ပင်လယ်ပျော်တို့၏ ကျန်းမာရေး (သို့) ဂျပန်ကျန်းမာရေးဝန်ထမ်းများ ၏ စိတ်ဓါတ် (၁)
မိတ်ဆွေတချို.နဲ့သူငယ်ချင်းတွေကမေးကြတယ်"'ဘာအလုပ်လုပ်လဲ'''
ကျွန်တော်ကတော့ စိတ်မပါစွာဖြင့် ပြန်ဖြေပါတယ် 'သင်္ဘော သားပေါ့' ။ တချို့မရင်းနှီးသောမိတ်ဆွေများဆို တခြားအလုပ်တခုကိုပဲ လွှဲဖြေလိုက်တယ်။စာဖတ်သူတချို့ကတော့ ထင်လိမ့်မည် ''ဟာ ဘာဖြစ်လို့
သဘောင်္သားလို့ မပြောလဲပေါ့။ " ထိုကဲ့သို့ထင်မြင်ကြပါလိမ့်မည်။
မည်သို့ကြောင့် လွှဲဖြေလိုက်ရသနည်းဆိုလျှင်- - - - - - -
တချို့သောသူငယ်ချင်းမိတ်ဆွေတွေကပြန်ပြောတယ်
"ဟာ ဒေါ်လာစားသူဌေးတွေပဲတဲ့ " ဒီစကားကြားရ
တော့ ကျွန်တော့ရင်ထဲမကောင်းလို့ပါ။ မြန်မာ ရုပ်ရှင်
ဇာတ်လမ်းတွေမှာတော့ သဘောင်္သားဆိုလျှင် တက်တူးနှင့် အဝတ်အစားက အလန်းစား၊ သုံးလိုက်သောငွေ၊ အော်သုံး တာမဟုတ်ဘူး
'ဖြုန်းလိုက်သောငွေ'၊ ဒီကြားထဲ မိန်းမက ရှုပ်၊ ပေါကြောင်ကြောင်ဇာတ်ဝင်ခန်းတွေ မှာ သရုပ်ဆောင်နေကြတော့အများကတော့ ထိုသို့ပဲထင်မှာပေါ့။
သင်္ဘော သားတယောက်ရဲ့ရင်ထဲဘာတွေရှိလဲဘာတွေကြိတ်ခံစားနေရလဲသူတိုမသိကြဘူး။သူတို့မြင်တာက ဒေါ်လာပဲမြင်တယ် သင်္ဘောသား
တယောက်ပြန်လာရင် ရေလျှံတယ်ဆိုတာပဲသူတို့မြင်ကြတယ် သင်္ဘော
ပေါ်ဘယ်လိုဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ပြီးအဲဒီဒေါ်လာငွေရဖို့
့ဘယ်လိုအလုပ်လုပ်ကြရတယ်ဆိုတာမသိကြဘူး။ ကျန်းမာရေး ကုသမှုလဲ သေသေချာချာမရှိ။ ဆေးတွေတော့ရှိပါတယ်။
အများအားဖြင့်" ရွာ "က ယူလာသောဆေးဖြင့်သာ ကိုယ်ဘာသာကိုယ်
ကုကြသည်သာများသည်။(သဘောင်္ပေါ်တွင် မြန်မာပြည်ကို "ရွာ" ဟုခေါ်ပါသည်။)
တချို့ဆိုရင်သဘောင်္မတတ်ခင်ကတည်း "ထီးဖြူ ဖိနပ်ပါး" ပြီးတိုင်ပတ်နေတဲ့လူတွေအများကြီး။ ကိုယ့်ဘဝရပ်တည်ဖို့ကိုယ့်မိသားစုဘဝအဆင်ပြေဖို
့နေပူထဲလက်မှတ်မိတ္တူလေးတွေကိုင်ပြီးကုမ္မဏီတခုဝင်တခုထွက်နဲ့ form လိုက်တင်လိုက်ရတာဖတ်ဖတ်ကိုမောလို့ လိုင်းတခုနဲ့မချိတ်မိမချင်းနေစဉ်
လျှောက်လိုက်ရတဲ့လမ်း ဖိနပ်တောင် ပါးတယ်။သင်္ဘော လိုင်းရပြီးသင်္ဘော ပေါ်ရောက်ပြန်တော့လဲ လူသစ်ဆိုတော့ကိုယ့်အချင်းချင်းပညာပြတာခံရြ
ပြန်တယ်။
ဒီကြားထဲရာသီဥတုဒဏ်ကတမျိုး မုန်တိုင်းမိလို့လှိုင်းကြီးရင်လဲ
