Once Upon A Time in Myanmar (3)

in #myanmar7 years ago

image
Rumplestillskin က သူ့လက်ထဲက မြန်မာငွေအကြွေအချို့ကို ထုတ်လိုက်ပြီးနောက် လက်နှင့်ခါလိုက်ရာ အခိုးအငွေ့များနှင့်အတူ မြန်မာငွေစက္ကူများထဲမှ စီးကရက်များစွာထွက်လာလေသည်။ ထိုစီးကရက်များကိုကိုင်ကာ မှော်တုတ်တံကိုကိုင်မြှောက်ထားသကဲ့သို့ စီးကရက်ကို ကိုင်ရင်းကောင်းကင်ကို ကိုင်မြှောက်ထားလိုက်ရာ စီးကရက်ထဲမှ ခြင်္သေ့ရုပ် အများအပြားထွက်သွားပြီးနောက် ကြက်ဆူသီးများကို တိုက်ခိုက်ကာရံလိုက်လေသည်။ ခဏနေတော့ ကြက်ဆူမိုးများမရွာသွန်းတော့။
Auro Karshine။ ။ Yes, that's the point!
(ဟုတ်တယ် . . ဒါမှအဓိကအချက်)
Regina။ ။ Why cigarette is the main point?
(စီးကရက်က ဘာလို့အဓိအချက်ဖြစ်ရမှာလဲ)
Rumple။ ။ The word Cigarette in Myanmar conbined with three alphabets "Sa", "Ka" and "Ra". "Ra" is an alphabet means to lose and other alphabets mean a lady who named . . .
(စီးကရက်ဆိုတဲ့ စကားလုံးက မြန်မာလိုဆိုရင် စ၊ က နဲ့ ရ ဖွဲ့စည်းထားတာပြီး ရ စကားလုံးက "ရှုံး" လို့ အဓိပ္ပာယ်ရပြီး ကျန်တဲ့ စနဲ့ က ကတော့ အမျိုးသမီးတစ်ဦးရဲ့နာမည်ဖြစ်တဲ့ . . .)
Auro Karshine။ ။ Stop it! You don't have right to call her real name if not she can use her power 66D on us.
(တော်တော့ . . ခင်ဗျားမှာ သူ့နာမည်ကိုခေါ်ခွင့်မရှိဘူး . . တကယ်လို့သာ ဒီနာမည်ကိုခင်ဗျာခေါ်ခဲ့ရင် သူ့ရဲ့ 66D အစွမ်းအသုံးချတာကို ကျွန်တော်တို့ခံရလိမ့်မယ်)
Regina။ ။ Well, stop the quarrels now. Okay Auro, Now I have your heart. By the power of the heart, I command you to take me to your general now.
(ကဲ . . .ငြင်းခုန်တာတွေ တော်ကြတော့ ဒီမှာ Auro ငါ့ဆီမှာ မင်းရဲ့နှလုံးသားရှိတယ်နော် . . မင်းရဲ့နှလုံးသားနဲ့ ငါအမိန့်ပေးတယ် . . .မင်းရဲ့အကြီးအမှုးဆီကို အခုပဲခေါ်သွားပေးပါတော့)
နှလုံးသားကို ကိုင်ပြီးခိုင်းစေသောအမိန့်ကြောင့် Auro Karshine လည်း မရှောင်လွှဲနိုင်ဘဲ သူ့ရဲ့ ညာဘက်လက်ကို အပေါ်သို့ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်အငွေ့များနှင့်အတူ သူတို့အားလုံးပျောက်ကွယ်သွားကြသည်။ Rumplestillskin ကတော့ တစ်ကိုယ်တည်းကျန်ခဲ့ပြီး အောက်ပါအတိုင်းသာပြောလိုက်ပါတော့သည်။
Rumple။ ။ Have a nice trip Dearie, Don't forget I still have you and yourboyfriend's first kiss. Heeheeheehee
(ကောင်းမွန်တဲ့ခရီးလေးတစ်ခုဖြစ်ပါစေ . . ငါ့မှာ မင်းနဲ့မင်းရဲ့ချစ်သူတို့ပထမအနမ်းရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့)
