန်းမျိုး
စုံ၊ နံ့သာပေါင်းစုံတို့ဖြင့် တစ်ဆယ့်ငါးရက်တိုင်တိုင် ရှိခိုးပူ
ဇော် ဖူးမြော်လေသည်။

ထိုဗုဒ္ဓရုပ်ပွါးတော်လေးဆူ တို့ကို အားရအောင်ပူဇော်ပြီး
သောအခါ အရှင်မဟိန္ဒထေရ်မြတ်က ဒေဝါနံပိယတိဿမင်းကြီး
ကို "ဒကာတော်ရေမြေ့ရှင်၊
ဤဗုဒ္ဓရုပ်ပွါးတော်မြတ်လေးဆူကို ဤတိုင်းပြည်၌ ကိုး
ကွယ်တော်မမူလင့်။ဗုဒ္ဓရုပ်ပွါးတော်မြတ်လေးဆူတို့၏
အလိုတော်ကျ သီတင်းသုံးလိုရာအရပ်သို့ ကြွရောက်
သီတင်းသုံးတော်မူနိုင်ရန် မဟာသမုဒ္ဒရာအတွင်းသို့
မျှော်ကြွတော်မူလျှင် ဗုဒ္ဓရုပ်ပွါးတော်မြတ်ပွင့်လင်းရာ
အရပ်အသီးသီး သို့ကြွရောက်တော်မူပါလိမ့်မည်။သို့မှ
သာ ထိုအရပ်အသီးသီးမှ ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့
ရုပ်ပွါးတော်မြတ်ကို ပင့်ဆောင်ကြည်ညှိ
ကြလိမ့်မည်။သို့မှသာ သာသနာတော်ကြီးပိုမို ထွန်းကား
ပြန့်ပွားပေလိမ့်မည်" ဟုမိန့်ကြားလေရာ မင်းကြီးများစွာ
သဘာကျ နှစ်ခြိုက်လေသည်။ ထို့ကြောင့် ရုပ်ပွါးတော်
လေးဆူကို သမုဒ္ဒရာပင်လယ်ကြော သို့မျောကြွစေရန်
စီစဉ်ကြကုန်လေသည်ဟုဆိုလေသည်။

သိကြားမင်းသည် ဗုဒ္ဓရုပ်ပွါးတော်မြတ်လေးဆူကို စောင့်
ရှောက်ရန်အတွက် သာသနာစောင့် နတ်မင်းကြီးလေးပါး
ကိုတာဝန်ပေးလေသည်။ နတ်မင်းကြီးလေးပါးကလဲ ရုပ်
ပွါးတော်တစ်ဆူစီကို လိုက်ပါစောင့်ရှောက်ရန် နတ်တစ်
ပါးစီနှင့်ရေနတ်နဂါးတစ်ပါးစီကိုအသီးသီးတာဝန်ပြန်ပေး
ခဲ့တယ်လို မှတ်သားဖတ်ရှူ့ရပါတယ်။အဆင့်ဆင့်တာဝန်
ပေးတာပေါ့ဗျာ။

မင်းကြီးသည် ရုပ်ပွါးတော်လေးဆူကို အားရအောင်းပူ
ဇော်ပြီးအခါ တစ်ဆူကို သင်္ကန်းတုံးတစ်ခုပေါ်တွင်လည်း
ကောင်း၊ တစ်ဆူကို ကျွန်းတုံးပေါ်တွင်
တွင်လည်းကောင်း၊ တစ်ဆူကို ပိန္နဲတုံးပေါ်တွင်လည်း
ကောင်း၊ ကျန်တစ်ဆူကို ကျောက်လှည်းဘီးပေါ်တွင်
လည်းကောင်း အသီးသီးတင်ဆောင်ပြီး ဖောင်ငယ်အ
သီးသီးပေါ်သို့ တင်တော်မူပြီး 'ဇမ္ဗူကောလ' ဆိပ်ကမ်း
သို့ချလေသည်။ထိုအချိန်တွင် ရုပ်ပွါးတော်လေးဆူလုံး
မျက်လုံးတော်တို့မှမျက်တောင်တဖျက်ဖျက်ခတ်ခြင်း၊
ရောင်ခြည်တော်ခြောက်သွယ် ဖြာထွက်ခြင်းတို့ဖြင့်တန်
ခိုးပြာဋိတော် ပြတော်မူလေသည်ဟုလေ့လာတွေ့ရှိခဲ့
ပါသည်။

