သံသရာကြွေး

in #myanmar7 years ago (edited)

image
သီတင်းကျွတ်လပြည့်ရောက်ဖို့ကလဲ နီး၍လာပြီ။ သက်
ကြီးရွယ်အိုနှင့်မိဘဆွေမျိုးများကို ကတော့ဖို့အချိန်ခါ
ကလဲရောက်လာတော့မည်။ လက်ထဲတွင်လဲ ပိုက်ဆံ
ကမရှိ။ရေထဲမှာအလုပ်လုပ်လျှင်တော့ရသည်။ ယခု
ကုန်းပေါ်ရောက်နေသည်မှာ ၄လ ကျော်ရှိပြီဖြစ်၍ စု
ဆောင်းထားသောငွေတွေလဲကုန်ပြီ။ ထိုအချိန်တွင်
သူငယ်ချင်းယောက်ဖ၏ ကောင်းမှုကြောင့် ဤ
Steemit Myanmar အဖွဲ့တွင်ပါဝင်ခွင့်ရခဲ့သည်။
တတ်သလောက်မှတ်သလောက် စာပေများ၊ ဖြတ်
သန်းခဲ့ရသောဘဝအကြောင်းများနှင့် လုပ်ငန်းခွင်
အကြောင်းများရေးသား၍ SBD များရရှိခဲ့သည်။
ဆရာများ၏ သွန်သင်ဆုံးမမှု ထောက်ပံ့မှု နှင့် အဖွဲ့
ဝင်များ၏ ဝိုင်းဝန်းကူညီ မှုကြောင့် စာအရေးသားအ
နည်းငယ်တိုးတတ်လာသည်ဟုထင်မိပါသည်။(ယခင်
က စားရေးဖို့ဆိုလျှင်စာရွက်တစ်ရွက်ပြည့်အောင်
်တော်တော်စဉ်းစားတွေးတော ယူပြီးရေးရသည်။)
စာရေးရသည်မှာအနည်းငယ်အဆင်ပြေလာသည်။
သို့ပေမယ့်လဲ ကျွန်တော်၏အားနည်းမှုကြောင့်ယခု
အခါ ဘာရေးရမည်ဆိုတာကိုစဉ်းစားမရဖြစ်နေသည်။
ကိုယ်တိုင်ရေးဖြစ်ဖို့ဆိုတော့ တော်တော်စဉ်းစားပြီးရေး
သားရသည်။ မရေးရင်လဲ SBD ရမှမရတာကိုးနော့်။
သူငယ်ချင်းနှင့် ခရီးသွားအကြောင်းရေးသားရအောင်
လဲ ခရီးသွားအကြောင်းရေးသားသောစာတွေကများနေ
လေပြီ။MSC ကအဖွဲ့ဝင်များလဲ မျက်စိနောက်နေ ကြ
မည်မှာအသေအချာပင်။အလုပ်ကြောင်းလဲမရေးချင်
တော့။ အဘယ်ကြောင့်ဆိုသော် စာဖတ်ပရိတ်သတ်
သည် ကိုယ့်နှင့်အကျွမ်းတဝင်မရှိသော အလုပ်အ
ကြောင်းကိုရေးသားလျှင် စိတ်ဝင်စားမှုနည်းလိမ့်မည်
ဟုထင်မိသောကြောင့်ပါ။ နည်းပညာအကြောင်းများ
ရေးသားရအောင်လဲ နည်းပညာကဘာမှမကျွမ်းကျင်။
ဖုန်းတောင် ဖုန်းဆက်ဖို့နှင့် viber သာသုံးတတ်သည်။
ဤမျှလောက် နည်းပညာပိုင်းအရမ်းတော်သည့်ကျွန်
တော်ပါ။ဘယ်လိုပဲ ဖြစ်ဖြစ် SBD ရအောင်တော့စာ
ရေးရပေအုံးမည်။ SBD ရမှ သီတင်းကျွတ် တွင်
"မိဘဆွေမျိုးများ"ကို 'ကန်တော'့ ဖို့အဆင်ပြေမည်။