××××××××××××××××××××
၂၀၁၃ ခုနှစ် နိုဝင်ဘာလ . .။
Auro Karshine တစ်ယောက်တည်း ကျောက်စိမ်းတည်းခိုခန်းထဲမှာ ရှိနေချိန်ဖြစ်သည်။ စာအုပ်သာဖတ်နေရသော်လည်း သူ့နားထဲမှာ Rumplestillskin ပြောတဲ့စကားသံများကို ပြန်လည်ကြားယောင်နေမိလေသည်။ သူက တကယ်ပဲ မိုးကြယ်စင်ထံမှ သူလိုချင်သောအချစ်ကို ဆောင်ကျဉ်းပေးနိုင်မည်တဲ့လား . ။
Rumplestillskin။ ။ Miss me?
(ကိုယ့်ကိုလွမ်းနေလား . )
အသံလာရာကို လှည့်ကြည့်လိုက်မိလေတော့ Rumplestillskin က သူ့အခန်းထဲမှာ။
Auro Karshine။ ။ How did you get it here? I also locked my room inside.
(ခင်ဗျားဒီထဲကို ဘယ်လိုလုပ်ဝင်လာတာလဲ . . ကျွန်တော့်အခန်းကို ကျွန်တော်သေချာအထဲကနေ သော့ပိတ်ထားတာပါ)
Rumple။ ။ Portaled, leave it, it's not matter, the matter is . . . are you ready to make some adventures with your boyfriend?
(မှော်ဂိတ်တံခါးနဲ့လာခဲ့တာပါ . . ထားပါတော့၊ ဒါကအရေးမကြီးပါဘူး . . . အရေးကြီးတာက မင်း . . မင်းချစ်တဲ့သူနဲ့အတူတူ ချစ်သူဖြစ်ပြီး စွန့်စားခန်းကြီးဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား)
Auro Karshine။ ။ Yes . . Now? Now . . can I get love from him?
(ဒါပေါ့ . အခုလား . . အခုသူ့အချစ်ကိုရနိုင်ပြီလား)
Rumple။ ။ Just take a look at what I'm bring, dearie.
(ငါ ဘာကိုယူခဲ့လဲဆိုတာပဲ ကြည့်ပါဦး)
Rumple က ပြောရင်းနှင့်ပင် သူ့ရဲ့ဆုပ်ထားတဲ့ လက်သီးလေးကို ဖွဖွလေးဖြည်ပြလိုက်တော့ အထဲမှာ အလွန်ပင်လတ်ဆတ်ကာ ရဲရဲတောက်လျက်ရှိသော အနီရောင်နှင်းဆီပွင့်လွှာလေးကိုတွေ့ရလေသည်။ နှင်းဆီပွင့်လွှာလေးကတော့ အလွန်နူးညံ့နေသယောင်ပြနေသဖြင့် ကြွေကျသွားမည်စိုးပြီး ကိုင်မတောင်မကိုင်ရဲသယောင်။
Auro Karshine။ ။ Rose Petal? what's that for?
(နှင်းဆီပွင့်လွှာလား . . ဒါက ဘာအတွက်လဲ)
Rumple။ ။ This isn't odinary, it's an enchanted rose petal from my Castle. Enchanted by a witch who turned me into a beast. But now it's over. And power remains only for true love. Like as me and my Belle.
(ဒါက သာမာန်မဟုတ်တဲ့ မှော်နှင်းဆီပွင့်လွှာလေးပါ။ ငါ့ရဲ့ ရဲတိုက်က ယူလာခဲ့တာပေါ့။ ဒီမှော်နှင်းဆီလေးကိုမှော်ပညာနဲ့ စီရင်ခဲ့တဲ့သူကတော့ အခြားမဟုတ်ဘူး။ ငါ့ကို သားရဲတစ်ကောင်အဖြစ် ပုံစံပြောင်းပေးခဲ့တဲ့ စုန်းမကိုယ်တိုင် စီရင်ပေးသွားတာပါပဲ။ အခုတော့ ကိစ္စအားလုံးပြီးသွားပြီဖြစ်တဲ့အတွက် အချစ်စစ်ရဲ့ မှော်အစွမ်းတွေပဲ ဒီထဲမှာ ကျန်ရှိပါတော့တယ်။ ငါနဲ့ ငါ့ချစ်သူ ဘဲလ် လိုပေါ့)