ဒေဝါနံပိယတိဿမင်းကြီးသည် "ဤဗုဒ္ဓရုပ်ပွားတော်လေး
ဆူတို့သည် ဗုဒ္ဓသာသနာတော်ထွန်းကားရာဒေသသို့ ကြချီ၍
ကိန်းဝပ်စံပယ်တော်မူလိုရာအရပ်ဌာနတို့၌တည်
တံ့ပါစေသတည်း " ဟု အဓိဋ္ဌာန်ပြုပြီး သမုဒ္ဒရာသို့ မျှော
လိုက်လေသည်။

  • ထိုရုပ်ပွါးတော်လေးဆူတို့မှာ ကျွန်းတုံးဖြင့် မျောကြွလာ
    သောရုပ်ပွားတောမြတ်သည် ပုသိမ်(ကော့သမိန်) မြို့အ
    နီး ဆိပ်ကမ်းတစ်နေရာ တွင် ရပ်တန့်၍ ထိုကျွန်းတုံးပေါ်
    ၌ပင် သီတင်းသုံးစံပယ်တော်မူ၏။

  • သင်္ကန်းတုံးဖြင့် မျောကြွလာသော ရုပ်ပွါးတော်မြတ်သည်
    ကျိုက္ခမီမြို့ ပင်လယ်ကမ်းစပ်ရှိ ဗုဒ္ဓမြတ်စွာ၏ ဆံတော်ရှင်စေတီ
    တည်ရှိရာသို့ ရောက်ရှိတော်မူလေသည်။
    ထို့ကြောင့် ကျိုက်က္ခမီဆံတော်ရှင်စေတီနှင့် ယှဉ်
    တွဲတည်ထားကိုးကွယ်ခဲ့ကြသည်။

  • ပိန္နဲတုံးဖြင့် မျောကြွလာသောရုပ်ပွားတော့်မြတ်တစ်ဆူ
    သည်ထားဝယ်မြို့ဆိပ်ကမ်းသို့ ရောက်ရှိသီးတင်းသုံး
    တော်မူလေသည်ဟုလေ့လာတွေ့ရှိရပါသည်။ယခုအခါ
    ထားဝယ် ရှင်မုတ္ထီးဘုရား အမည်ဖြင့်တည်ထားကိုးကွယ်
    ကြသည်ဟုဆိုသည်။

  • ကျောက်လှည်းဘီးဖြင့်မျောကြွလာသော ရုပ်ပွါးတော်မြတ်
    တစ်ဆူသည် ကျိုက်ထိုမြို့တောင်ဘက် ချောင်းရိုး
    အတွင်း ကြွမြန်းရန်ရောက်ရှိစံပယ်တော်မူလေသည်။ယခု
    ကျိုက်ပေါလောမှဲ့ရှင်ဘုရားအမည်ဖြင့် ကိုးကွယ်ကြသည်။

သာသနာသက္ကရာဇ် ( ၈၀၃ )ခုနှစ် ကျိုက်ထိုမြို့တွင်
ဗျ ဂ္ဃမင်း မင်းပြုအုပ်ချုပ်ချိန် ဖြစ်သည်။ ထိုခေတ်က
ကျိုက်ထိုမြို့တွင် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသော
သူဌေးကြီးလင်မယားနှစ်ယောက်ရှိသည်။ ထိုသူတို့မှာ
သူဌေးကြီး ဦးဖိုးထော်နှင့် ဇနီး ဒေါ်လုံမတို့ဖြစ်သည်။
သူဌေးကြီးလင်မယားနှစ်ယောက်ဟာပစ္စည်းဥစ္စာချမ်း
သာကြွယ်ဝသလောက် ရတနာသုံးပါးကိုလဲ အထူးကြည်ညို
လေးစားပြီး အကျင့်သီလသမာဓိပြည့်စုံအောင် ထိန်းသိမ်း
ကြသည်ဟုဆိုလေသည်။ဆင်းရဲချမ်းသာလူတန်းစား
မရွေးဖော်ရွေဆက်ဆံသောကြောင့် လူတိုင်းချစ်ခင်ကြည်
ညိုလေးစားကြလေသည်။