ထိုကြောင့်ကျွန်တော်နေထိုင်သောတောရွာလေးမှ
သူရင်းငှား သိန်းစိန် အကြောင်းရေးရန် စိတ်ကူး
ရလာသည်။ကျွန်တော်နေထိုင်သောတောရွာကတော့
ကတိုး ကော့နှပ် ဆိုသောရွာလေးဖြစ်ပါသည်။(ကျွန်
တော်တို့ရွာနှင့်ဘေးချင်းကပ်ရွာသည် အင်္ဂလိပ်စစ်အ
စိုးရနှင့် သဘောင်္ပြိုင်ပြေးဆွဲခဲ့သည့် မျိုးချစ်ကြီး 'ဦးနှာ
အောက် 'ရွာ တည်ရှိသည်)။မော်လမြိုင်မြို့ကလာလျှင်
တော့ ၄၅မိနစ် ခန့်ဆိုင်ကယ်မောင်းလာလျှင်တော့ ရွာ
ကိုရောက်သည်။
image
image
image
image
ဦးနာအောက်တည်ခဲ့သောဘုရား
image
ဘုရားဝန်းအတွင်းရှိ ဦးနာအောက်ရုပ်ထု

image
image
image
satellites views

ဒီလိုဗျ။ ။
သိန်းစိန် တို့ရွာသည်သံလွင်မြစ်ဘေးတွင် တည်ရှိပြီး
ဆန်၊ ပဲ၊ နှမ်း တို့အပြင် ကိုင်းများတွင် ငရုပ်၊ ခရမ်းချဉ်
တို့ကိုအဓိကစိုက်ပျိုးသောရွာ ဖြစ်သည်။စိုက်ပျိုးရေး
ကြောင့် ရွာသူရွာသားတို့အတွက် စီးပွါးရေး ပြေလည်
မှုရှိကြသည်။အထူးသဖြင့် သိန်းစိန်တို့ကဲ့သော သူရင်း
ငှားတို့အတွက် လုပ်ငန်းလုပ်ကွက်လစ်လပ်သည်မရှိ။
အလုပ်ရှင် တွေကများလှသည်။ရိုးသားကြိုးစားသော
သိန်းစိန် တို့အတွက်တော့ လွယ်ကူနိုင်သောအသက်
မွေး ဝမ်းကျောင်းမှုပင်ဖြစ်သည်။
လူ့ဘဝတွင် အသက်တစ်ရာမနေရသော်လည်း အမှု
တစ်ရာကြုံရသည်။တနေ့သောအခါ ။ ။
image
- - - - -
"ဟဲ့-သိန်းစိန်၊ နေလည်ကျရင် ငါ့အိမ်ဘက်ခဏလာခဲ့ဦး"
"ဟုတ်ကဲ့ ဒေါ်လေး၊ ဘာခိုင်းချင်လို့လဲ ဗျ"
အေး- တစ်ခုခု ခိုင်းဖို့ပေါ့ဟယ်။ လာမှာသာလာခဲ့စမ်း
ပါ"
မနက်အလုပ်သို့သွားသည့်လမ်းတွင် ဒေါ်ကြာနီ နှင့်ဆုံ
ခဲ့ရာမှ ထိုသို့ပြောလာခြင်းဖြစ်သည်။အရင်ကဆိုလျှင်
တောက်တိုမယ်ရ ခိုင်းလိုတိုင်းလဲ ထိုသို့ခေါ်စမြဲ ဖြစ်၏။
သိန်းစိန် လဲလုပ်ကိုင်းပေးနေကျပင်ဖြစ်သည်။ဒေါ်လေး
ကြာနီ နှင့် သူမှာ အမျိုးတော်သည်ဟုပြောကြသော်
လည်း သွေးအတော်ဝေးမည့်အမျိုးဖြစ်လိမ့်မည်။လယ်
ရှင်ယာရှင်ဒေါ်လေးကြာနီ တို့ကအခြေကြီးအနေကြီး
သူများဖြစ်၏။တကယ်ပင် အမျိုးတော်နေစေခဲ့သည်
ဦးတော့ သူ့လိုမျိုး နေ့လုပ်နေ့စားဆင်းရဲသူ၊ သူရင်း
ငှားမျိုးကို အဖက်လုပ်မည့်ပုံမပေါ်ပေ။