"လှိုင်းကြီးလှေအောက် " ဆိုပေမဲ့လဲ ကျယ်ပြောလှတဲ့
ပင်လယ်ပြင်ကြီးဆိုတော့လဲ သင်္ဘော ကြီးဘယ်လောက်ကြီးကြီး စကောထဲဆီးဖြူသီးထည့်လှိမ့်သလိုပဲမတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ဘူး။
အဲဒီအချိန်မှာ တချို့ဆို ထမင်းမစားနိုင်ပဲအိပ်ယာထဲလဲသူကလဲ။
ဒါပေမယ့်လဲကိုယ်တာဝန်ကျရာကိုမလစ်ဟင်းရအောင်အလုပ်ထလုပ်ရပြန်တယ်။အိပ်ယာထဲ လှဲနေလို့တော့ရတာပေါ့။ကိုယ်က လှဲနေရင်
ကိုယ်တာဝန်ကို တခြားလူတွေက ပိုယူရတော့မည်လေ။
သူတို့လဲ မူးကြမှာပဲလေ။ ကိုယ်အလုပ်ချိန်ထက် ဘယ်သူကရောပိုယူချင်ပါ့မလဲ။ တခြားလူတွေက လှိုင်းထဲလေထဲ အလုပ်လုပ်နေတဲ့ အချိန် ကိုယ်ကအိပ်ယာထဲ လှဲနေတယ်ဆိုတော့စိတ်မကောင်းဘူးပေါ့။သဘောင်္သားတိုင်းတော်ရုံ ကျန်းမာရေးလောက်တော့အိပ်ယာထဲ လှဲမနေပါဘူး။ကိုယ်တာဝန်ကိုတခြားလူတွေကို တာဝန်မပိစေချင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် "တစ်လှေတည်းစီး တစ်ခရီးတည်း"သွားနေကြသူချင်းကိုယ်ချင်းစာကြလို့ပါပဲ။
ဒီလိုနဲ့ပဲသင်္ဘော ပေါ်အားတင်းပြီကန်ထရိုက်ပြည့်အောင်
သည်းခံပြီးလုပ် လစာဒေါ်လာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးပြန်လာ
ကြရတယ်ကိုယ့်နိုင်ငံပြန်ရောက်တော့ဒေါ်လာစား သင်္ဘော သားကြီးပေါ့
လူတွေကအထင်ကြီးကြတယ် ဒါပေမယ့် တကယ်တမ်း
ကျတော့ သင်္ဘော သားတွေရဲ့ရင်ထဲကိုဝင်ကြည့်ပြီး
ခံစားပေးမယ့်သူကအလွန်နည်းပါတယ်။ဒါတွေထားလိုက်ပါလေ
ပြောနေရင်လိုရင်းမရောက်တော့။
ကျွန်တော်တို့သဘောင်္ ရုရှားရောက်တော့ ဒီဇယ် လိုမျိုး chemical
တစ်မျိုးတင်တယ်ဗျ။ အဲဒီ chemical ကချွဲကြည့်ကြည့် နဲ့ ချောတယ်ဗျ။
သဘောင်္ကလဲ အဲဒီဆိပ်ကမ်းကိုတခါမှမကပ်ဖူးဘူးဆိုတော့အလုပ်ရှုပ်
တာပေါ့။ အထာမသိဘူးဆိုပါတော့။ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ပျာယာ
ခက်နေတာပေါ့။
အဲလို အလုပ်ရှုပ်နေတဲ့အချိန် ကုန်းပါတ်ပေါ်မှာ chemical တွေ
ယိုကျ နေတာ မသိလိုက်ဘူး။ ပိုက်ပေါက်တာ သော်လည်းကောင်း၊ ပိုက်အဆက်တွေကယိုသော်လည်းကောင်းပေါ့။
အဲလိုအရ်ာတွေ က စီးကျလာတာ မသိသောကျွန်တော် လှေကား
ကလဲ အဆင်း အဲ့ chemical အရည်တတ်နင်းမိပြီး