Auro Karshine။ ။ How can I use the petal?
Rumple။ ။ Not just these petals, take this scissor. This scissor can cut processing of the destinations of fate.
(ဒီနှင်းဆီပွင့်ချပ် သပ်သပ်တင်မဟုတ်ပါဘူး . . ဒီကပ်ကြေးလေးကိုလည်း ယူထားပါ။ ဒါက ကံတရားရဲ့စီမံသတ်မှတ်ချက်တွေကို ဖြတ်တောက်ပစ်နိုင်ပါတယ်။)
Auro Karshine။ ။ Cut the destination? for what?
(ကံတရားသတ်မှတ်စီမံမှုကိုဖြတ်ရမယ်တဲ့လား . .ဘာအတွက်လဲ)
Rumple။ ။ Next year of January, Moe Kyal Sin's fate was also destined to love with a guy named "Min Ko Ko" each other. So don't lose your hope because of the path dearie.
(လာမယ့်နှစ်သစ်ရဲ့ ဇန်နဝါရီလမှာ မိုးကြယ်စင်ရဲ့ကံကြမ္မာမှာ မင်းကိုကို ဆိုတဲ့ကောင်လေးနဲ့ ချစ်သူဖြစ်ရမယ်လို့ သတ်မှတ်ပြီးသားပါ။ ဒီတော့ ဒီကြမ္မာကြောင့် မင်းရဲ့မျှော်လင့်ချက်တွေမပျောက်ဆုံးပါစေနဲ့)
Auro Karshine။ ။ So . . this petal?
(ဒါဆို ဒီနှင်းဆီပွင့်ချပ်က. . .)
Rumple။ ။ You have to go to KTV now with him, and put the petal inside your phone's back cover. Don't waste your time. Take a bath now and call him to meet at a KTV. NOW!!!
(မင်းသူနဲ့ KTV ကို အတူသွားရမယ် . . . အဲ့အခါ အဲဒီနှင်းဆီပွင့်ချပ်လေးကို မင်းဖုန်းရဲ့ အနောက်အဖုံးထဲမှာထည့်ပြီးဆောင်သွားပါ။ အချိန်မဖြုန်းပါနဲ့တော့ . .ခုချက်ချင်း ရေချိုးပြီး သူနဲ့အတူ KTV သွားချင်ကြောင်းဖုန်းဆက်လိုက်ပါ)
Rumplestillskin ကတော့ သူပြောချင်ရာတွေ ပြောပြီးနောက် အခိုးအငွေ့များနှင့်အတူ ပြန်လည်ပျောက်ကွယ်သွားလေတော့သည်။ Rumplestillskin ပျောက်ကွယ်သွားသော်လည်း ကတ်ကြေးနှင့် နှင်းဆီပွင့်လွှာက ကျန်ရစ်နေဆဲ . . . .။

ဒါက အိပ်မက်မဟုတ်တာတော့ သေချာနေပါပြီ။ ဒါဆို ဘာကိုစောင့်နေတော့မှာလဲ . . ။ ချက်ချင်းရေချိုးပြီး သူနဲ့အတူ KTV ကိုသွားဖို့ ချိန်းရန်သာရှိပါတော့သည်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine

Sort:  

အဲ့ဒီဇာတ်ကားအရမ်းကြိုက်တာလေ shake bro!

Hey @aurokarshine, great post! I enjoyed your content. Keep up the good work! It's always nice to see good content here on Steemit! :)

Release the Kraken! You got a 1.18% upvote from @seakraken courtesy of @honeysara!

Coin Marketplace

STEEM 0.14
TRX 0.23
JST 0.031
BTC 83984.44
ETH 2068.83
USDT 1.00
SBD 0.63