ဒီလိုနဲ့နေလည်ရောက်တော့ ဒေါ်လေးကြာနီအိမ်သို့
လာခဲ့လေသည်။
"လာဟေ့-သိန်းစိန်"
ခြံဝအရောက်တွင် လှမ်းမြင်သောဦးလေးအောင်ကြီး
က အော်ခေါ်ခြင်းဖြစ်သည်။ဦးလေးအောင်ကြီးကို မြင်
ရပုံမှာ လွယ်အိတ်တလုံးနှင့် ခေါင်းပေါင်းနှင့်ဖြစ်၍ တစ်
နေရာရာသို့ သွားတော့မည်ဟန် ပေါ်နေ၏။

"ဦးလေး မြို့သွားမလို့လားဗျ"

အေးကွ၊ အရေးတကြီးကိစ္စပေါ်လာလို့ကွ။ ကြာနီရေ
ဒီမှာ သိန်းစိန်ရောက်လာပြီ။"

ဦးလေးက အိမ်ဘက်သို့လှည့်အော်လိုက်ပြီး-

"ကဲ - သိန်းစိန်ရေ ၊မင့်ဒေါ်လေးနဲ့ ပြောကြပေတော့။
ဦးလေးတော့သွားပြီ။"

ထိုအချိန် ဒေါ်လေးကြာနီ အိမ်ရှေ့သို့ထွက်လာပြီး
"သွားမှာသာ သွားစမ်းပါတော်၊သိန်းစိန် များလောက်
လားအရေးတယူ လုပ်နေရသေးတယ်"

ဒေါ်လေးကြာနီ ၏ အသံကစူးထွက်လာသော်လဲ
ဦးလေးက ဘာမှ မပြောတော့ဘဲလှည့်ထွက်သွား
လေသည်။သူ့ကတော့ ခပ်ယို့ယို့ဖြင့် ဒေါ်လေးကြာနီ
ရှေ့ ရပ်နေမိသည်။
ဒေါ်လေးကြာနီ ကထုံးစံအတိုင်း အသံခပ်မာမာဖြင့်
"သိန်းစိန်၊ နင် လယ်ငှားရပြီလား"

"မရသေးပါဘူး ဒေါ်လေး"

"မနေ့က နင့်ကို ဦးအောင်တို့ လယ်မှာ ငါ တွေ့လိုက်
မိပါတယ်။ ဦးအောင် နင့်ကိုငှားမှာ မဟုတ်လား"

"မငှားရသေးပါဘူး ဒေါ်လေး။ မနေ့ကျွန်တော် အား
နေတာနဲ့ လိုတာလေး နည်းနည်းပါးပါးသွားကူလုပ်
ပေးနေခဲ့တာပါ"
"ဒါဆိုလဲပြီးရော၊ ဒီနှစ်အတွက် ငါတို့လယ်မှာပဲ သူ
ရင်းငှားလုပ်ပေး။ ဒီမှာ နင့်ဦးလေးထားခဲ့တဲ့ ပိုက်ဆံ
တစ်ဝက်"
image
သိန်းစိန် တို့ဒေသ၏ ထုံးစံအတိုင်း အလုပ်အကိုင်
စတင်သည်နှင့် တစ်နှစ်တာ လုပ်ခငွေ ၏တစ်ဝက်
ကိုချက်ချင်းပေးချေလေ့ရှိသည်။
"ကျန်တဲ့တစ်ဝက် ကတော့ထုံးစံ အတိုင်း ကောက်
ငန်းပြီးချိန်မှ ရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။"

"ဟုတ်… ဟုတ်ကဲ့ပါ ဒေါ်လေး။ ဒါဆို ကျွန်တော်မ
နက်ဖြန်ကျရင် စလာလိုက်မယ်နော်"

"ဟဲ့- ပိုက်ဆံ လက်ထဲရောက် နေပြီပဲဟာ၊ ဒီနေ့ပဲ
စလုပ်လိုက်တော့ပေါ့ဟဲ့။ တကတည်းတော် အလုပ်
လုပ်ဖို့များ ဟိုရက်ရွေ့ဒီရွက်ရွေ့ လုပ်နေသေးတယ်။"