လဲမလိုဖြစ်တော့ ကိုယ့်ဟန်ချက်ထိန်းလိုက်တာ။မထိန်းနိုင်ဘဲ ခေါက်ကနဲလဲပါလေရော။ ခြေထောက်ခေါက်သွားတာပါ။ ပထမ မထနိုင်။ မည်သူတစ်ဦးတစ်ယောက်မျှလဲ မရှိ။ ဒီလိုပဲ ဖြေးဖြေးချင်းထပေါ့။ကူညီသူမရှိ။
ထော့နင်းထော့နင်းနှဲ့လျှောက်ပြီး အရာရှိတွေကိုအကျိုးကြောင်းပြောပြပေါ့။ သူတို့ကတော့ဒီ ရုရှားမှာ ပြလို့မရဘူးတဲ့။ ထိုင်ဝမ်ဘက်ရောက်မှ ပြတဲ့။
ကျွန်တော်ကလဲ လမ်းနည်းနည်းလျှောက်လို့ရတယ်ဆိုတော့ "ok" ပေါ့။
အဲလိုပဲ ပြောလိုက်ပါတယ်။ ရွာ က ပါတဲ့ဒဏ်ကြေးလိမ်းဆေးတွေဘာတွေလိမ်းပေါ့။ မနက်ဆိုရင် အလုပ်ဇောကြောင့်လားမသိ နာတာတော့ပျောက်တယ်။သေချာတော့ လမ်းမလျှောက်နိုင်ဘူး။
ဒါပေမယ့် ညဘက်ရောက်ရင် ကိုက်လာရော။ ခြေထောက်တစ်ဖက်ကို ထိန်းလျှောက်ရတဲ့အတွက် ပေါင်ပါ တန်းချင်သလိုဖြစ်လာတယ်။နောက်ဆုံး ခါးပါ နာလာတယ်။ဘယ်လိုမှ အလုပ်လုပ်လို့မရတော့။ အဲချိန် ပင်လယ်ပြင်ပေါ်သဘောင်္ ခုတ်မောင်းတုန်းပဲ ရှိသေးတယ်။
ထိုင်ဝမ်မရောက်သေး။ ကိုးရီးဟားအရာရှိကတော့ ပြန်ချင်လို့
ဇာတ်လမ်းထွင်တာပဲလို့ထင်နေသည်။ ထိုင်ဝမ်မရောက်ခင် စာဝင်လာ
သည်။
ဆေးခန်းပြဖို့မသေချာ လို့ပြောသည်။ သဘောင်္ကလဲ တစ်ရက်ပဲ ကမ်းကပ်တာကိုး။ အချိန်မရှိဘူးလေ။ပြီးတော့ တိုင်ပေ သို့ဆေးကုဖို့ စာတင်ရအုံးမည် ဘာညာပေါ့ဗျာ။
မပြရလဲပြန်မယ်လို့ပြောလိုက်တယ်။ သူတို့ကြိုးစားကြည့်အုံးမဟ်တဲ့။
ကျွန်တော်လိုပဲမြန်မာ အင်ဂျင်နီယာ တစ်ယောက်လဲ ခြေမ ခြေစွယ် ငုတ်တာခြေမတစ်ခုလုံးပုပ်သလိုဖြစ်နေပြီ ဆေးခန်းမပြရသေး။
သူလဲ ထောနင်းထော့နင်းဖြစ်သာ အလုပ်ချိန်ဆိုလဲ အလုပ်လုပ်ရပါသည်။ဒီလိုနဲ့ ထိုင်ဝမ် မရောက်ခင် တစ်ရက် စာဝင်လာသည်။ ဆေးခန်းပြရမည် ။။ ။။ဆေးစာရပြီပေါ့။ အဘယ်ကြောင့်မြန်သွားလဲလို့ စဉ်းစားမရ။ ဘာကြောင့်လဲဆိုတော့ကိုးရီးယား စက်ချုပ်က သွားကိုက်လို့ဆိုပြီးဆေးခန်းပြမယ်
ဆိုသောကြောင့်မြန်သွားခြင်းဖြစ်သည်။
ကျွန်တော်တို့မြန်မာလူမျိုးဆို လူလို့မထင်။ သူတို့လူမျိုးဆိုချက်ချင်း။(ကိုးရီးယား လူမျိုးအများစု ပြောပါတယ်။) သွားကိစ္စသည် သဘောင်္ company နှင့်မဆိုင်ပါ။ ကိုယ်ပိုက်ဆံ နှင့်ကိုယ်ကုရသည်။ Korea နိုင်ငံဆိုလျှင် ဈေးအရမ်းကြီးသည်။
ကျွန်တော်ပြောချင်တာက သဘောင်္ပေါ်မှာ တခုခုဖြစ်လျှင်ဆေးခန်းပြေးလို့မရပါဘူး။ ကိုယ်ဘာသာကိုယ်ကုရတာ များပါတယ်။ ကုန်းပေါ်မှာလိုမျိုး ဆေးခန်းပြေးလို့မရပါ။ အလုပ်ချိန်ပျက်ပြီး နားဖို့အဆင်မပြေပါ။ယုတ်မာသောအထက်အရာရှိ ဆိုလျှင် ဆေးခန်းပြဖို့ပိုဝေးသွားနိုင်သည်။
