မျှဝေလိုသော စာအုပ်များနှင့်တစ်နေ့တာ
မနေ့ကကျွန်တော်တူလေး
တစ်ယောက်ရဲ့(၂)နှစ်ပြည့်မွေးနေ့
လေ။ကျွန်တော့်ကိုလာခဲ့ဖို့ဖိတ်တော့
မွေးနေ့လက်ဆောင်ဘာပေးရမလဲ
စဉ်းစားရတော့တာပေါ့။အဲ့ဒါနဲ့
ဟိုတစ်လောတုန်းကPostတစ်ခုရေး
ဖို့ကုန်ကြမ်းရှာရှင်းနဲ့တွေ့ထားတဲ့
စာအုပ်ကလေးကိုသတိရမိသွား
တယ်။အဲ့ဒီစာအုပ်ကတော့
မြင့်မိုရ်မေမေစာပေကထုတ်တဲ့
စာအုပ်လေးကိုပါ။
ကလေးက(၅)နှစ်မပြည့်သေးပေမဲ့
ဒီစာအုပ်ထဲကပုံပြင်လေးတွေကို
ပြောပြထားလို့ကြားဖူးနားဝရှိနေရင်
ကျောင်းတက်တဲ့အခါလွယ်ကူစေမယ်
ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပါ။
အဲ့ဒါနဲ့မြို့ထဲမှာရှားရှားပါးပါး
စတိုးဆိုင်နှင့်စာအုပ်ဆိုင်တွဲဖွင့်ထား
တဲ့ဆိုင်လေးဆီသွားခဲ့ပါတယ်။
မပြည့်စုံမှန်းသိပေမဲ့ ရလို့ရငြားဆိုတဲ့
စိတ်လေးနဲ့သွားကြည့်ခဲ့တယ်။
ကျွန်တော့်ဆုတောင်းမပြည့်ခဲ့ပါဘူး။
လိုချင်တဲ့စာအုပ်ကလေးမရခဲ့ဘူးပေါ့
။အဲ့ဒါနဲ့ပဲ မနက်မနက်ပဋ္ဌာန်းရွတ်ဖို့
ပါဠိ-မြန်မာပြန် ပဋ္ဌာန်းစာအုပ်ပဲ
ဝယ်လာခဲ့တယ်။
ဒါနဲ့မွေးနေ့ကလည်းရပ်ကွက်ထဲက
ကလေးတွေကိုကြက်သားဆန်ပြုတ်
တိုက်တာဆိုတော့ကိုယ်လည်း
မကြိုက်တာနဲ့မသွားဖြစ်ခဲ့ရဘူး။
ဒါနဲ့Facebookပေါ်မှာသတင်း
တစ်ခုတွေ့ခဲ့တယ်။ဒီနေ့ရှစ်မျက်နှာ
ဘုရားဝင်းထဲမှာပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနက
ဦးစီးကျင်းပတဲ့ ကလေးစာပေပြပွဲ၊
ရှားပါးစာအုပ်ပြပွဲနှင့်စာဖတ်ရှိန်
မြှင့်တင်ရေးစာအုပ်ဈေးရောင်းပွဲ
တော်ရှိတယ်ဆိုတာကိုသိလိုက်ရတယ်။
ရေငတ်နေတဲ့ သူရေတွင်းထဲ
ကျဆိုသလိုပဲပြောရလေမလား?
လိုတရ ပြည့်တယ်ဘဲပြောရမလား?