"ဟုတ်ကဲ့ ။ ဟုတ်ကဲ့ ။ ဒါဆိုလည်းခုပဲ သွားလုပ်
လိုက်တော့မယ် ဒေါ်လေး။"

ဒီလိုနဲ့ သိန်းစိန် ဒေါ်ကြာနီတို့ထံ အလုပ်လုပ်လေ
တော့သည်။သိန်းစိန်၏ စိတ်ဓါတ်နှင့် အကျင့်ကလဲ
အလုပ်လုပ်လျှင် စိတ်ပါလက်ပါ စေတနာများဖြင့်
အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ပေးတတ်မြဲသာ
ဖြစ်သည်။သိန်းစိန် ၏ မိခင်နှင့်ဖခင် တို့ မတိမ်းပါး
ကြသေးမီကာလ များကတော့ သိန်းစိန်အတွက်
နေတစ်စင်း လတစ်စင်း ရှိသောကောင်းကင်
အောက်၌နေခဲ့ရသလိုပင်။ ဖခင် ဖြစ်သူကလယ်မြေ
အပိုင်တွင် သီးစားဆက်တိုက်ချထား စိုက်ပျိုးကြိုး
စားခဲ့ခြင်းကြောင့် မိသားစု မတောင့်မတပဲ စိုစိုပြေ
ပြေရှိခဲ့ကြရပါပေသည်။သိန်းစိန်မှာ တစ်ဦးတည်းသော
သားလဲဖြစ်ပေသည်။
ကံမကောင်း အကြောင်းမလှသဖြင့် လယ်မြေတွင်
အလုပ်လုပ်နေစဉ် ပိုးထိကာ ဖခင်ဖြစ်သူကွယ်လွန်
လေသည်။ ထိုသို့ ရုတ်တရုတ် ကွယ်လွန်သွားသော
အခါ မိခင်ဖြစ်သူမှာလဲ အကြီးအကျယ် စိတ်ထိခိုက်
ရတော့လေသည်။ဆွေမျိုးအသိုင်းဝိုင်းက နည်းသည့်
သိန်းစိန်တစ်ယောက် ကျောင်းပညာတစ်ပိုင်းတစ်စ
ဖြင့်ရပ်နားပြီး လုပ်ငန်းခွင်အတွင်းခြေစုံပစ် ဝင်ရောက်
ခဲ့ရတော့လေသည်။
image
ကံဆိုးသည့်အခါ မိုးမှောင်လဲ ကျတတ်သည် တူပါ
တယ်။ ဖခင်မရှိတော့ချိန်မှ လယ်မြေများ မှ အထွက်
များလဲ တဖြေးဖြေး ကျဆင်းလာပါတော့သည်။စီးပွါး
ရေးယိုင်နဲ့လာသောအခါ စိတ်များလည်း အားလျော့
သွား ဟန်တူပါသည် မိခင်ကြီးမှာလဲ ရောဂါစုံသလို
ရှိလာခဲ့ရပြန်လေသည်။မကျန်းမာသော မိခင်၏ ဆေး
ကုသစရိတ်များလာသောကြောင့် ဆေးဖိုးရှာရန် လယ်
ယာမြေလေးအား ရောင်းချရန် စီစဉ်လေတော့သည်။
"မရောင်းပါနဲ့လား သားရယ်၊ မင်းအဖေရဲ့လက်ငုတ်
လက်ရင်းကလေးမို့ အမေပြောတာပါ။ အမေ့ရဲ့ ကု
သိုလ်နဲ့ အမေ ရှိပါစေတော့။ဘယ်မြေ မရှိရင် ငါ့သား
ဒုက္ခရောက်လိမ့်မယ်ကွယ့်။"
"ရပါတယ်အမေ… သားကယောင်္ကျားပဲ၊ အမေ့ရော
ဂါပျောက်ဖို့ အရေးကြီးတာပါ။ သား ပြန်ရှာနိုင်ပါတယ်။
အမေသာနေကောင်းအောင်ဆေးမှန်မှန်သောက်ရမယ်
နော်။"