ဂျပန်နိုင်ငံ ဆေးရုံ နှင့် ဆေးရုံဝန်းထမ်းများ အကြောင်းကိုတော့နောက်
အခန်းဆက်မှပြောပြပါမည်။
<ဆက်လျှက်ဖတ်ရှု ပေးပါခင်ဗျာ။>
steemit myanmar မှ ဆရာများ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းသင်းများကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။
writer@ayeminmaung
@ayeminmaung Excellent Tale. Awesome you ended up in the position to hustle your way out of your respective condition.
thanks a lot…
Nice article fri
thanks
thank
Congratulations @ayeminmaung! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ထောက်စရာမရှိအောင်ကောင်းလာပါတယ်။ မြန်မာစာကို မြန်မာစိတ်အပြည့်နဲ့ အလေးထားလာလို့ကျေးဇူးတင်ပါတယ်။ ဆရာ့သူငယ်ချင်း ဆက်သွယ်ရေးအင်ဂျင်နီယာ သင်္ဘောသားတစ်ယောက်ကပြောတယ်၊ ကုန်းပေါ်ကလူတွေထက်မိုက်လို့ သင်္ဘောလိုက်နေတာတဲ့။
ဟုတ်မယ် ဆရာ။ မိုက်ရူးရဲဆန်တာလေ ။ ဟဲ
ကြုံရဆုံရတဲ့ ဒုက္ခတွေကလည်း မသေးဘူးဗျနော့်။
အေးဗျ ...လူတွေက ရတာပဲ မြင်တာ ခုလိုမျိုးတွေလည်းကြုံရဆုံရတယ် ဆိုတာလေးတွေလည်း သိသင့်ပါတယ်။
သဘောင်္သား ဘဝက တော်တော်ကို မလွယ်တာပါ။
ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ ဆိုသလိုပေါ့ဗျာ။
Take care and Fighting.
သိပ်ဟုတ်တာပေါ့အစ်ကို။ မုန်တိုင်းအဖျားခက်သွားရက်တောင် သဘောင်္ထဲ
မှာ မွစာတတ်နေပြီ။ ကျန်းမာရေးလဲ ထိ၊ လူမှုရေးဘက်မှာလဲအားနည်းတယ် အစ်ကိုရေ။လူအများစုက အတွင်းကျကျမသိပဲ အပေါ်ယံပဲကြည့်ပြီး
ပြောကြတာကိုးဗျ နော့်။ ဘယ်အလုပ်မဆိုသူ့အခက်ခဲနှင့်သူရှိကြတာပဲလေ။
ဂျပန်ကျန်း
ကျနော့ ဘလော့ကို လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ။
အကို့ post တွေကောင်းတယ်။
အားပေးရမှာပေါ့ဗျာ steemit ညီအစ်ကိုတွေပဲ။ post ကောင်းတယ်ဆိုလို့ ကျေးဇူးပါဗျာ့။
ပင်လယ်ထဲ စိတ်ကူးလေးနဲ့ ရွှက်လွင့် အလိုလေး သာယာလိုက်တာ အကိုတို့ အတွေ့အကြုံတွေ ဖတ်ရတော့ မလွယ်ပါလား
ဟူတ်တယ် မလွယ်တာများတယ် bro. သာယာတဲ့သဘောင်္ကရှားတယ်