ထိုသူဌေးကြီး လင်မယားသည် ကျိုက်ထိုမြို့၏အရှေ့ဘက်
ဘုရားသုံးဆူတောင် ပေါ်တွင်သီတင်းသုံးနေထိုင်သော
မဟာဂုရုရသေ့ကြီးအား ပစ္စည်းလေးပါးဒါယကာ အဖြစ်
လိုအပ်သော လှူဖွဟ်ပစ္စည်း အဝဝ ကိုတာဝန်ယူလှူဒါန်း
ကိုးကွယ်ကြလေသည်။တစ်နေ့ နံနက်အရုဏ်တက်ခါနီး
သူဌေးကတော် ဒေါ်လုံမ ထူးဆန်းသော်အိပ်မက် မက်
လေသည်။ဒေါ်လုံမ၏ အိပ်မက်ကားဤသိုပင်ဖြစ်သည်။
"ဂေါတမမြတ်စွာဘုရားသည် အထက်မိုးကောင်းကင်
တွင်ရောင်ခြည်တော်ကွန့်မြူးလျက် တန်ခိုးပြာဋိတော်
ပြတော်မူပြီး ဒေါ်လုံမ အိမ်ဦးခန်းအတွင်းရှိ ပလ္လင်ထက်
၌ သီတင်းသုံးတော်မူသည်ကို ဖူးမြော်ရပါသည် ဟု အိပ်
မက်မက်လေသည်။
ထိုအကြောင်းကို လည်းကောင်းတို့ ကိုးကွယ်သော ရသေ့
ကြီးထံသို့လျှောက်လေသည်။ ရသေ့ကြီးက အိပ်မက်
သည်မင်္ဂလာရှိသောအိပ်မက်ဖြစ်သည်ဟုဆိုလေသည်။
ခုနစ်ရက် ခုနစ်လ အတွင်းတန်ခိုးကြီးမားသော ဘုရား၊
ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ တို့အားကိုးကွယ် ရမည်ဟုမိန့်ကြား
လေသည်။ထို့နေ့မှ စ၍ သူဌေးကြီးလင်မယားလဲ ယခင်
ကထက်ပိုမိုယုံကြည်ပိုမိုကြည်ညိုကြပြီး ငါးပါးသီးလကို
အမြဲစောင့်ထိန်းနေကြလေသည်။

ဒေဝါနံပိယတိဿမင်းကြီးမျောလိုက်သည့် ရုပ်ပွါးတော်
လေးဆူအနက် ကျောက်လှည်းဘီးဖြင့်မျောလိုက်သော
ရုပ်ပွါးတော်ကြီးသည် ကျိုက်ထို မြို့ တောင်ဘက်ချောင်း
ရိုးအတွင်းတဖြည်းဖြည်း ကြွမြန်းလာသည်ကို အနီး၌
နွားစာရိတ်နေသော ဖက္ကလိပ် ကျေးရွာလယ်သမား
ဦးထွန်းဘော် ရှေးဦးစွာ တွေ့မြင်ဖူးမြော်လိုက်ရပေသည်။
ထို့နောက် မြတ်မရိတ်ပဲ ရွာသို့ အပြေးပြန်ကာ ရုပ်ပွါးတော်
အကြောင်းပြန်ပြောပြလေသညါ။ ထိုမှ တဆင့်စကား
တဆင့်ကြားကြပြီး ကျိုက်ထိုမြို့တစ်မြို့လုံးအုန်းအုန်း
ကျွက်ဖြစ်ရလေသည်။ တိုးမပေါက်အောင်စည်းကားများ
ပြားခဲ့သည်ဟုမှတ်တမ်းမှတ်ရာများတွင်မှတ်ရှူ့ရပါသည်။
ချောင်းရိုးထဲတစ်ယောက်ပြီးတစ်ယောက်ဆင်း၍ ရုပ်ပွါး
တော်မြတ်အား ဆွဲယူပင့်ဆောင်ကြလေသည်။ ဒါပေမယ့်
ရုပ်ပွါးတော်မြတ်သည် မူလနေရာမှအနည်းငယ်မျှမရွေ့ဟု
သိရှိရပါသည်။တချို့က ကြိုးကြီးများဖြင့်ကျောက်လှည်း
ဘီးကိုချည်ပြီး လူစုလူဝေးဖြင့်ကမ်းစပ်သို့ ဆွဲတင်ကြရာ
တစ်လက်မမျှမရွေ့ဘဲထိုနေရာပင်စံမြန်းနေလေသည်။
မည်သူတစ်ဦးတစ်ယောက်မျှပင့်မရဖြစ်နေလေသည်။