အေးကွဟ် အမေသောက်ပါ့မယ်။ ငါ့သားလေး ဘုန်း
ကြီးပါစေ၊ သက်ရှည်ကျန်းမာပါစေ၊ ကျန်းမာပါစေကွယ်"

သို့သော်လည်းသိန်းစိန်အတွက် အမိကံ အဖကံ နည်း
ပါး၍ပဲ ဖြစ်မည်ထင်ပါသည်။ သိန်းစိန် အသက်ပင် နှစ်
ဆယ်မပြည့်တတ်သေး၊ မိခင်ရော ဖခင်ပါ မျက်ကွယ်
ပြုသွားကြလေပြီဖြစ်၏။လွယ်လွယ်နှင့် အားမလျော့
တတ်သော သိန်းစိန်မှာ နောက်ပိုင်း သူများ၏ လယ်
မြေတွင် သူရင်းငှါး လုပ်ရင်းဘဝကို ရုန်းကန်ခဲ့လေ
သည်။သိန်းစိန် ၏ ရည်ရွယ်ချက် ကတော့ ရလာသမျှ
လုပ်အားခ တို့ကို ကျစ်ကျစ် ပါအောင် စုဆောင်းထား
၍ကွယ်လွန်ခဲ့ပြီးသော အမိ အဖ တို့အတွက်အလှူဒါ
နကြီးတခုခု ကိုပြုလုပ်အမျှတန်းဝေပေးချင်ခြင်းပင်
ဖြစ်သည်။
- - -
"သိန်းစိန် … မင်းကိုဆို ဦးလေးက စိတ်ချပြီးသား။
မင်းရဲ့လုပ်ရည်ကိုင်ရည် အပြင် စိတ်ကောင်းစေတ
နာကောင်းလေးထားတတ်တာလေးပါတော့ ဦးလေး
က ပိုကြိုက်သကွ။ဒါကြောင့် မင့်ဒေါ်လေး ခေါ်ချင်တဲ့
လူကို ဖယ်ပြီး မင်းကို ရွေးခဲ့တာကွ။ ဖြစ်နိုင်ရင် ဦး
လေးတို့လယ်မှာပဲ နှစ်တိုင်းလာလုပ်ပေးစေချင်တယ်
ငါတူရယ်။ လုပ်အားခလဲအများတန်းတူ ရရစေမှာပေါ့"

"ဟုတ်ကဲ့ပါ ဦးလေး…"

သဘောကောင်းသော ဦးလေးအောင်ကြီး ၏ စကား
နှင့် အပြောအဆို တို့မှာ သိန်းစိန် အတွက် နားဝင်ချို
သောလဲ မည်သည့်ရှေးရေစက်ကြောင့်မသိဒေါ်လေး
ကြာနီ ၏ လေသံဟန်ပန်များနှင့်တော့ သဟဇာတ
ဖြစ်မယ်မထင်။နှမြော တွန့်တို ၊ ဘက်လိုက်၍ ဆက်
ဆံတတ်သောဒေါ်လေးကြာနီ နှင့် ဦးလေးအောင်ကြီး
နှင့်မည်သို့ပါင်းဖက်ကြသည်မသိ။ လူကြီးဟူ၍ သိန်း
စိန် တို့က အဆင်ပြေအောင် ပြောဆိုသော်လည်း အ
ပေါ်စီးမှ ခိုင်းစေတတ်သော ဒေါ်လေ၏ အကျင့်က
ကသိကအောက်တော့ ရှိလှသည်။ဒီလိုနဲ့ပဲ မိုးတွင်း
ကာလကုန်ဆုံးသည့် တစ်ခုသောလုပ်ငန်းအဆုံး
သတ်ရက် တွင်ဦးအောင်ကြီးအားဘသိန်းစိန်က ဤ
သို့ပြောမိလေရာ- -

"ဦးလေး… ကျွန်တော့်အလုပ်တွေလည်း လတ်စသတ်
ပြီးဆိုတော့ ကျွန်တော့်ကိုပေးဖို့ကျန်တဲ့ လုပ်ခတစ်ဝက်
ထုတ်ပေးလို့ရပြီလား ခင်ဗျာ…