ပျော်သွားတာတော့အမှန်ပဲဗျ။
ဒါနဲ့မနက်(၉)နာရီစဖွင့်ဖွင့်ချင်း
ပြေးတော့တာပဲ။ကျွန်တော်ရောက်
တော့ဆိုင်ခန်းတွေခင်းနေတုန်းဘဲ
ရှိသေးတယ်။ဆိုင်ခန်းက(၁၀)ခန်း
နီးပါးတော့ရှိမယ်ထင်တယ်ဗျ။
အဲ့ဒါနဲ့ကျွန်တော်လိုချင်တဲ့စာအုပ်ကလေး
ကိုဆိုင်ပေါက်စေ့လိုက်
ရှာတော့ကံမကောင်းပြန်ဘူး။
မတွေ့ဘူးပေါ့ဗျာ။ဒါပေမဲ့ကျေနပ်
လောက်တဲ့စာအုပ်မျိုးလေးတွေ
တော့သွားတွေ့ရတယ်။အဲ့ဒါကတော့
ကလေးလေးတွေအတွက်KGတန်း
မရောက်ခင်မြန်မာစာ၊အင်္ဂလိပ်စာ၊
သချာင်္တို့ကိုလွယ်လွယ်ကူကူသင်လို့
ရအောင် ရေးဆွဲထားတဲ့ စာအုပ်လေး
တွေကိုတွေ့လိုက်ရပါတော့တယ်။
ဒါလေးတွေဆိုရင်လည်း
မဆိုးဘူးပေါ့နော်။ဒါလေးတွေဘဲ
ဝယ်လာခဲ့တယ်။အဲ့ဒီဆိုင်မှာဘဲ
နောက်ထပ်တွေ့တာ
"ဂရုမစိုက်ခြင်း အနုပညာ"စာအုပ်ပါပဲ။
တကယ်ဆိုကျွန်တော်ဒီစာအုပ်
ကိုဖတ်ပြီးပါပြီ။Onlineပေါ်ကနေ
Downloadဆွဲပြီးဖတ်ထားတာပါ။
ဒါပေမဲ့ စာအုပ်လေးကိုထပ်ဝယ်
လာပါတယ်။သူငယ်ချင်းတစ်ယောက်
ဖြစ်ဖြစ်မွေးနေ့ပွဲအရေးပေါ်ကြုံလာ
ရင်အဖုံးလေးချုပ်၊ သူ့ဓာတ်ပုံလေးထည့်၊
ဆုတောင်းစာလေးရေးပြီးပေးမယ်ပေါ့။
ဟဲ ဟဲ😀😀ဒါဆိုရင် ကလေးလေးကို
ဘာလို့ကျွန်တော်စာအုပ်ဘဲဝယ်ပေး
ချင်နေတာလဲဆိုတာကိုစာဖတ်သူ
တွေနားလည်လောက်မယ်ထင်ပါ
တယ်။ဘယ်သူ့ဘဲမွေးနေ့လက်ဆောင်
ပေးပေးစာအုပ်ပေးရင်အကျိုးရှိမယ်
ဆိုတဲ့ အစွဲတစ်ခုကျွန်တော့်မှာ
ရှိနေလို့ပါ။ဒါကလည်းကောင်းသော
အစွဲလို့ထင်ပါတယ်။မွေးနေ့မရောက်
ခင်သူငယ်ချင်းကိုမေးတယ်။
စာအုပ်ဘဲဝယ်ပေးရမလား?
SD Cardထဲမှာစာအုပ်(၁၀၀)ကျော်
လောက်ထည့်ပေးရမလား?
စာအုပ်တွေကိုLaptopထဲမှာ
ကျော်မျိုးခိုင်Handlerခေတ်ကတည်း
ကOoredoo တစ်ကတ် 500MBနဲ့
ဂုန်းဆင်းထားတာလေ ဟီး ဟီး😄
တချို့သူငယ်ချင်းတွေကလည်း
မျက်စိအားနည်းလို့ဖုန်းနဲ့ဖတ်ရတာ
အဆင်မပြေဘူးဆိုရင် သူတို့မဖတ်
ရသေးတဲ့စာအုပ်မျိုးကိုဝယ်ပြီး
လက်ဆောင်ပေးလိုက်တယ်။
ဒါလေးကတော့ ကျွန်တော်ကျင့်သုံး
နေတဲ့အလေ့အကျင့်လေးတစ်ခုပါ။
ဝက်ဝံရုပ်တွေဘာတွေဝယ်ပေးရတာ
မျိုးကိုလည်းအလွယ်တကူလုပ်တယ်
လို့ထင်မိလို့ခုလိုလေးအတွေးဝင်ခဲ့တာပါ။
ဒါနဲ့အိမ်ပြန်ရောက်တော့
ဂရုမစိုက်ခြင်းအနုပညာစာအုပ်
လေးကို လှန်မိတယ်ဗျ။
အရင်ဆုံးတွေ့လိုက်ရတဲ့ဆောင်းပါး