ဤရုပ်ရှင်တော်မြတ်ကို ယခုတည်ထားကိုးကွယ်သည့်
နေရာကို မည်သူ ပင်ဆောင်ကိုးကွယ်ခဲ့သည် နှင့်
ကျိုက်ပေါလော မှဲ့ရှင်ဘုရား ဟုနာမည်တွင်ခဲ့သည်
ကို ဆက်လက်ရေးသားပါအုံးမယ်။

ဆက်လျှက်စောင့်မျှော်ဖတ်ရှူ့ပေးပါရန် မေတ္တာရပ်ခံအပ်
ပါသည်။

သမိုင်းကြောင်းနှင့် စာလုံးပေါင်းသတ်ပုံများ မှားယွင်းပါက
အမှားထောက်ပြပြီးပြင်ဆင်ဖတ်ရှူ့အကြံပေးပါလို့
ကြိုတင်တောင်းပန်အပ်သည်။ ။

steemit မှ ဆရာ များနှင့် မိတ်ဆွေအပေါင်းသင်းများ
အကျိုးထူးတရားများစွာရပါစေဗျာ။

writer; @ayeminmaung

Sort:  

ပျော်တယ်ပေါ့

အဟီး ဒီလိုပါပဲလေ။

ကျိုက်ထီးရိုးဘုရား ဖူးရောက်တိုင်း ကျိုက်ပေါလော မှဲ့ ရှင်တော်
ဘုရားဝင်ဖူးတယ်

ကျွန်တော်ကတော့ ဒီတစ်ခေါက်မှ ကျိုက်ပေါလောဘုရား ဖူးဖြစ်တယ်

ရေးသူနာမည်လေးတော့ ထည့်ပေးပါ

ဟုတ်! တထိုင်တည်း မနက်ကတည်းကရေးတာညနေလောက်မှပြီးသွားတော့မျက်လုံးတွေပြာပြီး မေ့သွားတယ်ဗျာ။ sorry ပါ

သတိရတယ်ဗျာ

ပုံလေးတွေပိုပါရင် ပိုကောင်း
အောက်ဆုံးမှာ ရေးသူနာမည်ထည့်ပေးဦး

ဟုတ်! မနက်ကနေညနေထိ ရေးတာဆိုတော့ မျက်လုံးပြာပြီး
မေ့သွားတယ် ဟဲ!

thanks for sharing,brother!
ဆရာ @mgmgkse ပြောသလို စာရေးသူ နာမည် ထည့်ဖို့အရေးကြီးပါတယ်။promotion စည်းကမ်းထဲမှာ ပါတယ်လေ bro!

ဟုတ်ကဲ့ပါ။ နောက်ဂရုစိုက်ပါ့မယ်

thank for sharing

Thanks to provide Great New and Useful Information

thanks for support

Screenshot_337.png

ထောက်နေသော စာပိုဒ်ရှေ့မှ space ကိုဖျက်လိုက်ပါ နိုမို့ဆို pro ကျန်နေခဲ့ပါလိမ့်မယ် ဖုန်းဖြင့်ဖတ်ရသော်လည်း ကွန်ပျူတာဖြင့် ဖတ်မရပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54391.40
ETH 2283.95
USDT 1.00
SBD 2.29