ဟေ! ဦးလေး ပေးလိုက်ပြီးပြီလေ မောင်သိန်းစိန်
ရဲ့၊ မင်းကို စငှားတဲ့ နေ့ကတည်းက တခြားလူနား
ရောက်သွားမှာ စိုးလို့ ဦးလေး လုပ်အားခ နှစ်ခါမခွဲ
ပဲအကုန်ရှင်းပေးထားခဲ့ လိုက်တာ။ နေဦး။ နေဦး။
မင့်ဒေါ်လေး ကြာနီ ဆီမျာ ကျန်နေသေးလား မေး
ကြည့်လိုက်အုံး။ ဦးလေးကတော့ အစကတည်းက
အကုန်ပေးထားခဲ့လိုက်တာ။"

"ဗျာ- ဟုတ် ဟုတ်။ ကျွန်တော်ဒေါ်လေးကိုပဲမေး
လိုက်ပါ့မယ်"

အေး အေး"

တကယ်ဆိုလျှင် ဦးလေးအောင်ကြီး သည်စိတ်ရင်း
ဖြူသူဖြစ်၍ ပြောသည့်အတိုင်း ဟုတ်မည်ထင်ပါ၏။
ဒေါ်လေးကြာနီ ကပဲမေ့နေ၍ပေပဲလား။ဒေါ်လေကြာ
နီကို မေးသောအခါ
"ဟဲ့- သိန်းစိန်ရဲ့။ ငါပေးပြီးပြီးသားလေ။ နင် ပြန်စဉ်း
စားကြည့်ပါအုံး။ စိတ်နဲ့လူမကပ်တဲ့အပြင် လူကလဲ
နုံပါ့ဟယ်။ ဒါလေးတောင်မမှတ်ထားဘူး။

"ဟင့်အင်း။ မပေးရသေးပါဘူးဒေါ်လေး။ လုပ်ခတစ်
ဝက်ကိုပဲ ဒေါ်လေးကြိုအေးတာပါ။ဒေါ်လေးအမှတ်
မှားတာဖြစ်မှာပါ။"

"နင်မဟုတ်တာ မပြောနဲ့။ငါ့ယောင်္ကျားက ပေးလိုက်
ကတည်းက ငါ နင့်ကိုပေးလိုက်ပြီးသား။ငါတို့က အဲ
သလိုကြိုပြီးအပြည့်ရှင်းပေးခဲ့လို့ နင်ကျေကျေနပ်နပ်
နဲ့ လုပ်ခဲ့တာပဲလေ။သူများနဲ့မတူအောင် ကြိုရှင်းပေး
ထားခဲ့လို့ နင့်အနေနဲ့ အစစအရာရာအောက်ခြေသိမ်း
လုပ်ကိုင်ပေးခဲ့တယ်ဆိုတာကိုလည်း အားလုံးသ
ဘောပေါက်ကြပြီးသားဟဲ့။
ငါကတော့ပေးပြီးသားဆိုတာသေချာလို့နောက်ထပ်
လည်းမထုတ်ပေးနိုင်ဘူး။နင် မကျေနပ်ရင် ကြိုက်တဲ့
နေရာ တိုင်နိုင်တယ်။ဘယ် သူရင်းငှား မှ ပိုက်ဆံကြို
ထုတ်မပေးထားရင် အပိုးကျိုးကျိုးနဲ့ လုပ်မှာမဟုတ်
ဘူးဆိုတာ လယ်ရှင်ယာရှင်တိုင်း ပိုနားလည်တယ်
သိတယ် သိန်းစိန်ရဲ့။"

သိန်းစိန် အတော်စိတ်ပျက်သွားသည်။ဒေါသတို့က
လဲ တရိပ်ရိပ်တက်လာခဲ့ရသည်။လုပ်အားခငွေ တ
ဝက် ကိုစတက်ရသောနေ့မှစကတည်းက ထိုငွေကို
မလျော့သွားအောင် သူထိန်းသိန်းစောင့်ရှောက်ခဲ့ရ
သည်မှာ အသေချာပင် ဖြစ်သည်။ ဟင်းသီးဟင်ရွက်
ပြုတ်ကိုဆားခတ်သောက်ရင်း မနက်ဝမ်း မီးကို ငြိမ်း
စေကာ နေ့လယ်တွင် လယ်ကြီးရှင်တို့ကျွေးသော
ဆန်နီကြမ်းထမင်းဖြင့် တင်းတိမ်အောင် စားခဲ့သည်
မှာ သူနှင့် ကိုယ်စောင့်နတ်တို့ အသိပင်ဖြစ်ပါသည်။