အမည်က"မကြိုးစားနဲ့"တဲ့။
ဘဝမှာအဓိကနှင့်သာမညကိုခွဲခြား
တတ်ဖို့၊အရေးမပါတဲ့ကိစ္စတွေ
အတွက်စိတ်ညစ်မခံဖို့၊
အဖက်မလုပ်သင့်တဲ့ကိစ္စတွေ
အချိန်ကုန်မခံဖို့ စတဲ့ စတဲ့
အကြောင်းအရာတွေကိုဖတ်လိုက်
ရတော့ ကျွန်တော့်ကိုကျွန်တော်
ဟား တိုက်မိပါတော့တယ်။
ဘာလို့လည်းဆိုတော့ ရနိုင်ခြေနည်း
မှန်းသိတဲ့စာအုပ်ကိုလိုချင်မှုကြောင့်
မရတဲ့အခါ မနေ့ကလည်းဆိုင်ကို
အပြစ်တင်မိတယ်။ဒီနေ့လည်းဆိုင်
ကိုအပြစ်တင်မိတယ်။ဘာမှမဟုတ်
တဲ့ပြဿနာလေးတွေအတွက်
စိတ်အနှောင့်အယှက်အဖြစ်ခံခဲ့ရ
တယ်။ပထမတစ်ခါဖတ်တုန်းက
ဒီလောက်တိုက်ဆိုင်မှုမရှိတော့
ကိုယ့်ကိုယ်ကို သတိမထားခဲ့ပါဘူး။
အခုမှဘဲ ကျွန်တော့်ကိုကျွန်တော်
ပြန်မြင်လာအောင်စာအုပ်လေးက
လှောင်ပြောင်သရော်နေသလိုပါပဲ။
ဒါနဲ့ဘဲ ဒီစာအုပ်လေးကိုဖတ်ဖို့
တိုက်တွန်းမယ်ဆိုပြီးSteemitပေါ်
ကိုPostတစ်ခုအဖြစ်ပြောင်းလဲလိုက်
ရပါတော့တယ်။ဒီစာအုပ်ဟာရောင်း
အားကောင်းလွန်းလို့ဒုတိယအကြိမ်
တောင်ပြန်လည်ထုတ်ဝေထားတာပါ။
ဖတ်ပြီးတဲ့သူတွေလည်းဖတ်ပြီးကြမှာ
ပါ။ဖတ်ပြီးရင်လည်းကိုယ်ကြိုက်တဲ့
အချက်လေးတွေကိုcommentမှာ
ရေးပေးသွားလို့ရပါတယ်ဗျာ။
Steemit Userတွေလည်းစာဖတ်ခြင်း
ဖြင့်အသိပညာဗဟုသုတတိုးပွား
ကြပါစေလို့ဆန္ဒပြုရင်း။ ။
Credit Photos:Facebook and
My Photos
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138
အဲ့စာအုပ်လေး နာမည်ကြီးနေတာကြာပြီ ဒါပေမဲ့ မဖတ်ရသေးဘူး
တင့်ပါး ဖတ်သင့်ပါတယ်ဘုရား
စိတ်ကူးကောင်းလေးပါဘဲ မောင်လေးရေ
ဟုတ် စိတ်ကူးလေးတွေနဲ့postဖြစ်အောင်
ကြံဖန်ရတာပေါ့ဗျာ
အဲဒီစာအုပ်မဝယ်ဖတ်ရသေးဘူး။
ဖတ်ကြည့်ပါ အစ်မရေ တကယ်ကောင်းတယ်
အခုလို ညွှန် ပြပေးတာ ကျေးဇူးပါ
ရပါတယ် ဝေမျှတဲ့သဘောပါပဲ
ဂရုမစိုက်ခြင်း အနုပညာ ကျွန်မလည်း ကြိုက်တယ်။onlineကတော့ ဆွဲထားပြီးပြီ။အကုန်တော့ မဖတ်ရသေးဘူး။
ဆက်ဖတ်ဦးအစ်မ တကယ်ကောင်းတယ်
စာပေတွေနဲ့ ကမ္ဘာကြီးကို ဝန်းရံကြစို့
အစ်ကိုကတော့ အဲ့လိုစကားလေးတွေပြောင်မြောက်မှုအမြဲရှိတယ်
ဘယ်စာကိုပဲဖတ်ဖတ် အကျိုးရှိအောင်ဖတ်ဖို့ပဲအရေးကြီးတာပါပဲ
အမှန်ပဲပေါ့ကိုစိုးရာ
ကျွန်တော်လည်းဝယ်ဖတ်အုံးမှပါဗျာ
ဟုတ် တကယ်ကောင်းလို့ဖတ်သင့်ပါတယ်ဗျာ