ဒေါ်လေကြာနီ ပြန်ပြီးစဉ်းစားပေးပါဦးဗျာ။
ကျွန်တော် တကယ်ကိုအပြည့်မရသေးလို့ပါဗျာ။"

"ဘာ …နင်က ငါ့ယောင်္ကျားနားဝေတိမ်တောင်ဖြစ်
အောင် ငါတို့ကြားမှာ ကတုန်းကတိုက်လုပ်ဖို့ စိတ်
ကူးနေတယ်ပေါ့လေ။အလားကား အောက်တန်းစား
ကလေကလွင့်၊ ဆွေမဲ့မျိုးမဲ့ အကောင်စားမျိုးက ငါ့
ကိုများ ပြန်ခံပြောရဲသေးတယ်။နင်နဲ့ငါအငြင်းခုံ လုပ်
ဖို့ တူသလားတန်သလားဟဲ့ သိန်းစိန်ရဲ့ ဟင်း…"

တော်… တော်ပါတော့ ဒေါ်လေးကြာနီရယ်။ မရသေး
လို့မရသေးဘူး အမှန်တိုင်းပြောမိတာပါ။ကျွန်တော့်ကို
ဒေါ်လေးမပေးရင် သံသရာကြွေးပါသွားမှာ စိုးလို့ပြော
မိတာပါ။ ကျွန်တော်ကလဲ အလှူတန်းလုပ်ဖို့ ရည်ရွယ်
ထားခဲ့လို့ပါဗျာ။"

နင့်ရဲ့ နှစ်ပဲတစ်ပြားအလှူ ကိုလဲ စိတ်မဝင်စားဘူး။ငါ
အထင်လဲမကြီးဘူး။ ငါ့စကားလဲ ထပ်မပြင်နိုင်ဘူးဟဲ့။"

"ရပါတယ် ဒေါ်လေး၊ ဦးလေးကသာ ပေးခဲ့ရိုးအမှန်
ဆိုရင် ကျွန့်တော့ဘက်ကလဲ လုပ်အားခ တစ်ဝက်ပဲ
ရခဲ့သေးတာအမှန်မို့ ဒေါ်လေးဆီမှာ ကျွန်တော့်လုပ်
အားခတစ်ဝက် အကြွေးကျန်နေမှာပါ။ဒီကြွေးကို
ကျွန်တော်လျှော်မပစ်ဘူးဒေါ်လေး။ဒေါ်လေးဆီမှာ
ကျွန်တော့်အကြွေးရှိတယ်။ ဘဝပြောင်းသွားခဲ့ရင်
တောင် ကျွန်တော်ခွင့်မလွှတ်ဘူးဗျာ။"

စိတ်တိုတိုနှင့် သူ လွှတ်ခနဲ ပြောပြီး ချာခနဲ့လှည့်
ထွက်လာခဲ့လိုက်၏။
ဆဲဆိုသံ ဆောင့်အောင်သံတို့ကိုမကြားသယောင်
ဆောင်ပြီး အိမ်ပြန်လာခဲ့လေသည်။ ဦးလေးအောင်
ကြီး က ဒေါ်လေးကြာနီအား အကုန်ရှင်းသည်ဟု
ပြောခဲ့ပုံအရ ဦးလေးကတော့အမှန်ပင်ပေးလိမ့်
မည်ဖြစ်သည်။ကြားမှ တွန့်တိုသော ဒေါ်လေး၏ မ
လိမ့်တပါတ်လုပ်သည်မျိုးပဲဖြစ်မည်ထင်ပါသည်။
… … …
ထိုသို့ဖြစ်ပျက်ပြီး တစ်နှစ်ခန့် အကြာတွင် ဒေါ်လေး
ကြာနီ နေမကောင်းဖြစ်ရာ ဆေးကုသမှုမခံယူ နီးစပ်
ရာတတ်သလောက်မှတ်သလောက်ဆေးဝါးများ
သုံးစွဲရင်း ကွယ်လွန်သွားရှာလေသည်… …
image

ဒေါ်လေးကြာနီ၏ သံသရာကြွေး စတင်ချိန်မည့်အချိန်
သို့ရောက်ရှိလာပေတော့မည်။
… … …
ဆက်လျက်ဖတ်ရှု့ပေးပါရန် တောင်းဆိုအပ်ပါသည်။

-Tag ကိုမည်သို့တွဲရမည် မစဉ်းစားတတ်၍ ဆရာများ
လမ်းညွှန်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ။

ဦးနာအောက်လှူခဲ့သောဘုရားပုံကိုအခါအားလျော်လျှင်ကိုယ်တိုင်
ရိုက်ပြီး ဦးနာအောက်အကြောင်းရေးသားပါပေမည်။

steemit မှ ဆရာများနှင့် လုအ်ဖော်ကိုင်ဖက်အားလုံး ကျန်းမာ
ချမ်းသာကြပါစေ။
photo by google

writer@ayeminmaung

Sort:  

သံသရာအကြွေးမှာတော့ကြောက်မိသား

တကယ်ကြောက်စရာကောင်းတယ် broရေ။

@reported has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

အမလေးဆရာရယ် ဘယ်ဟာရေးရမယ် စဉ်းစားမရလို့သာဘဲ ကောင်းလိုက်တာ နောက်တစ်ပိုင်းပိုစိတ်ဝင်စားလာပြီ

ကျေးဇူးပါဗျာ။ နောက်တစ်ပိုင်းကပိုစိတ်ဝင်စားအောင် ဇာတ်သိမ်းပါ့မဟ်ဗျာ။ ။

Nice article

သံသရာကြွေးမပါရအောင် ငါ့အကြွေးလေး အရင်ဆပ်ပါအုံးကွာ ဟဲဟဲ

1 sbd လား ယောက်ဖ

စာ​ရေးဆရာအတိုင်းပဲ 😂😂 ​နေုက်​တစ်​ပိုင်းဗျို့

အဲလောက်လဲ မဟုတ်ပါဘူးဗျာ

ဦးနာအောက် အကြောင်း ငယ်ငယ်က ဖတ်ဖူး မှတ်သားဖူးပါတယ်။
အဲ့ရွာကလေးက ဘယ်တိုင်း ဘယ်ပြည်နယ်မှာလဲ ဗျ။
အခါအခွသင့်ရင် အလည်တော့သွားချင်သေးသား။

မွန်ပြည်နယ် မှာပါ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြား
ပေါ့။မော်လမြိုင် ဘားအံ့ သွားတဲ့ လမ်းမဘေးကနေ မိနစ်
၂၀ လောက်ဝင်ရင်ရောက်ပြီ။ အရင်ကတော့ ကားလမ်းမရှိတော့ သံလွင်မြစ်ကပဲ လှေနဲ့သွားလာရတာပေါ့။ အဲလှေဆိပ်က
တော့ မော်လမြိုင် ကျိုက်ဖနဲ ရပ် မှာ ရှိပါတယ်။ အခုတော့ မရှိ
တော့ပါဘူး။ ကားဆိုင်ကယ်နဲ့သာ သွားလာကြပါတယ် အစ်ကို။

စိတ်မကောင်းဘူးဗျာ

ဘာဖြစ်လို့တုန်းဗျာ

ကိုယ်နဲ့ထိုက်တန်တဲ့လုပ်အားခလေးကို မပေး အသီးအရွက်ဆားခပ်သောက် အကုန်ပါဘဲ ဖက်ရတာတော့ကောင်းတယ်

ဟုတ်။ဒီလိုစားပြီးပိုက်ဆံစုတဲ့ လယ်လုပ်သားတွေကို
ငယ်ငယ်ကတွေ့ဖူးတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54391.40
ETH 2283.95
USDT 1.00
SBD 2.29